Western Union ငွေလွှဲလုပ်ငန်း မြန်မာပြည်လာပြီ
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးတွေနိုင်ငံတကာက မြင်သိလာတာကြောင့် နိုင်ငံတကာ က မြန်မာကို စိတ်ဝင်စားမှု မြင့်မားလားပြီး လာရောက်ရင်းနှီးမြှုပ်နှံ မှုတွေ လုပ်ဖို့ ပြင်ဆင်လေ့လာနေကြချိန်မှာ Western Uninon နိုင်ငံတကာ ငွေလွှဲပြောင်းမှုကုမ္ပဏီလည်း ပါလာပါပြီ။
Western Union ဆိုတာကို နိုင်ငံခြား တိုင်းပြည်ရောက်တဲ့ သူတော်တော်များများ သိကြပါတယ်။
ပြည်တွင်းနေ နိုင်ငံခြားနဲ့ ငွေကြေး လွှဲပြောင်းရေး လုပ်ငန်း ထိတွေ့ ဖူးသူတွေလည်း သိကြပါတယ်။
Western Union ဆိုတဲ့ နိုင်ငံတကာ ငွေကြေး လွှဲပြောင်းတာတွေ လုပ်ပေးတဲ့ ဘဏ္ဍာရေး ၀န်ဆောင်မှု ကုမ္ပဏီ ဟာ ပထမ ဆုံးအနေနဲ့ ပြည်တွင်း ဘဏ်တခုနဲ့ တွဲဖက်ပြီး မြန်မာနိုင်ငံမှာ ငွေကြေး ၀န်ဆောင်မှု လုပ်ငန်း လည် ပတ် မှုတွေ လုပ်ပါတော့မယ်။
WU ဟာ မြန်မာနိုင်ငံက မြန်မာ အရှေ့တိုင်းဘဏ် (Myanmar Oriental Bank- MOB) နဲ့ အတူ ပူးပေါင်း လုပ်ဖို့ လက် မှတ်ရေးထိုးခဲ့ပါပြီ။ MOB ဟာ မြန်မာနိုင်ငံမှာ ပထမဆုံး WU ရဲ့ အေ့ဂျင့်အဖြစ်နဲ့ ငွေကြေး လွှဲပြောင်း တဲ့ လုပ်ငန်းတွေကို လုပ်ကိုင်သွားမှာဖြစ်ပါတယ်။
WU ဟာ နိုင်ငံပေါင်း ၂၀၀ ကျော်မှာ အေ့ဂျင့်ပေါင်း ၅ သိန်းကျော် ရှိပါတယ်။ ငွေကြေး ၀န်ဆောင်မှု လုပ်ရာ မှာ ငွေစက္ကူ၊ အကြွေးဝယ် ကတ်၊ ဒစ်ဂျစ်တယ် စနစ်တွေနဲ့ နိုင်ငံတကာ ငွေကြေး လွှဲပြောင်းမှု ၀န်ဆောင်မှု လုပ်နေတာဖြစ်ပါတယ်။
WU ဟာ နိုင်ငံလုံးဆိုင်ရာ ထိပ်တန်း ငွေကြေးလွှဲပြောင်းတဲ့ ကုမ္ပဏီကြီးဖြစ်ပြီး အမေရိကန်၊ ဥရောပ သမဂ္ဂနဲ့ သြစတြေးလျ တို့ ဦးဆောင်တဲ့ နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ဒဏ်ခတ်မှုတွေ ရုပ်သိမ်း ပလပ်လိုက်ပြီး ၃ လ ကြာပြီးနောက် မြန်မာနဲ့ နိုင်ငံတကာငွေကြေး ပုံမှန် အခြေအနေကို ဖြစ်စေဖို့ လမ်းခင်း လုပ်ဆောင်လိုက်တာလည်းဖြစ်ပါတယ်။
ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန်၊ ကိုရီယား၊ အမေရိကန်၊ ဥရောပနဲ့ သြစတြေလျ စတဲ့ နိုင်ငံတွေမှာ အလုပ် လုပ်ကိုင်နေကြတဲ့ မြန်မာပြည်က လူတွေက ၂ သန်းကျော်မယ်လို့ ခန့်မှန်း ထားတာကို StockAnalist အွန်လိုင်း သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
MOB ကတော့ မြန်မာနိုင်ငံမှာ ၁၉ နှစ်ကြာ လည်ပတ်နေတဲ့ မြန်မာနိုင်ငံက ပုဂ္ဂလိက ဘဏ်တခု လည်းဖြစ်ပါ တယ်။ အခုဆို ရင် နိုင်ငံခြားငွေ ၀န်ဆောင်မှုကို လုပ်ခွင့်ရတဲ့ ဘဏ်လည်းဖြစ်လာတာပါ။
WU က MOB နဲ့ ငွေကြေး လွှဲပြောင်းရေးအတွက် မဏာမအဆင့်မှာ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်နဲ့ မုံရွာ အပါအ၀င် ပြည် တွင်းက နေရာ ၁၉ ခုအတွက် အဆင်ပြေမယ်လို့ ဆိုပါတယ်။
(ဧရာဝတီ)
