|

Samsung Galaxy Note 2 ထက်သာသော ဖုန်း Huawei မှထုတ်မည်

Samsung Galaxy Note 2 ထက် သာသော ဖုန်းမျိုးကို Huawei မှ ထုတ်လုပ် နေပြီဖြစ်ကြောင်း သိရပါတယ်။ ယင်းကြေညာချက်ကို တရုတ် Huawei ဒုတိယ ဥက္ကဌ Yu Chengdong မှ သတင်းစာ ရှင်းလင်းပွဲ မှာ ပြောကြားခဲ့ တာ ဖြစ်ပါ တယ်။

Huawei Ascend Mate လို့အမည်ပေးထားပြီး အဓိက ထူးခြားသွားမှု ကတော့ ၆.၁ လက်မ Full HD မျက်နှာပြင်ကို အသုံးပြုခြင်း ဖြစ်ပါတယ်။ ဒါကြောင့် မျက်နှာပြင်ရဲ့  Resolution က HD TV လိုပဲ 1080p အဆင့် ရှိ မှာ ဖြစ်ပါတယ်။ Note 2 ထက်လည်း ပိုမိုပါးလွှာမယ့်ဖုန်းလို့ ဆိုပါတယ်။ အသုံးပြုမယ့် Processor ကလည်း 1.8GHz quad-core ဖြစ်ပြီး RAM 2 GB သုံး အဆင့်မြင့် ဟန်းဆက် ဖြစ်ပါတယ်။

၅ လက်မအရွယ်ရှိ Display သုံး Ascend D2 အမည်ရ Huawei ဟန်းဆက် ကိုလည်း ဈေး ကွက်ဖြန့်ချိပြီး ဖြစ်ပါတယ်။ ယင်း ဖုန်းဟာလည်း Note တွေနဲ့ ယှဉ်ပြိုင်နိုင်တဲ့ ဖုန်း ဖြစ်ပါတယ်။ Android 4.1 Jelly Bean ကို အသုံးပြုပြီး ထွက်ရှိမှာ ဖြစ်ပါတယ်။ Huawei ဖုန်းမှာ အဓိက လူပြောများတဲ့ အားနည်း ချက်ကတော့ touch interface, ကင်မရာ တို့ ဖြစ်ပြီး ဒါတွေအားလုံး ကို နိုင်ငံတကာ အဆင့် မှီ ဖြစ်အောင် ပြန်လည် Upgrade လုပ်ထားတယ်လို့ ဆိုပါတယ်။ တကယ်ပဲ Huawei Ascend Mate ဟာ Samsung Galaxy Note 2 အပြင် အခြားသော အဆင့်မြင့် ဟန်းဆက်များထက် ဈေးကလည်း အနည်း ငယ် သက်သာမှာ ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ် ပထမလေး လေးလအတွင်း ဖြန့်ချိနိုင်ဖို့ ကြိုးပမ်းလျက် ရှိကြောင်း သိရပါတယ်။
--
Ref:tech2
Aung Kham (TSJ team)

Posted by Unknown on 4:27 PM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response