လမ်းမတော် (၁) လမ်း အိမ်သုံးဂတ်စ်အိုး အရောင်းဆိုင် မီးလောင်
“ လမ်းမတော် (၁) လမ်း အိမ်သုံးဂတ်စ်အိုး အရောင်းဆိုင် မီးလောင်ကျွမ်းနေ”
ရန်ကုန်မြို့၊လမ်းမတော်မြို့နယ်၊ မော်တင် (၁) လမ်း၊ ကမ်းနားလမ်းပေါ်ရှိ CHO အိမ်သုံးဂတ်စ် အရောင်း ဆိုင်တွင် ယနေ့နေ့လည် ၂နာရီ၃၀မိနစ်ဝန်းကျင် ခန့်က မီးလောင်ကျွမ်းခဲ့ရာ လက်ရှိအချိန်အထိ ဆက် လက်လောင်ကျွမ်းဆဲဖြစ်ကြောင်းသိရသည်။
မီးလောင်ကျွမ်းရာသို့ မီးသတ်ယာဉ် အစီး ၁၅ လာရောက်၍ငြှိမ်းသတ်နေသော်လည်း ဂတ်စ်အိုး များလောင် ကျွမ်းနေမှုကြောင့် ဆက်လက်မကူး စက်စေရန်အတွက် မီးညွန့်ထိန်းသိမ်းနိုင်ရေးကြိုး စားနေ ဆဲဖြစ် ကြောင်းသိရသည်။
လက်ရှိအခြေအနေအရ ဂတ်စ်အိုးသိုလှောင်ထားသည့်ဂိုဒေါင်တစ်လုံး၊ တစ်ထပ်တိုက်ခံအိမ်တစ်လုံးနှင့် တစ်ထပ်သစ်သားအိမ်တစ်လုံးလောင်ကျွမ်းနေကြောင်း သိရသည်။
မီးလောင်ကျွမ်းရာသို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေရောက်ရှိနေကြောင်းလည်း သိရ သည်။
Popular News Journal
![](http://lh5.googleusercontent.com/_rVtSxdSzBGA/TZK5gu4QTeI/AAAAAAAAAI8/9f5LJHl3QVI/13352642.gif)