ထိုင်းအသင်းကို နိုင်ပြီး အာရှကို ခြေတလှမ်းတိုးလိုက်တဲ့ မြန်မာ အမျိုးသမီး ဘောလုံးအသင်း

ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့မှာ ကျင်းပနေတဲ့ အာရှ အသက် ၁၉ နှစ်အောက် အမျိုးသမီး ဒုတိယ အကျော့ အုပ်စုခြေစစ် ပွဲစဉ်တွေမှာ မြန်မာအသင်းနဲ့ ထိုင်းအသင်းတို့ Play-off ဖိုင်နယ် ပွဲစဉ် ယှဉ်ပြိုင် ကစားကြရာမှာ မြန်မာအသင်းက ဒုတိယပိုင်းမှာ ရရှိခဲ့တဲ့ လင်းဥမ္မာထွန်းနဲ့ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ၂၀၁၃ မှာ ကစားမယ့် အာရှအမျိုးသမီး ဖိုင်နယ်ပွဲစဉ်မှာ ဆင်နွှဲဖို့ ခြေစစ်ပွဲ အောင်သွားခဲ့ပြီ ဖြစ်ပါတယ်။

မြန်မာအသင်းမှာ လူစာရင်းဟာ အုပ်စုပွဲတွေက လူစာရင်းအတိုင်း အပြောင်းအလဲသိပ်မရှိဘဲ ပွဲထွက်လာပြီး စုနန္ဒာလွင်က ဒဏ်ရာကနေ ပြန်သက်သာလာကာ ပါဝင်လာပြီး ကွင်းလယ်မှာ အချိတ်အဆက်မိမိ ကစားသွားတာကို တွေ့ ရပါတယ်။

ဂိုး – မေဇင်နွယ်

နောက်တန်း – အေးအေးမိုး၊ ခင်ဇာဇာဝင်း၊ လင်းဥမ္မာထွန်း၊ ခင်သန်းဝေ (အသင်းခေါင်းဆောင်)

အလယ်တန်း – ၀င်းသိင်္ဂီထွန်း၊ မေစံပယ်ဖူး၊ ငုဝါသဲ ၊ စုနန္ဒာလွင်

ရှေ့တန်း – နီလာဝင်း၊ မေသူကျော်တို့ ဖြစ်ကြပါတယ်။

ပထမပိုင်းမှာ နှစ်ဖက်အသင်းစလုံး တဖက်နဲ့တဖက် ရှိန်နေကြပြီး တဖက်အသင်းရဲ့ အမှားကိုစောင့်ကာ တန်ပြန်တိုက်စစ်တွေနဲ့သာ ဂိုးသွင်းဖို့ ကြိုးစားခဲ့တာ တွေ့ရပါတယ်။ အထူးသဖြင့် မြန်မာအသင်းမှ ဘယ်တောင်ပံ တိုက်စစ်ဟာ ထိုင်းအသင်းကို တချက်တချက် ခြိမ်းခြောက်နိုင်ခဲ့ပြီး ထိုင်းအသင်းက ကွင်းလယ်မှာ ဘောလုံးကိုင်ကစားရာမှာ မြန်မာအသင်းထက် သာလွန်ခဲ့တာကို တွေ့ရပါတယ်။

ဒုတိယပိုင်းမှာတော့ နှစ်ဖက်စလုံး အနိုင်ဂိုးရရှိရေး စတင် တိုက်စစ်ဖွင့် ကစားရာမှာ ပွဲဟာ ပိုကြည့်ကောင်း လာပါတယ်။ မြန်မာအသင်းရဲ့ ဂိုးကိုတော့ ၆၇ မိနစ် လောက်မှာ ဘယ်တောင်ပံ တိုက်စစ် ကနေ ပေါက် ထွက်လာရာ ရှေ့တန်းလူ မေသူကျော်က ထောင်ဖြတ်တင်ပေးလိုက်တာကို လင်းဥမ္မာထွန်းက အချိန် မီလျှောထိုးပြီး မြန်မာအသင်းအတွက် အဖိုးတန် ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ မြန်မာအသင်း အနိုင်ဂိုးရ အပြီးမှာ ထိုင်းအသင်းက ချေပဂိုးရရှိရေးအတွက် အစွမ်းကုန် ကြိုးပမ်းရာမှာ မြန်မာအသင်းဟာ လက်ကျန် အချိန်တွေမှာ ခံစစ်နဲ့သာ အချိန်ကုန်ခဲ့ရပြီး ပွဲကြည့်ပရိသတ်တွေအတွက် နှလုံးခုန်နှုန်း မြန်စေခဲ့တဲ့ ပွဲတပွဲဖြစ်ပါတယ်။

