လူအသေအပျောက်ရှိသည့် ရခိုင် ပြည်နယ် မငြိမ်သက်မှု ဖြစ်ပွား
လင်မယားစကားများရာမှ လူအသေအပျောက်ရှိသည့် ရခိုင် ပြည်နယ် မငြိမ်သက်မှု ဖြစ်ပွား
7 Days News ရခိုင်ပြည်နယ်အတွင်း တစ်ကျော့ပြန် လည်ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကို လက်ရှိအချိန် တွင် ပြန်လည်တည်ငြိမ်မှုရရှိအောင် ထိန်းသိမ်း ထားနိုင် ပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရ ပြန် ကြားရေး
အဖွဲ့မှ ပြောရေးဆိုခွင့်ရှိ သူကပြောသည်။
လုံခြုံရေးအင်အားကို တိုးမြှင့်ခဲ့ပြီး ယခင်တပ်မတော် တပ်ရင်း ၂၈ ရင်းရှိရာမှ ၅၁ ရင်းအထိ တိုးမြှင့်ခဲ့ပြီး
ရဲတပ်ဖွဲ့အင်အား ၅၀၀၀ ကျော်၊ နစကတပ်ဖွဲ့ ၀င်အင်အား ၁၀၀၀ ကျော် ချထားခဲ့ သည်။
သွေးထွက် သံယိုမှုများ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်အတွင်းရှိ အဆိုပါဒေသ များကို လုံခြုံရေးတပ်ဖွဲ
့ဝင်များနှင့် တာဝန်ရှိသူများ သွားရောက်ကာ အခြေအနေများ ထိန်းသိမ်းခြင်း၊ ထပ်မံဖြစ်ပွားမှု မရှိစေရန်
အတွက် ဖြစ် ပွားနိုင်သည်ဟု ယူဆရသော နေရာများတွင် လုံခြုံရေးတပ်ဖွဲ့များ ချထားခြင်းများ
ဆောင်ရွက်လျက် ရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြု
စုရေးဆပ်ကော်မတီ အတွင်းရေးမှူးဦးဝင်းမြိုင်ကပြောသည်။
တစ်ကျော့ပြန်လည်ဖြစ်ပွားခဲ့သော ယခုပဋိပက္ခမှာ မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ်အစပ်ရှိ
ပန်းမြောင်ကျေးရွာအုပ်စု၊ သရက်အုပ်ရွာမှ အောက်တိုဘာ ၂၁ ရက်က စတင်ခဲ့ခြင်းဖြစ်ကြောင်း
ရခိုင်ပြည် နယ်အစိုးရအဖွဲ့မှ သတင်းရရှိသည်။ အဆိုပါလင်မယား စကားများရာမှ နေအိမ်မီးလောင်ပြီး
အခြား ရခိုင်အိမ်များကိုပါ မီးကူးစက်ပြီး ပဋိပက္ခစတင်ခဲ့ခြင်းဖြစ်ကြောင်း ဦးဝင်းမြိုင်ကပြောသည်။
ယင်းပြဿနာများကို ထပ်မံမဖြစ်ပွားစေရန် အစိုးရအနေဖြင့် အမြန်ဆုံးပြေလည်အောင်
ဖြေရှင်းပေးရန် လိုအပ်သည်ဟု ယူဆကြောင်း ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီများကပြောသည်။
ရခိုင်ပြည်နယ်အတွင်း ဆူပူအကြမ်းဖက်မှုများကြောင့် အောက်တိုဘာ ၂၁ မှ ၂၇ ရက်အထိ သေဆုံးသူ
၈၄ ဦး၊ ဒဏ်ရာရသူ ၁၂၉ ဦးအထိရှိပြီး အိမ်ခြေ ၂၉၅၀ နှင့် ဘာသာရေးအဆောက်အအုံ ၁၄ လုံး
မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း အစိုးရက အောက်တိုဘာ ၂၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းအဖြစ်အပျက်များသည် မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ကျောက်ဖြူ၊ ရသေ့တောင်၊ သံတွဲ၊ ရမ်းဗြဲနှင့်
