|

မြန်မာနိုင်ငံ ၌ မတ် ၁ ရက် တွင် တနင်္လာဂြိုဟ် နှင့် သောကြာဂြိုဟ် ပူးမည်

၂၀၁၁ ခုနှစ်၊ မတ် ၁ ရက် မြန်မာ စံတော်ချိန် နံနက် ၁၀ နာရီ ၉ မိနစ် တွင် မြန်မာနိုင်ငံ ကောင်းကင် ပြင် ၌ တနင်္လာ ဂြိုဟ်(လ)နှင့် သောကြာ ဂြိုဟ် ပူးမည့် ဖြစ်စဉ် တစ်ခုရှိကြောင်း နက္ခတ္တ ဗေဒ ပညာရှင် ဆရာ ဦးဇေ ယျာကို က တွက်ချက် ပြောကြား ခဲ့ သည်။

"ယိုင်ထောင့် အကွာအဝေး ဂြိုဟ် ပူးတဲ့ တစ်ဒီဂရီ တွင်းဖြစ်လို့ အား ကောင်း တဲ့ ဂြိုဟ်ပူး ယှဉ်မှုလို့ သတ် မှတ် နိုင်ပါတယ်။ ဂြိုဟ်ပူးမယ့် ရာသီက မကာရရာသီမှာ ပူးတယ်။ ဂြိုဟ် ရပ်တည်မှာ က အရှေ့ လောင်ဂျီ ကျု ၆၇ ဒီဂရီ ၂၈ မိနစ်နဲ့ တောင်လတ္တီကျု ၁၇ ဒီဂရီ ၅၅ မိနစ်မှာ ဖြစ်လို့ သြ စတြေးလျ တိုက်နဲ့ အနောက် ဘက် အိန္ဒိယ သမုဒ္ဒရာမှာ တနင်္လာဂြိုဟ် နဲ့ သောကြာ ဂြိုဟ်ပူးမယ်။ ပူးနေ တဲ့ အချိန် နေထွက်လို့ မြင်တွေ့ ခွင့်မရဘူး။ အနီးဆုံး ရပ်တည်တဲ့ ဖြစ်စဉ်ကို အဲဒီ နေ့ နံနက် ၄ နာရီ ၂၅ မိနစ် ကနေ အရုဏ်တက် အချိန်ထိ အရှေ့ဘက် မိုးကောင်းကင် ကို ကြည့်နိုင်တယ်။ သောကြာဂြိုဟ် ကို လရဲ့ အနား မှာ နီးကပ်ပြီး တည်ရှိတာ တွေ့ရမယ်။ ဇန် န၀ါရီလ ၃၀ ရက်က မြန်မာ စံတော်ချိန် နံနက် ၁၀ နာရီ ၅ မိနစ်မှာ မိုးကောင်း ကင်မှာ ပူးတာ မြင်ရတယ်။ တနင်္လာ ဂြိုဟ်နဲ့ သောကြာဂြိုဟ် ပူးချိန်က သြ စတြေး လျ၌ အားပြင်းတဲ့ မုန်တိုင်းဖြစ် စဉ်တစ်ခု ဖြစ်ပွား ခဲ့ပါတယ်။ အခုဖြစ် မယ့် ဖြစ်စဉ်ဖြစ်ပြီး တစ်ပတ် အတွင်း အိန္ဒိယ သမုဒ္ဒရာ ထဲမှာ မုန်တိုင်း ဖြစ်ဖို့ အလားအလာ ရှိတယ်။ သက်ရောက် နိုင်တာက သြစတြေးလျ၊ အရှေ့ တောင် အာရှ နိုင်ငံအချို့နှင့် ထိုင်းနိုင်ငံ တောင်ဘက်ပိုင်း ဒေသ ကမ်းရိုးတန်း တွေမှာ မုန်တိုင်း အကျိုးဆက် ကြုံတွေ့ ရနိုင်ပါတယ်။ သောကြာဂြိုဟ် နဲ့လ ပူးတာ တစ်လမှာ တစ်ကြိမ်ဖြစ်ပေမယ့် အခု လိုမျိုး မြန်မာနိုင်ငံ ကောင်းကင်ပြင် မှာ ပူးတဲ့ဖြစ်စဉ်က ငါးနှစ်မှာ တစ်ကြိမ်၊ နှစ်ကြိမ်ခန့်သာ ဖြစ်ပါတယ်" ဟု နက္ခတ္တ ဗေဒပညာရှင် တစ်ဦးဖြစ်သူ ဆရာ ဦးဇေယျာကို က တွက်ချက် ပြောကြား သည်။

Posted by Unknown on 12:33 PM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response