ဒါပေမယ့် မြန်မာအမျိုးသမီးလေးတွေရဲ့ အရှုံးမပေး စိတ်ဓာတ်ကြောင့် ထိုင်းအသင်းဟာ ပွဲပြီးချိန်အထိ စိုးမိုးနိုင်ခဲ့ပေမယ့် ချေပဂိုးမရရှိခဲ့ဘဲ မြန်မာအမျိုးသမီးလေးတွေ အတွက်တော့ ကြိုးစားမှုစိတ်ဓာတ်ရဲ့ ရလဒ် အဖြစ် နိုင်ငံ့ဂုဏ်ဆောင်တဲ့ အမျိုးသမီးလေးတွေအဖြစ် မှတ်တမ်းဝင်သွားပြီ ဖြစ်ပါတယ်။

မြန်မာအသင်းဟာ အာဆီယံဒေသတွင်းမှ တသင်းတည်းသော အသင်းအဖြစ် ခြေစစ်ပွဲ အောင်သွား တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၁ တုန်းက ခြေစစ်ပွဲအောင်ထားတဲ့ အိမ်ရှင်ဗီယက်နမ်ကို အုပ်စုပွဲစဉ်မှာ ၂-၁ နဲ့ ခက်ခက်ခဲခဲကစားပြီး အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၁ ခုနစ်တုန်းက ကျင်းပခဲ့တဲ့ အာရှ အသက် ၁၉ နှစ်အောက် ပြိုင်ပွဲမှာ ဂျပန် အသင်းက ဗိုလ်စွဲထားတာဖြစ်ပြီး ပြိုင်ပွဲပုံစံဟာ ခြေစစ်ပွဲအောင်တဲ့ အသင်းကြီး ၆ သင်း တအုပ်စုထဲမှာ ပတ်လည်ကန်ပြီး အမှတ်အများဆုံးအသင်းကို ဗိုလ်ဆွဲစေတဲ့စနစ်ကို ၂၀၁၁ မှာ စတင်ကျင့်သုံးစေခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၁ တုန်းက နောက်ဆုံးအုပ်စုပတ်လည် ဖိုင်နယ် ပွဲစဉ်တွေမှာ ဂျပန်၊ မြောက်ကိုရီးယား၊ တရုတ်၊ တောင်ကိုရီးယား၊ သြစတြေးလျနဲ့ ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာအမျိုးသမီးအသင်း အတွက်တော့ အခုလို ခြေစစ်ပွဲအောင်ခဲ့တာဟာ ၂၀၀၇ ခုနစ်နောက်ပိုင်း ပထမ ဆုံးအကြိမ်အဖြစ် ပြန်လည် ခြေစစ်ပွဲ အောင်ခဲ့ခြင်းဖြစ်ပြီး ပုံမှန်ခြေစစ်ပွဲ အောင်မြင်နေတဲ့ ထိုင်းအသင်းနဲ့ ဗီယက်နမ်အသင်းတို့ကို ခက်ခက်ခဲခဲ ကျော်ဖြတ်ပြီး ခြေစစ်ပွဲအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၃ မှာ ပြုလုပ်ကျင်းပမယ့် ပြိုင်ပွဲအတွက် အိမ်ရှင် နိုင်ငံကို မကြာမီ အာရှဘောလုံး အဖွဲ့ချုပ် က ကြေငြာသွား မှာ ဖြစ်ပြီး ခြေစစ်ပွဲအောင်တဲ့ အသင်းများထဲမှ တသင်းသင်းကို ဦးစားပေးအိမ်ရှင် ပြုလုပ် ခွင့် ပေးသွားမှာ ဖြစ်ပါတယ်။

4:03 PM | Posted in | Read More »

လန်ဒန်အိုလံပစ် မာရသွန်ပွဲတွင် နီလာဆန်း အဆင့်၁၀၅သာရရှိ



သြဂုတ်လ ၅ရက်နေ့ ကျင်းပခဲ့သည့် လန်ဒန်အိုလံပစ် မာရသွန်အပြေးပြိုင်ပွဲတွင် မြန်မာအပြေးမယ် နီလာ ဆန်း အဆင့်၁၀၅သာ ရရှိခဲ့သည်။ အကွာအဝေး၂၆ မိုင်ကျော်၊နိုင်ငံပေါင်းစုံမှ ကစားသမား ၁၁၈ယောက် ဝင်ရောက်ယှဉ်ပြိုင်သည့် အထက်ပါပြိုင်ပွဲ တွင် မြန်မာအပြေးမယ် နီလာဆန်း အဆင့်၁၀၅ ရရှိ ခဲ့ခြင်းဖြစ်သည်။