ပေါက်တောမြို့နယ်များ တွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်သည်။
စစ်တွေ အပါ အ၀င် မြို့ကြီးများတွင် လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ချထားခြင်း၊ မြို့အ၀င်အထွက်
ဂိတ်ပေါက်များတွင် စစ်ဆေးရှာဖွေခြင်းများဖြင့် လုံခြုံရေး အထူးတင်း ကျပ်ထားသည်။ ယင်းကဲ့သို
့ လုံခြုံရေးများ တင်းကျပ် ထားသော်လည်း ဒေသခံများမှာ ၎င်းတို့လုံခြုံရေးအတွက် စိုးရိမ်မှုများ
ဖြစ်ပွား လျက် ရှိကြောင်း ပြောကြား သည်။
“ရခိုင်ပြည်နယ်လို့သာဆိုတယ်၊ ရခိုင်တွေက စိုးရိမ်တဲ့စိတ်ကြောင့် ည ၁၂ နာရီလောက်အထိ မအိပ်နိုင်ဘူး”ဟု
စစ်တွေမြို့၏ မြို့မိမြို့ဖ ဦးသန်းထွန်း ကပြောသည်။
လူခြောက်ဦးသေဆုံး ခဲ့ပြီး လေးဦး ဒဏ်ရာရခဲ့သည်ဟု အစိုးရက ထုတ်ပြန်ခဲ့သော အောက်တို ဘာ ၂၅ ရက်တွင် ထိပ်တိုက်တွေ့ဆုံမှု များ ဖြစ်ပွားခဲ့ သည့် ကျောက်တော်မြို့တွင်လည်း လုံခြုံရေးများ တင်းကျပ်ထားလျက်ရှိသည်။
ပဋိ ပက္ခဖြစ် ပွားရာ နေရာများသည် ကျောက်တော်မြို့မှ အလှမ်းကွာဝေး သည့် နေရာများ တွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။
ယင်းအခင်းဖြစ်ပွားရာနေရာမှ လူစုလူဝေးဖြင့် စွန့်ပစ်ခဲ့သည့် ဒေသလုပ် တူးမီးသေနတ် ၇၁ လက်ကို သိမ်း
ဆည်းရမိခဲ့ကြောင်း အစိုးရက ထုတ်ပြန်ကြေညာသည်။ ယင်းအခြေအနေများကို ထိန်းသိမ်းရာတွင်
လက်နက်ကိုင်လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်မှုများရှိကြောင်း ဒေသခံများအကြား ဝေဖန်ပြောဆိုမှုများ
ရှိသော်လည်း သီးခြားအတည်ပြုချက် မရရှိသေးချေ။
ယခုဖြစ်ပွားခဲ့သော ဖြစ်ရပ်များကြောင့် ဒေသခံရခိုင်တိုင်းရင်းသားများက လုံခြုံရေးအခြေအနေ ကို
ဝေဖန်မှု များရှိခဲ့ပြီး အချို့မြို့နယ်များတွင် လုံခြုံရေးများ၏ ထိန်းသိမ်းမှုများအပေါ် ဝေဖန်ပြောဆိုမှု
များရှိခဲ့ကြောင်း သိရသည်။
ရခိုင်ဒေသတွင် ဖြစ်ပွားနေသည့် အရေးအခင်းများ ထပ်မံမဖြစ်ပွားစေရေးအတွက် အစိုးရတာဝန်ရှိ
သူများအနေဖြင့် ၁၉၈၂ နှစ် နိုင်ငံသားဥပဒေအတိုင်း ပီပီပြင်ပြင်ဆောင်ရွက် သင့်ပြီဖြစ်ကြောင်း
7Day News နှင့် တွေ့ဆုံမေးမြန်းခဲ့သည့် ဒေသခံများ၊
အသင်းအဖွဲ့များကပြောသည်။
