|

အစိုးရမှ အချက်(၃)ချက် မလိုက်လျောခြင်းကြောင့် တစ်တိုင်းပြည်လုံးရှိ သံဃာများ ဆန္ဒပြမည်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ် စခန်း အားအကြမ်းဖက်ဖြိုခွင်းခဲ့ရာတွင် ဒဏ်ရာ ရ သံဃာများ ကိုသက်ဆိုင်ရာ တာဝန်ရှိသူများမှ တစ်စုံတစ်ရာ လိုက်လျောခြင်းမရှိခြင်းကြောင့် ဒီဇင် ဘာ (၁၂)ရက်နေ့ တွင် မြန်မာနိုင်ငံရှိ သံဃာ များ ဆန္ဒပြတောင်းဆို သွားမည်ဖြစ်သည်ဟု ကျန်း မာရေးပြုစုစောင့်ရှောက်မှု ကော်မတီ မှ ဦးဥတ္တမ ထံမှ သိရှိရသည်။

“ဦးဇင်းတို့တောင်းဆိုထားတဲ့ အချက်(၃)ချက် ရှိတယ်၊ ဒဏ်ရာရ သံဃာတွေကိုဝန်ချတောင်းပန်ဖို့ ၊ ပစ် မိန့်ပေးခဲ့တဲ့ တာဝန်ရှိသူကို အရေးယူပေးဖို့ နဲ့ဆန္ဒပြရာမှာ ဖမ်းဆီးထားသူတွေကို အကုန် ပြန် လွှတ်ပေး ဖို့ အဲ့ဒါတွေကိုသတ်မှတ်ရက်အတွင်း တစ်ခုမှ မလုပ်ပေးရင် တစ်တိုင်းပြည်လုံး ဆန္ဒပြမှာ ဆိုပြီးကြိုပြော ထားပါတယ်” ဟု ကျန်းမာရေးပြု စုစောင့်ရှောက်မှုကော်မတီမှ ဦးဥတ္တမကမိန့်ကြားသည်။

သံဃာများ ဆန္ဒပြတောင်းဆိုရာတွင် သက်ဆိုင်ရာ မြို့နယ်များသို့ခွင့်ပြုမိန့်မတောင်း ဘဲ ပြုလုပ်သွား မည် ဖြစ်ကြောင်း သိရှိရသည်။

“ခွင့်ပြုမိန့်မတောင်းတာက ခွင့်ပြုမယ် ၊ မပြုမယ် ဆိုတာ မသေချာဘူးအဲ့ဒါတွေကို မစောင့်နိုင်ဘူး “ ဟု မန္တလေးအခြေစိုက် ဘ၀အလင်းဆေးခန်းမှဦးသောပိတက မိန့်သည်။

နိုင်ငံတော်အစိုးရမှ စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့စည်းပေးထားပြီး အဆိုပါကော်မတီကို အားကိုး၍ မရနိုင်ကြောင်း ဦးသောပိတကဆက်လက်မိန့်ကြားခဲ့သည်။

“စုံစမ်းစစ်ဆေးရေးမှာ ဒေါ်အောင်ဆန်းစုကြည် ပါပေမဲ့ သူက စုံစမ်းလို့ပဲရနိုင်တယ် ဖမ်းဆီးထားတာ က ကော်မရှင်နဲ့မဆိုင် ဘူးလေ အဲ့အပိုင်းကို အားကိုးလို့မရနိုင်ဘူး တစ်ချို့လူတွေကို အာမခံ နဲ့ပြန် လွှတ်ပေးပြီးပေမဲ့ တစ်ချို့လူတွေကျန်နေသေး တယ် အကုန်မလွှတ်ပေးသေးဘူး၊အဲ့ဒါတွေကြောင့် ဆန္ဒပြ မှာပါ” ဟု ဦးသောပိတက မိန့်ကြားခဲ့သည်။

ဒီဇင်ဘာ (၁၂)ရက်နေ့ နေ့လည်(၁)နာရီအချိန်ခန့်တွင်တိုင်းနှင့်ပြည်နယ်များမှ သံဃာများအားလုံးဆန္ဒပြ
တောင်းဆိုသွား မည်ဖြစ်သော်လည်း ရန်ကုန်တိုင်းဒေသကြီးတွင်မည်သည့်နေရာ၌ စတင်မည်ကို မသိရှိ ရသေးကြောင်း ၊ မန္တလေးတိုင်းဒေသကြီးတွင်၄၁လမ်းရှိ ဦးဘဘုရားရှေ့မှ စတင်ကာ လမ်းလျှောက်ဆန္ဒပြ မည်ဖြစ်ကြောင်းသိရှိရသည်။

ဒီဇင်ဘာ(၁၁)ရက်နေ့တွင် ဗဟန်းမြို့နယ် ရဲစခန်းမှ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း သပိတ်စခန်း အကြမ်းဖက် ဖြိုခွင်းခြင်းကို အရေးယူပေးရန်ဆန္ဒပြတောင်းဆိုခဲ့သူ ကိုမိုးသွေးအား အယူခံဝင်စေကြောင်း GWမှ တာဝန်ရှိသူကိုဝင်းထွဋ်ထံမှ သိရှိရသည်။

“တခြားလူလွှတ်မလွှတ်တော့ မသိသေးဘူး ကျွန်တော်တို့အဖွဲ့က ကိုမိုးသွေးကတော့ဒီနေ့ ဗဟန်းမြို့နယ် ရဲစခန်းမှာ အယူခံဝင်ရတယ်” ဟုမျိုးဆက်သစ်လူငယ်များအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုဝင်းထွဋ်က ပြော သည်။

နိုဝင်ဘာလအတွင်းတွင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းရပ်ဆိုင်းရေး နှင့် သပိတ်စခန်း အကြမ်း ဖက် ဖြိုခွင်း ခဲ့သူများကို အရေးယူပေးရေးအတွက်ဆန္ဒပြခဲ့သူများမှ ခေါင်းဆောင် (၈)ဦးခန့်ကို သက်ဆိုင် ရာ အာဏာပိုင်များမှဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး ယနေ့အချိန်ထိ မည်သူတစ်ဦးမှလွှတ်ပေးခြင်းမရှိသေး
ကြောင်း သိရှိရသည်။

Posted by Unknown on 4:24 PM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response