|

ဒုတိယအကြိမ်မြောက် Developer ကွန်ဖရင့်အတွက် စာရင်းပေးသွင်းနိုင်

မြန်မာနိုင်ငံ ကွန်ပျုတာ ပညာရှင် အသင်း(MCPA) မှ ကြီးမှုး၍ ကျင်းပမည့် Developer Conference 2012-Yangon ပွဲ ကို စက်တင်ဘာလ 14 ရက်နေ့မှ စက်တင်ဘာလ 16 ရက်နေ့အထိ နေ့စဉ် နံနက် 9 နာရီမှ ညနေ ၅ နာရီအထိ ရန်ကုန်မြို့ လှိုင်မြို့ နယ်ရှိ မြန်မာအင်ဖိုတက်ဝန်းအတွင်း ကျင်းပသွား မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ Developer Conference 2012-Yangon မှာ ယခုတစ်ကြိမ်မှာ ဒုတိယမြောက် အကြိမ်ဖြစ်ပြီး ပွဲတွင် ပြည်တွင်းရှိ လုပ်ငန်းနယ်ပယ်မှ အဓိက ပညာရှင်များမှ ၀င်ရောက်ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။
Developer Conference 2012-Yangon ကို ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအဖြစ် ပြည်တွင်းရှိ ကွန်ပျုတာ ပညာရှင်များအတွင်း အိုင်တီအသိပညာ ဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရန် ၊ အသိပညာများ ဖလှယ်ဂရန် ၊ အိုင်တီအသုံးချ Software ကောင်းများ တီထွင်ဖန်တီးရေးသားနိုင်သည့် Developer များ ပေါ်ထွက်လာစေရန် နှင့် အိုင်စီတီ developer ဖြစ်လိုသူများအတွက် နည်းလမ်းကောင်းများ ချမှတ်နိုင်ရေးအတွက် ရည်ရွယ်၍ ကျင်းပရခြင်း ဖြစ်ကြောင်း သိရသည်။

ယခုနှစ် Developer Conference 2012 -Yangon ပွဲ အတွက် အဓိက Theme မှာ "Road to e2 Developer" ဖြစ်ပြီး အဓိက အားဖြင့် Efficiency, Essential, Limitless Without boundry, Everything, e-gov, e-banking, e-hotel, e-solution အပြင် အခြား အကြောင်းအရာများအား လက်ရှိ ပြည် တွင်း ပြည်ပတွင် အလုပ်လုပ်ကိုင်လျက်ရှိသော ပညာရှင်များမှ ဟောပြောဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။လက်ရှိအချိန်အထိ ဟောပြောမည်သူများအဖြစ် အဖွင့်မိန်ခွန်းပြောကြမည့် ဦးသောင်းတင် နှင့် တတိယနေ့တွင် အပိတ်မိန်ခွန်း ပြောကြမည့် ဒေါက်တာ ထွန်းသူရသက် အပါအ၀င် ပြည်တွင်းပြည်ပ နည်းပညာရှင် 19 ယောက် ရှိကြောင်း သိရသည်။

အဆိုပါ Developer Conference 2012 -Yangon ပွဲကို လက်ရှိပြည်တွင်း ၊ ပြည်ပ နည်းပညာ နယ်ပယ် တွင် လုပ်ငန်းဝင်ရောက်လုပ်ကိုင်နေသူများ မှ ဆွေးနွေးဟောပြောကြမှာ ဖြစ်သည့်အတွက် တက်ရောက် သူများအတွက် အကျိုးထူုးများ ရရှိနိုင်သလို ပွဲကို တက်ရောက်သူများအနေဖြင့်လည်း အိုင်တီနည်း ပညာကို အဓီကထားကာ ပညာရှာဖွေလိုသူများသာ တက်ရောက်သင့်သော ပွဲတစ်ပွဲ လည်း ဖြစ်သည်။

Developer Conference 2012 -Yangon ပွဲကို အဓီက ဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးသူအဖြစ် MIT မှာ ကူညီပေးပြီး အခြား စပွန်ဆာ ကုမ္ပဏီများဖြစ်သော CB Bank, Global Wave တို့က Diamond Sponpsor များအဖြစ် တာဝန်ယူထားကြောင်း သိရသည်။ ထိုအပြင် အဆိုပါ Developer Conference 2012 -Yangon ပွဲကို ရုပ်သံမီဒီယာ တစ်ခုဖြစ်သော 5 Network မှာလည်း broadcasting partner အဖြစ် တာဝန်ယူထားပြီး press Media partner များအဖြစ် အင်တာနက် ဂျာနယ်နှင့် TechSpace နည်းပညာ ဂျာနယ်တို့မှ တာဝန်ယူပေးထားကြောင်း သိရသည်။ ထိုအပြင် အခြား စပွန်ဆာများဖြစ်သော Myanmar ICT Development Corporation Limited, MCC, ACE, Information matrix, Yumyum, Ahtar Oo, Fairway, Gusto, Technomation,Mozilla Myanmar နှင့် TAB Bookcentre တို့မှလည်း တာဝန်ယူပေး ထားကြောင်း သိရသည်။

Developer Conference 2012 -Yangon ပွဲကို ယခင်နှစ်က ၂ ရက်အဖြစ်သာ ကျင်းပခဲ့သောလည်း ယခုနှစ်တွင် ၃ ရက်အဖြစ် ပြောင်းလဲကာ တစ်ရက် ထပ်တိုးကာ ကျပ်ပသွားမည်ဖြစ်ကြောင်း သိရသည်။ ယမန်နှစ်တွင် ကျင်းပခဲ့သော Developer Conference 20110Yangon ပွဲကို သြဂုတ်လ 20 ၊ 21 ရက်နေ့များတွင် ကျင်းပခဲ့ပြီး ဟောပြောခဲ့သည့် ခေါင်းစဉ်ပေါင်း 45 ခု ရှိကာ ဟောပြောသူပေါင်း 38 ယောက် အထိ ရှိခဲ့ကြောင်း သိရသည်။ ထိုအပြင် ယမန်နှစ်ပွဲတွင် တက်ရောက်သူပေါင်း ၉၀၀ ကျော် ရှိခဲ့ကြောင်း သိရသည်။

စာရင်းသွင်းတက်ရောက်လိုသူများအနေဖြင့် www.devconmyanmar.org/2012 တွင် ၀င်ရောက်ကာ စာရင်းသွင်းတက်ရောက်နိုင်ကြောင်း သိရသည်။

Posted by Creator Myanmar on 5:57 PM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response