မြန်မာ့ ဗဟိုဘဏ် သီးခြားရပ်တည်တော့မည်
မြန်မာနိုင်ငံ ဗဟိုဘဏ်သည်၊ သီးခြား ရပ်တည်နိုင်ရေး ဖွဲ့စည်းပုံ အသစ်ကို အစိုးရမှ အတည်ပြုပြု ပေး လိုက်ပြီးဖြစ်သည်ဟု    ဗဟိုဘဏ်က ဆိုပါသည်။ ဤသည် မြန်မာ့ ဗဟိုဘဏ်သည် အစိုးရ ၏ ငွေကြေး ပေါ်လ စီ အောက်မှ လွတ်ကင်းသွားနိုင်ပါ သည်။
“ အခုလို ရပ်တည်ခွင့် ရသွားတဲ့အတွက် ငွေကြေးမူဝါဒနဲ့ ပါတ်သက်ပြီး၊ အစိုးရရဲ့ ခွင့်ပြုချက် ယူစရာမလိုဘဲနဲ့ လွတ် လွတ် လပ်လပ် ဆုံးဖြတ်ပိုင်ခွင့် ရတော့မှာဖြစ်ပါတယ်။ အတိုးနှုန်းကိစ္စ၊ နိုင်ငံခြားငွေကြေး ဈေးကွက်၊ သီးသန့် ငွေကြေးထားရမဲ့အ ချိုး၊ စာချုပ် အရောင်းအ၀ယ် ကိစ္စ၊ ငွေ စက္ကူ ထုတ်ခွင့် စတဲ့ ဗဟိုဘဏ်တခုရဲ့ အဆုံး အဖြတ်နဲ့ လုပ်နိုင်တော့မှာဖြစ်တယ်” ဟုဗဟိုဘဏ် အရာရှိတဦး က ပြောပါသည်။
သို့သော် အစိုးရသည် ဘဏ္ဍာရေး ၀န်ကြီး ဌာနမှ တဆင့် အစိုးရ ရငွေ၊သုံးငွေ၊ အခွန်စသည့်မူဝါဒသာ ချမှတ်ရမည်ဖြစ်သည်။ ဗဟိုဘဏ်သည် သီးခြား ရပ်တည်နိုင်ရန် လက်ရှိ ၀န်ထမ်းထက် နှစ်ဆတိုးပြီး ခန့်ရမည်ဖြစ်သည်။ လက်ရှိဝန်ထမ်းမှာ (၁၂၀၀) ခန့် ရှိပါသည်။
ထို့ကြောင့် ဗဟိုဘဏ် သီးခြား ရပ်တည်နိုင်ရေးသည်၊ (၁၉၉၀) ခုနှစ်မှ ပြဌာန်းထားသော ဗဟိုဘဏ် ဥပဒေကို ပြင်ဆင်ရေးသား ရတော့မည်ဖြစ်ပါသည်။
 Posted by Creator Myanmar 
										 on 2:02 PM. Filed under 
										 
Local News
.
										 You can follow any responses to this entry through the RSS 2.0.
										 Feel free to leave a response
		
										 Posted by Creator Myanmar 
										 on 2:02 PM. Filed under 
										 
Local News
.
										 You can follow any responses to this entry through the RSS 2.0.
										 Feel free to leave a response
										 
 