အီသီယိုးပီးယားအပြေးမယ် တီကီဂီလာနာက ၂နာရီ ၂၃ မိနစ်ဖြင့် ပန်းဝင်ကာ လန်ဒန်အိုလံပစ် မာရ သွန်ပြိုင်ပွဲ၏ ရွှေတံဆိပ်ဆုက ရယူခဲ့သည်။ အသက်၂၇နှစ်ရှိ မြန်မာအပြေးမယ် နီလာဆန်းက ၃နာရီ ၄မိနစ်၂၇စက္ကန့် ဖြင့် ပန်းဝင်ခဲ့သည်။ ဝင်ရောက်ယှဉ်ပြိုင်သည့် ကစားသမား ၁၁၈ယောက်တွင် ၁၀၇ယောက် ပန်းဝင်နိုင်ခဲ့ပြီး၊ ကစားသမား ၁၁ယောက် ပန်းမဝင်နိုင်ခဲ့ကြပေ။ လန်ဒန်အိုလံပစ်တွင် မြန်မာနိုင်ငံမှ အားကစားသမား၆ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်ထဲတွင် နီလာဆန်းသည် နောက်ဆုံးဝင်ရောက် ယှဉ်ပြိုင် သည့် အားကစားသမားဖြစ်သည်။ သြဂုတ်၎ရက်နေ့ က ကျင်းပသည့် မီတာလေးရာ အပြေးပြိုင်ပွဲ တွင်လည်း မြန်မာအပြေးသမား ဇော်ဝင်းသက် အကြိုခြေစစ်ပွဲ ၈ယောက်ပြိုင်သည့်ပွဲတွင် အဆင့်၈သာရပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။

2:08 PM | Posted in | Read More »

ဆုတံဆိပ်နဲ့ နိုင်ငံ့အားကစား အချိုးအစား တွက်ကြည့်ရာဝယ်



လန်ဒန် မြို့မှာ ကျင်းပနေတဲ့ အိုလံပစ် အားကစား
 ပြိုင်ပွဲကြီးဟာ တနင်္ဂါနွေနေ့မှာ ကိုးရက်မြောက်နေ့ ကို ရောက်လာပါပြီ။

တနင်္ဂါနွေနေ့ဝက်လောက်အချိန် ရွှေတံဆိပ် ဆုစာရင်း ဇယား ထိပ်ဆုံးမှာဆိုရင် အမေရိကန်က ၂၇ ခု၊ တရုတ် နိုင်ငံက ၂၅ ခု၊ ဗြိတိန်က ၁၄ ခု ရရှိထား ပါတယ်။

ဒါပေမယ့် ဒီလို ဆုရတဲ့ ဆုအရေအတွက်ကို ကြည့်ပြီး ယေဘုယျအားဖြင့် ဘယ်နိုင်ငံက အားကစား ပိုတော် တယ်လို့ ပြောဖို့တော့ ခက်တယ်၊ စာရင်းဇယားတွေဟာ တကယ်တော့ သူတို့ရဲ့ ကိန်းဂဏန်း တန်ဖိုးတွေထက် ကြည့်တဲ့သူ အပေါ်မှာလည်း မူတည်တတ် ပါတယ်လို့ ဘီဘီစီ သတင်းထောက် မာတင် ပလောက်က ဆိုပါတယ်။

တရုတ်နိုင်ငံဆိုရင် အိုလံပစ်မှာ အစဉ်အလာအားဖြင့် ရွှေအပါအဝင် ဆုတံဆိပ်တွေ အများကြီး ရတတ်ပြီး သူ့ရဲ့ လူဦးရေ သန်းပေါင်း ၁ထောင့် သုံးရာကျော်ထဲကနေ အတော်ဆုံး အားကစားသမားတွေကို ရွေးရတာမို့ တခြားနိုင်ငံတွေထက် တပန်းသားပါတယ်။

အမေရိကန်ဆိုရင်တော့ နိုင်ငံကလည်း ချမ်းသာတယ်၊ ပစ္စည်းပစ္စယ ပြည့်စုံတယ်၊ လေ့ကျင့်မှု နည်း စနစ်တွေ ကောင်းမွန်တဲ့အတွက် ဆုတံဆိပ်တွေ လောလောဆယ် အများဆုံးရနေတာလို့ ယေဘု ယျ ကောက်ချက် ချနိုင်ပါတယ်။

ဒါပေမယ့် တခြားနည်းလမ်းတွေနဲ့လည်း တွက်ချက်ကြတာတွေလည်း ရှိလာပါတယ်။

ယူကေအခြေစိုက် ဂါးဒီယန်းတသင်းစာကနေ တော်ဝင်စာရင်းအင်းအဖွဲ့အစည်းကို နည်းလမ်းတမျိုးနဲ့ တွက်ချက်မှု လုပ်စေခဲ့ပါတယ်။