“၁၉၈၂ နိုင်ငံသားဥပဒေအတိုင်း အမြန်ဆောင်ရွက်ရင် အားလုံးမဟုတ်တောင် တော်တော်များ များ
ပြေလည်နိုင်မယ်ထင်တယ်”ဟု ရခိုင်လွတ်မြောက်ရေးပါတီမှ ဆက်ဆံရေးတာဝန်ခံ ကိုခိုင်စိုးပိုင် က
ကျောက်တော်မြို့ရှိ ၎င်း၏ရုံးခန်းတွင် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
ပြည်နယ်အတွင်း မတည် မငြိမ် ဖြစ်မှုများကြောင့် ပြောင်းရွှေ့နေထိုင်သူများအား ကယ်ဆယ်ရေးစခန်းများ
ဖွင့်လှစ်ပေးထားပြီး မတည်ငြိမ်မှုများကို ပြေလည်အောင် ဖြေရှင်းမှုများ မပြုလုပ်နိုင်ပါက ရေရှည်အတွက်
အခက် အခဲများ ဖြစ်ပွားနိုင်ကြောင်း နှစ်ဖက်စလုံးကပြောသည်။
“အစိုးရက ကျောသားရင်သားမခွဲခြားဘဲ လုပ်ဖို့ လိုတယ်လို့ ထင်တယ်။ ဥပဒေအတိုင်း မှန်ကန်မှုရှိအောင်
လုပ်ဖို့လိုပါတယ်”ဟု စစ်တွေမြို့ အောင်မင်္ဂလာ ရပ်ကွက်မှ အစ္စလာမ်ဘာသာဝင်တစ်ဦးကပြောသည်။
ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံးက အောက်တိုဘာ ၂၅ ရက်တွင်
သတင်း ထုတ်ပြန်မှုတစ်ရပ် ပြုလုပ်ခဲ့ပြီး အဆိုပါ ပဋိပက္ခတွင် နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသော
လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများလည်း ရှိနေကြောင်း သိရှိရသဖြင့် ၎င်းတို့ကိုဖော်ထုတ်၍ ဥပဒေနှင့်အညီ
ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
လက်ရှိအခြေအနေတွင် ဒဏ်ရာရခဲ့သူများနှင့် ထိခိုက်နစ်နာခဲ့သူများအတွက် အရပ်ဘက်အဖွဲ့အစည်းများက
သီးခြားကူညီမှုများလည်း ပြုလုပ်လျက် ရှိသည်။
ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ရခိုင်တိုင်းရင်းသားရော ဘင်္ဂါလီလူမျိုးအချို့ပါ အကျပ်အတည်းများ
ကြုံတွေ့နေရသည်။ ကုလသမဂ္ဂက သတင်းထုတ်ပြန်မှုအရ ယခုပဋိပက္ခကြောင့် နေအိမ်စွန့်ထွက်ပြေး
ရသူ နှစ်သောင်းကျော်ရှိသည်ဟုဆိုသည်။
“စီးပွားရေးက ဆုတ်ယုတ်လာတာပေါ့။ အစစအရာရာ အရင်နဲ့ မတူဘူးလေ”ဟု ရွာကြီးမြောက်ရပ်ကွက်
ဒုန်းတိုက်ကယ်ဆယ်ရေးစခန်းမှ ဦးမောင်ဦးသာကပြော သည်။
အောင်မင်္ဂလာရပ်ကွက်မှ အစ္စလာမ်ဘာသာဝင်တစ်ဦးက “စားဝတ်နေရေးကျပ်တည်းတယ်။ အပြင် မှ
ထွက်လို့မရတာ”ဟု ၎င်းကပြောသည်။ “ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ထုတ်ပေးထားတဲ့ ဒီ ကတ်လေး
တွေကို ဆွဲထားတယ်။ ဟိန္ဒူဖြစ်ကြောင်း အထောက်အထားပေါ့”ဟု ချင်းပျံလမ်းရှိ ဟိန္ဒူ ရပ်ကွက်မှ
ဦးနာတာရှားကပြောသည်။
7 Days News Journal မှ ကူးယူ ဖော်ပြ ပါသည်။
