လယ်သမား ဆန္ဒပြတဲ့ ရွာ လုံထိန်းဝိုင်း
မုံရွာ ခရိုင် ဆားလင်းကြီး လက်ပံတောင်း တောင် ကြေးနီ စီမံကိန်း လယ်သိမ်း ခံရတဲ့ ပြည်သူ တွေကို ကူညီ နေသူတွေကို ဖမ်းဖို့ ဆည်တဲ ရွာကို လုံထိန်းတွေ ဝိုင်း ထားတယ် လို့ သိရပါတယ်။
![]() |
အဓမ္မ လယ်သိမ်းမှု ဆန္ဒပြ (ဓာတ်ပုံ- အထက် ဗမာပြည် ဗကသ) |
လယ်သမား အရေး ကူနေတဲ့ ရန်ကုန်က ကိုဝေဠုကို သြဂုတ် ၃၁ ရက်က ဖမ်းပြီးနောက် ကျန်တဲ့သူတွေ ဖမ်းဖို့ ဝိုင်းတာ ဖြစ်ပါတယ်။
ရွာသားတွေ ကလဲ ရွာကို ရဲတွေ ဝင်လာရင် ခုခံ ဖို့ ပြင်ထားတယ် လို့ သိရပါတယ်။
လယ်သမား အရေး ကူညီဖို့ ရောက်နေတဲ့ ဗက သ ကျောင်းသား လူငယ်တွေ လာထဲက အရပ်ဝတ် ရဲက နောက်က ကပ်လိုက် နေတယ်လို့ အထက် ဗမာပြည် ဗကသ အမှုဆောင် ကိုမိုးထက်နေက ဆိုပါတယ်။
ရွာကလူတွေမှာ လုပ်ကိုင်စားစရာ မရှိတော့ဘဲ အများ စိတ်ဝင်စား ကူညီမှုလဲ မခံရလို့ ရေရှည်မှာပို ဒုက္ခ ရောက်လိမ့်မယ် လို့လဲ သိရပါတယ်။
၂ဝ၁ဝ ထဲက လယ်ဧက ခုနစ်ထောင်ကျော် တရုတ်ကုမ္ပဏီက သိမ်းထားတာမို့ ဇွန်လထဲက ဆန္ဒ ပြနေ ကြတာ ဖြစ်ပါတယ်။