GDP လို့ ခေါ်တဲ့ ကုန်ထုတ်လုပ်မှု အနည်းအများနဲ့ တွက်ရင် ဘယ်နိုင်ငံတွေက ဆုတံဆိပ်ဇယားမှာ ထိပ်ဆုံး က ရှိမလဲဆိုတော့ ငွေတံဆိပ်၊ ကြေးတံဆိပ် ရထားတဲ့ မွန်ဂိုးလီးယားက ထိပ်ဆုံးက ရှိနေပြီး၊ မြောက် ကိုးရီးယားနဲ့ ဂျမေကာတို့ကတော့ ဒုတိယ၊ တတိယ လိုက်မှာပါ။ ကုန်ထုတ်လုပ်မှု အနည်းဆုံးနဲ့ ဆုရတဲ့ သူတွေပါ။

လူဦးရေ အချိုးအဆနဲ့ ဆုရမှု အချိုးအစားကို ကြည့်မယ်ဆိုရင်တော့ တရုတ်ဟာ လူများသလောက် ဆုမများ ဘူးလို့ ဆိုနိုင်ပြန်ပါတယ်။ အဲဒီတွက်ချက်မှု စနစ်မှာ နယူးဇီလန်က ထိပ်ဆုံးမှာ ရှိနေပါတယ်။ လူနည်းပြီး ဆုအများဆုံး ရတဲ့အထဲမှာ နယူးဇီလန်ပြီးရင် ဆလိုဗေးနီးယားနဲ့ ဒိန်းမတ်တို့က နောက်က လိုက်ပါတယ်။

နောက်တွက်ချက်မှုကတော့ တိုက်ကြီးတွေအလိုက် တွက်ချက်မှုပါ။ ဒီနေရာမှာ တွက်ဖို့ နည်းနည်းခက်တာက ရရှားဟာ ဥရောပဘက်ရော၊ အာရှဘက်ရော ပါနေတာပါ။ ဥရောပဘက်ခြမ်းမှာ သူ့လူဦးရေက အများ ကြီးနေလို့ ဥရောအနေနဲ့ ထားပြီး တွက်ကြည့်မယ်ဆိုရင်တော့ ဆုအများဆုံးရတာက ဥရောပ တိုက် ဖြစ် ပါတယ်။ ဆု ၅၃ ခု ရထားပါတယ်။ သူ့နောက်မှာတော့ အာရှ၊ အမေရိကနဲ့ အာဖရိကတို့က လိုက်ပါတယ်။

12:58 PM | Posted in | Read More »

အွန်လိုင်းမှာ Landon Olympic 2012 Games ကြည့်ရန်

အွန်လိုင်းမှာ Landon Olympic 2012 Games ကြည့်ရန် website (5) ခု


(1) Official Olympic Channel

(2) NBC Olympics

(3) Olympic.org

(4) CTVOlympics YouTube Channel

(5) The Guardian

အားလုံးပဲ အဆင်ပြေကြပါစေ 

4:49 PM | Posted in | Read More »

နေပြည်တော် vs ဧရာဝတီ ယူနိုက်တက် ပွဲစဉ်

နေပြည်တော် FC ဘောလုံး အသင်းကို အားပေးသူ နာမည်ကြီး အနုပညာရှင် များသည် နေပြည်တော် FC ဘောလုံးအသင်း၏ Fan Club အဖွဲ့ဝင် အဖြစ် ပါဝင်ပြီး နေပြည်တော် အသင်း ယှဉ်ပြိုင်မည့် အိမ်ကွင်းပွဲစဉ်များတွင် ပရိသတ်များကို ဖျော်ဖြေမှုများ ပြုလုပ်ပေး 


2012 MNL ဒုတိယ အကျော့မှ နေပြည်တော် အသင်း၏ အိမ်ကွင်း ပွဲစဉ်များတွင် ADMA Media Co.,Ltd. ၏ စီစဉ်မှုဖြင့် အနုပညာရှင်များက ဖျော်ဖြေမှုများ ပြုလုပ်ပေးခဲ့ပြီး လက်ရှိအချိန်တွင် နေပြည်တော် အသင်း Fan Club အဖွဲ့ဝင်အဖြစ် တရားဝင် ပါဝင်ကာ ဖျော်ဖြေမှုများအား ဆက်လက် ဆောင်ရွက်သွားရန် သဘော တူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။ နေပြည်တော် အသင်း ယှဉ်ပြိုင်ခဲ့သည့် ဧရာဝတီ ယူနိုက်တက်၊ ရတနာပုံ၊ ချင်းယူနိုက်တက်၊ ရက္ခပူရ ယူနိုက်တက် တို့နှင့် ပွဲစဉ်များတွင် အနုပညာရှင်များက နေပြည်တော် အသင်း၏ အိမ်ကွင်းဖြစ်သော ပေါင်းလောင်းကွင်းတွင် ဖျော်ဖြေတင်ဆက်မှု များ ပြုလုပ်ပေးခဲ့ကြ သည်။ နေပြည်တော် အသင်း၏ Fan Club ကို အသစ်ပြန်လည် ဖွဲ့စည်းထားပြီး နာမည်ကြီး အနုပညာရှင် များ ဖြစ်သည့် သူထူးစံ၊ မြင့်မြတ်၊ နေမင်း၊ ဖိုးချစ်၊ ဇာနည်၊ ကျော်ကျော်ဗို၊ ဟန်ထူးလွင်၊ အောင်လ စသူတို့ ပါဝင်နေပြီး နေပြည်တော် FC Fan Club ၀င် အနုပညာ ရှင်များ စာရင်းကို ဖေါ်ပြအပ် ပါသည်။


