|

iPhone 5 ထွက်တော့မည်

 Apple ကုမ္ပဏီက ထုတ်မယ့် iPhone အသစ် အမျိုးအစား iPhone 5 ဒီကနေ့ ဗုဒ္ဓဟူးနေ့ မှာ စပြီး ရောင်းချမယ်လို့ ခန့်မှန်းနေကြပါတယ်။ iPhone 5 ကို 4G လို့ အများက သိကြတဲ့ စတုတ္ထ မျိုးဆက် 4th Generation လက်ကိုင်ဖုန်း ကွန်ယက်နဲ့ ပဲ အသုံးပြုသွားရလိမ့်မယ်လို့ ခန့် မှန်းနေ ကြပါတယ်။

4G ကွန်ယက်ကို SAMSUNG ကုမ္ပဏီက ထုတ်လုပ်တဲ့ Galaxy S III အပြင် တခြားသော လက်ကိုင်ဖုန်း အမျိုးအစားတွေမှာလည်း လက်ရှိ အသုံးပြုနေကြပါတယ်။

iPhone 5 အသစ်ဟာ အရွယ်အစားပိုပြီး ကြီးမယ်လို့ ခန့်မှန်းနေကြသလို လာမယ့် သီတင်း တပတ် နှစ်ပတ်အတွင်းမှာ စ ထုတ်လုပ်ရောင်းချမယ်လို့ ခန့်မှန်းနေကြပါတယ်။


Apple ကုမ္ပဏီရဲ့ iPhone ဈေးကွက်ဟာ ဆမ်ဆောင်းကုမ္ပဏီက ထုတ်တဲ့ Phone လောက် မရောင်းရပေမယ့် သူ့ဈေးကွက်ဟာ အခုထိ ခိုင်ခို်င်မာမာ ရှိနေပါတယ်။


Posted by Creator Myanmar on 6:16 PM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response