“မီဒီယာဖိနှိပ်မှု.... ရပ်”
“မီဒီယာဖိနှိပ်မှု.... ရပ်” ဟူသည့် အနက်ရောင် တီရှပ် ၀တ်လှုပ်ရှားမှု တစ်ရပ်ကို မီဒီယာပေါင်းစုံမှ သတင်းသမားများ စုပေါင်းကာ ယနေ့(သြဂုတ် ၄ရက်) နံနက် ၁၁နာရီတွင် စတင်ပြုလုပ်ခဲ့သည်။
ဆူးလေရှိ The Voice ရုံးခန်းနှင့် မြေနီကုန်းရှိ Envoy ဂျာနယ်ရုံးခန်းတို့သို့ သွားရောက်ကာ အားပေးကာ မီဒီယာဖိနှိပ်မှုကိုဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် သတင်းသမားများ၏ လက်မှတ်များကိုလည်း စုဆောင်းခဲ့ပြီး ထိုလက်မှတ်များနှင့် စာများ ကို နိုင် ငံတော် သမ္မတနှင့် လွှတ်တော်နှစ်ရပ် တို့ထံ ပေးပို့ သွား မည်ဖြစ်ကြောင်းသိရသည်။
(ဓာတ်ပုံ-ဥက္ကာကိုကို)
ယနေ့ ( သြဂုတ်လ၊ ၄ ရက်) နံနက်ပိုင်းက ပြုလုပ်သော စာနယ်ဇင်းသမားများ၏ "မီဒီယာဖိနှိပ်မှု ရပ်" လှုပ်ရှားမှုတွင် မင်းကိုနိုင်ဦးဆောင်သော ၈၈မျိုးဆက်ကျောင်းသားများ ပူးပေါင်းပါဝင်ခဲ့ကြသည်။
Posted by Unknown
on 2:39 PM. Filed under
feature,
Local News
.
You can follow any responses to this entry through the RSS 2.0.
Feel free to leave a response