နေပြည်တော် အသင်း၏ Fan Club အဖွဲ့ဝင် အနုပညာရှင်များ -


(၁) မြင့်မြတ်
(၂) သူထူးစံ
(၃) နေမင်း
(၄) ဇာနည်
(၅) ဒါရိုက်တာ ၀င်းထွန်းထွန်း
(၆) ဖိုးချစ်
(၇) ဆိုတေး
(၈) ကျော်ကျော်ဗို
(၉) ထွန်းထွန်း
(၁၀) အိချောပို
(၁၁) မင်းသွေး
(၁၂) မိုးယံဇွန်
(၁၃) ဝေမင်းမောင်
(၁၄) သင်ဇာဝင့်ကျော်
(၁၅) ခရစ္စတီးနား
(၁၆) ရွှေစင်
(၁၇) စန္ဒီ (၁၅၀၀)
(၁၈) M ဆိုင်းလူ
(၁၉) နွယ်နွယ်ထွန်း
(၂၀) မိုးမြင့်သဇင်
(၂၁) ဆုထက်ကုဋေ
(၂၂) အိဖြိုးချယ်ရီ
(၂၃) နန်းမြတ်ဖြိုးသင်း
(၂၄) သီရိရှင်းသန့်
(၂၅) ခေမာ (Behop Music)
(၂၆) ပန်းအိ (Behop Music)
(၂၇) စုနန္ဒာ (Behop Music)
(၂၈) နောနော်
(၂၉) Jenny
(၃၀) ဟက်ကက်
(၃၁) L လွန်းဝါ
(၃၂) အောင်လ
(၃၃) ဟန်ထူးလွင် (Big Bag)
(၃၄) ထူးအယ်လင်း
(၃၅) M ဆိုင်း











 






 
  




11:14 AM | Posted in , | Read More »

အိုလံပစ်မှာ နေ့အလိုက် မျှော်လင့်နိုင်စရာ

လန်ဒန် အိုလံပစ် အားကစားပွဲတော်ကြီး စတင် ကျင်းပဖို့ တစ်ရက်ပဲ လိုပါတော့တယ်။

ဖွင့်ပွဲကျင်းပမဲ့ ပင်မ အားကစားကွင်းကြီး

ဇူလိုင် ၂၅

အိုလံပစ်ပွဲတော်ရဲ့ တရားဝင်ဖွင့်ပွဲက ဇူလိုင် ၂၇ သောကြာနေ့ ဖြစ်ပေမဲ့ တစ်ရက်အလို ဒီကနေ့မှာ ပဲ ဘောလုံးပွဲတွေ စကစားတော့မှာပါ၊ အိမ်ရှင် ဗြိတိန် အမျိုးသမီး အသင်းဟာ ဖွင့်ပွဲ ပွဲစဉ်အဖြစ် နယူးဇီလန် အမျိုးသမီး အသင်းနဲ့ လန်ဒန် စံတော်ချိန် ညနေ လေးနာရီမှာ စပြီး ကစားမှာပါ။

တခြားအမျိုးသမီးပွဲတွေထဲမှာ အမေရိကန် နဲ့ ပြင်သစ်၊ ဂျပန် နဲ့ ကနေဒါ၊ မြောက်ကိုရီးယားနဲ့ ကိုလံဘီယာ အသင်းတွေလဲ ကစားကြဖို့ ရှိပါတယ်။

ဇူလိုင် ၂၆

ဒီကနေ့မှာတော့ အမျိုးသား ဘောလုံးပွဲစဉ်တွေ စ ကစားမှာပါ၊ အိမ်ရှင် ဗြိတိန်အသင်းဟာ ဆီနီဂေါနဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ကစားမှာ ဖြစ်ပါတယ်။ တခြားပွဲစဉ်တွေထဲမှာတော့

စပိန်နဲ့ ဂျပန်၊ မက္ကဆီကို နဲ့ တောင်ကိုရီးယား၊ အီဂျစ် နဲ့ ဘရာဇီး တို့လဲ ကစားကြမှာဖြစ်ပါတယ်။

ဇူလိုင် ၂၇

အိုလံပစ် အားကစားပွဲတွေ လန်ဒန် စံတော်ချိန် ည ၉ နာရီမှာ ထူးထူးခြားခြား အစီအစဉ်တွေနဲ့ အိုလံပစ် အားကစားကွင်းကြီးထဲမှာ အခမ်းအနားတွေ စဖွင့်မှာပါ။

