|

ပက်စီကိုလာ ၁၅ နှစ်အကြာတွင် တစ်ကျော့ပြန်လာမည်

အမေရိကန် နာမည်ကျော် အချိုရည် ကုမ္ပဏီတစ်ခုဖြစ်သော PepsiCo သည် စီးပွားရေးပိတ်ဆို့မှုကြောင့် ထွက်ခွာသွား ခဲ့ရာမှ ယခု၁၅ နှစ်အကြာတွင် မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်တော့မည် ဖြစ်ကြောင်း သိရသည်။

PepsiCo ကုမ္ပဏီ သည် အမေရိကန် နိုင်ငံ က မြန်မာ နိုင်ငံအား စီးပွားရေး ပိတ်ဆို့မှုများ တင်းကြပ် စွာဆောင် ရွက်လာသည့် ၁၉၉၇ ခုနှစ်တွင် ယင်း၏ လုပ်ငန်းများကို ရုတ်သိမ်းသွားခဲ့ခြင်း ဖြစ်ကာ ယခု အခါ တစ်ကျော့ပြန် လာပြီး Pepsi-Cola , 7-up ,နှင့် Mirinda အချိုရည်များကို ဖြန့်ဖြူးရောင်းချရန် အတွက် မြန်မာနိုင်ငံ၏ နာမည်ကြီး ကုန် ပစ္စည်းဖြန့်
ဖြူးရောင်းချရေး ကုမ္ပဏီ တစ်ခုဖြစ်သော ဒိုင်းမွန်း စတားနှင့် သဘောတူ ညီမှုရ ရှိလိုက်ပြီဖြစ်ကြောင်း သိရသည်။


အထက်ပါ သတင်းအား အမေရိကန်အခြေစိုက် သတင်းများ အရ သိရခြင်းဖြစ်သည်။ Pepsi-Co ကုမ္ပဏီ၏ ဥက္ကဌ ဖြစ်သူ Indranooyi က " မြန်မာနိုင်ငံရဲ့ဈေးကွက်က အရမ်းကို အလားအလာကောင်းနေပါတယ် Pepsi-Co ကုမ္ပဏီရဲ့ စီးပွားရေး အနေအထား ဟာ ခိုင်မာ အားကောင်း ပြီးတော့ တိုးတက်နေပါ တယ် ပြီးတော့ ကောင်းမွန်တဲ့ဈေး ကွက် အခွင့်အလမ်းတွေကို ရှာဖွေနေပါတယ် ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေကို စားသုံးသူအသစ်တွေဆီကို ဖြန့်ဖြူးပေးနို င်ဖို့ ရည်ရွ ယ် ပါတယ်  " ဟု ပြောကြား သည်။ Pepsi-Co ကုမ္ပဏီက မြန်မာနိုင်ငံတွင် ယင်း၏ ကုန်ပစ္စည်းများအား ဖြန့်ဖြူးရေးအပြင်စိုက်ပျိုးရေးနှင့် ကုန်ထုတ် လုပ်ငန်းများတွင်ပါ ရင်းနှီးမြုပ်နှံရန်ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားသည်။

Posted by Unknown on 2:54 PM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response
.

Recently Commented

Recently Added

Popular Posts