|

ဒုတိယအကြိမ်မြောက် ရန်ကုန်ဘားကမ့်အား စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

ဒုတိယအကြိမ်မြောက်ရန်ကုန်ဘားကမ့်အား စည်ကားသိုက်မြိုက်စွာ ကျင်းပမည်


မကြာမီ ရက်သတ္တပတ် အတွင်း ကျင်းပတော့မည် ဖြစ်သည့် ဒုတိယ အကြိမ်မြောက် ရန်ကုန် ဘာကမ့် အား ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့မှ ၂၀ (စနေ နှင့် တနင်္ဂနွေ) နေ့တွင် ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ မြန်မာ အင်ဖိုတက် တွင် ကျင်းပတော့မှာ ဖြစ်ပါတယ်။

အဆိုပါ ရန်ကုန် ဘားကမ့် ၂၀၁၁ ၏ အဓိက Official Partner မှာ Yatanarpon Web Portal ဖြစ်ပြီး Main Sponsor ကတော့ ဇေကမ္ဘာ ကုမ္ပဏီမှ ဖြစ်ကြောင်း သိရှိရပါတယ်။ ထို့အပြင် Inforithm-Maze ကုမ္ပဏီ၊ မြန်မာဘလော့ဂ်ဂါများ အဖွဲ့၊ Prime Art၊ Kaspersky နှင့် Delux တို့မှ ပွဲဖြစ်မြောက်ရေးအတွက် ပူးပေါင်း ပါဝင်ထားကြပြီး မီဒီယာ အခန်းကဏ္ဍ ကိုတော့ အင်တာနက် ဂျာနယ်မှ တာဝန်ယူထားကြောင်း သိရပါတယ်။
ထို့အပြင် ဘားကမ့်ရန်ကုန် ဖြစ်မြောက်ရေးအတွက် အဖွဲ့ဝင် ၂၀ ကျော်ရှိသည့် အဖွဲ့ကိုလည်း ဖွဲ့စည်း ထားပြီး စေတနာ့ ၀န်ထမ်း ၁၀၀ ကျော်မှလည်း ကူညီဆောင်ရွက်ပေးသွား မှာဖြစ်ပါတယ်။ ထို့အတူ ဘားကမ့်ရန်ကုန်ပွဲ ကျင်းပမည့် မြန်မာ အင်ဖိုတက်အတွင်း လူဦးရေ ၃၀၀၀ ခန့်တက်ရောက် နိုင်သော အခန်းပေါင်း ၁၀ ခန်းနှင့် ဆွေးနွေး ဟောပြောကြမည့် အကြောင်းအရာများ ကိုလည်း တစ်ခုကို ၄၅ မိနစ် ခန့်ဆွေးနွေး နိုင်ရန် စီစဉ်ထားပြီး ဖြစ်ကြောင်း သိရပါတယ်။

ယခုကျင်းပမည့် ဒုတိယ အကြိမ်မြောက် ရန်ကုန်ဘားကမ့်အား နိုင်ငံတကာမှ အိုင်တီပညာရှင် ၂၀ ကျော် ခန့် တက်ရောက်ရန်ရှိကြောင်း နှင့် ယမန်နှစ် ဇန်န၀ါရီလ အတွင်း ကျင်းပခဲ့သော ရန်ကုန်ဘားကမ့် ထက် လူဦးရေ ပိုမိုများပြားစွာ တက်ရောက်သွား နိုင်ရန် မျှော်လင့်ထားကြောင်း ပွဲကျင်းပရေး တာဝန်ရှိသူများမှ ပြောကြားသွားပါတယ်။

ထို့အပြင် မြန်မာနိုင်ငံအတွင်း ကျင်းပသော ဘားကမ့်မှာ တတိယအကြိမ်မြောက် ဖြစ်ပြီး ပထမ အကြိမ်မှာ ၂၀၁၀ ခုနှစ် ဇန်န၀ါရီလ တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ပြီး၊ ဒုတိယ အကြိမ်အား ယခု ၂၀၁၁ခုနှစ် ဖေဖ၀ါရီလ ၁၂ ရက်နေ့မှ ၁၃ ရက်အထိ မန္တလေးမြို့တွင် ကျင်းပသွားမှာ ဖြစ်ပါတယ်။

ယခုကျင်းပမည့် ဒုတိယအကြိမ်မြောက် ဘားကမ့်ရန်ကုန်အား တက်ရောက်လိုသူများသည့် အွန်လိုင်းမှ တဆင့်လည်း မိမိတက်ရောက်မည် ဖြစ်ကြောင်း မှတ်ပုံတင်သွားနိုင်ပြီး ထိုကဲ့သို့ အွန်လိုင်းမှ တဆင့် မှတ်ပုံတင်သွားပါက ပွဲအတွင်းပေးမည့် လက်ဆောင်များ၊ T-Shirt များကို ဦးစားပေး စနစ် အနေဖြင့် ရရှိသွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်။ အွန်လိုင်းမှ တဆင့် မှတ်ပုံတင်ခြင်းကို ပြုလုပ်သွားမည် ဆိုပါက အောက်ပါ Link ကို နှိပ်သွား ရမှာဖြစ်ပြီး မိမိ၏ ကိုယ်ရေးအချက်အလက်များကို ဖြည့်စွက်ပြီးသွားပါက ရရှိလာသော ဖြတ်ပိုင်းအား Print out ထုတ်ကာ ဘားကမ့်ရန်ကုန် ပွဲသို့ယူဆောင်လာရမှာဖြစ်ပါတယ်။

ဘားကမ့်ရန်ကုန်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များနှင့် ထုတ်ပြန်ကြေငြာချက်များကို www.barcampyangon.org တွင် ၀င်ရောက်ကြည်ရှုနိုင်ပြီး ပွဲကျင်းပနေစဉ် အတွင်းတွင်လည်း ပြောဆို ဆွေးနွေးမှုများကို အချိန်နှင့် တပြေးညီလွှင့်တင်ပေးရန် စီစဉ်ပေးထားကြောင်း ဖော်ပြလိုက်ရပါတယ်။

Posted by Unknown on 11:21 AM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response