ဒီကနေ့မှာတော့ ပြိုင်ပွဲတွေ အဖြစ် မြားပစ်ပွဲစဉ်တွေပဲ ရှိပါလိမ့်မယ်။

ကရစ်ကက် အကြိုလက်ရည်စစ်ပွဲတချို့လဲ ကစားဖို့ရှိပါတယ်။

ဇူလိုင် ၂၈

ဒီကနေ့ကစလို့ အားကစားပြိုင်ပွဲမျိုးစုံ ပွဲစဉ်တွေ ဆက်တိုက် ကျင်းပသွားပါပြီ။ အမျိုးသား စက်ဘီးပြိုင်ပွဲ မှာတော့ လောလောလတ်လတ် Tour de France ပြိုင်ပွဲမှာ အနိုင်ရထားတဲ့ Mark Cavendish ဝင်ပြိုင်မှာမို့ ကိုယ့်မြေကိုယ်ရေပေါ်မှာ သူ ရွှေဆု ယူနိုင်မလား ကြည့်ရမှာပါ။

ပထမဆုံးရွှေဆုရှင် မြားပစ် ပြိင်ပွဲက ထွက်ပေါ်မယ်

ဒါပေမဲ့ အခု လန်ဒန် အိုလံပစ်ရဲ့ ပထမဆုံးရွှေတံဆိပ် ဆုရှင်ကတော့ မနက် ၁၀ နာရီလောက် မှာ ပေါ်ထွက် လာနိုင်ပါတယ်။ အဲဒါကတော့ သေနတ် ပစ်ပြိုင်ပွဲမှာပါ။

ရေကူးပြိုင်ပွဲတွေမှာတော့ ဘေဂျင်းအိုလံပစ်တုန်းက စံချိန်တင် ရွှေဆုများရှင် အမေရိကန် က Michael Phelps ကို စောင့်ကြည့်ရပါမယ်။

ညနေပိုင်းမှာတော့ အမျိုးသား အသင်းလိုက် မြားပစ်ပွဲစဉ်တွေရှိပါတယ်။

ဗြိတိသျှ အမျိုးသမီး ဘော်လီဘော အသင်းက သြစတြေးလျနဲ့ ကစားမှာ ဖြစ်ပြီး အမျိုးသမီး ဘောလုံး အသင်းကတော့ ကင်မရွန်းနဲ့ တွေ့မှာဖြစ်ပါတယ်။

နောက်ရက် ပွဲစဉ်တွေကိုလဲ ဆက်ပြီး တင်ပြပေးသွားပါမယ်၊

ပွဲစဉ်ဇယား အသေးစိတ်ကို (အင်္ဂလိပ်လို) နှိပ်ပါ ဒီနေရာမှာ နှိပ်ပြီး ကြည့်နိုင်ပါတယ်။

10:27 PM | Posted in | Read More »

၂၀၁၄ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် မြန်မာအသင်း မွန်ဂိုရီးယားနှင့် ပထမအဆင့်ရှုံးထွက် ကစားရမည်

၂၀၁၄ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် မြန်မာအသင်း မွန်ဂိုရီးယားနှင့် ပထမအဆင့်ရှုံးထွက် ကစားရမည်

မလေးရှား နိုင်ငံ အေအက်ဖ်စီ ရုံးချုပ်တွင် ပြုလုပ်ခဲ့သည့် ၂၀၁၄ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အာရှဇုံ ပွဲစဉ်များ မဲခွဲအပြီးတွင် မြန်မာအသင်းသည် မွန်ဂိုရီးယား အသင်းနှင့် ပထမ အဆင့်တွင် စတင် ရင်ဆိုင်ရမည် ဖြစ်ကြောင်း သိရသည်။ ပထမ အဆင့် ရှုံးထွက် ပွဲစဉ်များအား ဇွန်လ ၂၉ရက်နေ့နှင့် ဇူလိုင်လ ၃ရက်နေ့ များတွင် အိမ်ကွင်း အဝေးကွင်း စနစ်ဖြင့် စတင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ပထမ အဆင့် ရှုံးထွက် ပွဲစဉ်များ

ပွဲစဉ်(၁) – မလေးရှား vs တရုတ်တိုင်ပေ
ပွဲစဉ်(၂) – ဘင်္ဂလားဒေ့ရှ် vs ပါကစ္စတန်
ပွဲစဉ်(၃) – ကမ္ဘောဒီးယား vs လာအို
ပွဲစဉ်(၄) – သီရိလင်္ကာ vs ဖိလစ်ပိုင်
ပွဲစဉ်(၅) – အာဖဂန်နစ္စတန် vs ပါလက်စတိုင်း
ပွဲစဉ်(၆) – ဗီယက်နမ် vs မကာအို
ပွဲစဉ်(၇) – နီပေါ vs အရှေ့တီမော
ပွဲစဉ်(၈) – မွန်ဂိုရီးယား vs မြန်မာ

ဒုတိယအဆင့် ရှုံးထွက် ပွဲစဉ်များ

၁။ ထိုင်း vs ပ-အဆင့် ပွဲစဉ်(၅) အနိုင်ရသူ
၂။ လက်ဘနွန် vs ပ-အဆင့် ပွဲစဉ်(၂) အနိုင်ရသူ
၃။ တရုတ် vs ပ-အဆင့် ပွဲစဉ်(၃) အနိုင်ရသူ
၎။ တာခ်မင်နစ္စတန် vs အင်ဒိုနီးရှား
၅။ ကူဝိတ် vs ပ-အဆင့် ပွဲစဉ်(၄) အနိုင်ရသူ
၆။ အိုမန် vs ပ-အဆင့် ပွဲစဉ်(၈) အနိုင်ရသူ
၇။ ဆော်ဒီအာရေဗျ vs ဟောင်ကောင်
၈။ အီရန် vs မော်လ်ဒိုက်
၉။ ဆီးရီးယား vs တာဂျစ်ကစ္စတန်
၁၀။ ကာတာ vs ပ-အဆင့် ပွဲစဉ်(၆) အနိုင်ရသူ
၁၁။ အီရတ် vs ရီမင်
၁၂။ စင်ကာပူ vs ပ-အဆင့် ပွဲစဉ်(၁) အနိုင်ရသူ
၁၃။ ဥဇဘက်ကစ္စတန် vs ကာဂျစ္စတန်
၁၄။ ယူအေအီး vs အိန္ဒိယ
၁၅။ ဂျော်ဒန် vs ပ-အဆင့် ပွဲစဉ်(၇) အနိုင်ရသူ

ခြေစစ်ပွဲ စည်းမျဉ်းများ အရ ဒုတိယ အဆင့်မှ အနိုင်ရသည့် အသင်းပေါင်း ၁၅သင်းမှ တတိယ အဆင့်သို့ တိုက်ရိုက် ယှဉ်ပြိုင်ခွင့် ရသည့် ထိပ်သီး ၅သင်းနှင့် ပေါင်းကာ ၄သင်းပါ အုပ်စု ၅စု ခွဲကာ အုပ်စုပတ်လည် ပွဲစဉ်များ ဆက်လက် ကစားရမည် ဖြစ်သည်။

12:45 PM | Posted in | Read More »

နေပြည်တော် FC ဗိုလ်ချုပ်မှူးကြီး မြေး လွှဲပြောင်းယူမည်

နေပြည်တော် FC ဗိုလ်ချုပ်မှူးကြီး မြေး လွှဲပြောင်းယူမည်


မြန်မာ နေရှင်နယ် လိဂ်(MNL)ပြိုင်ပွဲဝင် ဘောလုံး အသင်းတသင်းဖြစ်သည့် နေပြည်တော် FC ဘောလုံး အသင်းကို လာမည့်နှစ် MNL ပြိုင်ပွဲ ရာသီတွင် ဗိုလ်ချုပ်မှူးကြီး၏ မြေးဖြစ်သူ ဖိုးလပြည့်ခေါ် နေရွှေသွေး အောင်က လွှဲပြောင်းယူရန် စီစဉ်လျက်ရှိသည်ဟု နီးစပ်သူများက ပြောသည်။
Naypyitaw_FC400
နေပြည်တော် FC (ဓာတ်ပုံ - nptfc.com)
ပြီးခဲ့သည့်နှစ် ဘောလုံးရာသီက စတင် တည်ထောင်ခဲ့သည့် နေပြည်တော် FC အသင်းသည် ပြင်ဆင်မှုများစွာ ပြုလုပ်ခဲ့ သော်လည်း ယခုနှစ် ဘောလုံးရာသီ အစ တွင် နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့သဖြင့် နေပြည် တော်ကို အရှက်ရစေသည်ဟုဆိုကာ လွှဲပြောင်းယူရန်စီစဉ်နေခြင်း ဖြစ်ကြောင်း နေရွှေသွေးအောင်နှင့် နီးစပ်သည့် လူငယ် စီးပွားရေးလုပ်ငန်းရှင်တဦး က ပြောသည်။

“သူက စိတ်ဆိုးနေတယ်။ တာဝန်ယူထားတဲ့သူတွေ အသုံးမကျဘူးဆိုပြီး။ နောက်နှစ် သူပြောင်းယူမယ်။ လူကြီးတွေကိုလည်း ပြော ထားပြီးပြီ။ ပြီးမှ နိုင်ငံခြားက သူ့စိတ်ကြိုက် ဘောလုံးသမားတွေ ခေါ်မယ်ဆို ပြီးပြောနေတယ်”ဟု က ဆိုသည်။

လက်ရှိ နေပြည်တော် FC အသင်းကို ဦးတင့်ဆန်း ၏ ACE ဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ယူ တည်ထောင်ထားခြင်းဖြစ်ပြီး ယမန်နှစ် MNL ပြိုင်ပွဲ ရာသီအပြီးတွင် အမှတ်ပေးဇယား၏ အောက်ခြေ တွင်သာရှိခဲ့သဖြင့် ယခုနှစ်ဘောလုံးပြိုင်ပွဲများ ပြန်လည် မစတင်မီတွင် နေရွှေသွေးအောင်က ထိပ်တန်း အသင်းများစာရင်း ၀င်စေရန် ဘောလုံးအသင်းတာဝန်ရှိသူများကို ခေါ်ယူ သတိပေး ခဲ့သေးသည်ဟု နေပြည်တော် FC တာဝန်ရှိသူ တဦးက ပြောသည်။

နေပြည်တော် FC အသင်းသည် ယခုနှစ် MNL ပြိုင်ပွဲ ရာသီတွင် မြန်မာ့လက်ရွေးစင်၊ လူငယ် လက်ရွေးစင် ကစားသမားအချို့နှင့် တောင်ကိုရီးယား ကစားသမားအချို့ကို ခေါ်ယူအားဖြည့်ခဲ့သော်လည်း အဖွင့်ပွဲစဉ် များတွင် ရန်ကုန်ယူနိုက်တက် အသင်းကို ၂ ဂိုး ဂိုး မရှိ၊ မကွေး FC အသင်းကို ၂ ဂိုး ဂိုးမရှိ တို့ဖြင့် ရှုံးနိမ့်ခဲ့သည်။

ယင်းသို့ နှစ်ပွဲဆက် ရှုံးနိမ့်ပြီး နောက်ပိုင်းတွင် နေပြည်တော် FC အသင်းသည် လက်ရှိနည်းပြချုပ် ဦးအောင်နိုင်ကို လက်ထောက် နည်းပြအဖြစ် ပြောင်းလဲခန့်အပ်ပြီး တောင်ကိုရီးယား နိုင်ငံသား နည်းပြတဦးဖြစ်သူ ချောင်ယောင်တေးအား နည်းပြချုပ်အဖြစ် ပြောင်းလဲ ခန့်ထားခဲ့သည်။

လက်ဆက်၍ နေရွှေသွေးအောင်နှင့် နီးစပ်သည့် လူငယ်စီးပွားရေး လုပ်ငန်းရှင်က“သူက ဘောလုံးပွဲ ၀ါသနာပါတော့ နေပြည်တော် ကန်တဲ့ နေ့ဆို သွားကြည့်တယ်။ အသင်းက ရှုံးတော့ လူတွေက လှောင်ကျ တယ်။ နေပြည်တော်ဆိုပြီး တချို့က အမြင်ကပ်တော့ ဆဲကြတယ်။ နေပြည်တော် ဆိုတာ သူတို့မိသားစု တည်ထောင်ထားတဲ့မြို့ဖြစ်နေ တော့ ရှက်ပြီး ဒေါကန်တာပေါ့၊ သူယူမယ်ဆို ပေမယ့် အဘိုးကြီးက ခွင့်ပြုမပြုဆိုတာက ရှိသေးတယ်”ဟု ပြောသည်။

နေရွှေသွေးအောင် သည် ဘောလုံး ၀ါသနာအိုး တဦးဖြစ်ပြီး မြန်မာနိုင်ငံသို့ ကမ္ဘာကျော်ဘောလုံးသမား နာကာတာ လာရောက် လည်ပတ်ပြီး မြန်မာ့လက်ရွေးစင် ကစားသမားများနှင့် အလှပြကစားခဲ့စဉ် ကလည်း နေရွှေသွေးအောင် ၀င်ရောက်ကစားခဲ့သေး သည်။

မကြာသေးခင်က ထွက်ပေါ်ခဲ့သော ၀ီကီလိစ် အင်တာနက် စာမျက်နှာများတွင်လည်း ကမ္ဘာကျော် ပရီးမီးယားလိဂ် ထိပ်သီး အသင်း တသင်းဖြစ်သည့် မန်ချက်စတာ ယူနိုက်တက် အသင်းကို ၀ယ်ယူပေးရန် အဘိုးဖြစ်သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ပူဆာ ခဲ့သဖြင့် မြန်မာ နေရှင်နယ်လိဂ် ကို စတင် ကျင်းပခဲ့ခြင်း ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။
 
(ဧရာဝတီသတင်းဌာနမှ ထပ်ဆင့် ကူးယူဖေါ်ပြထားခြင်း)

10:18 AM | Posted in | Read More »