|

ကျောက်တော် မှာ အရေးပေါ်ပုဒ်မ ထုတ်ပြန်

လူမျိုးရေး အဓိကရုဏ်းတွေ ဖြစ်နေတဲ့ ကျောက်တော် မှာ အစိုးရ က အရေးပေါ် အခြေအနေ ကြေညာ ထားရပြီး နေဝင်မီးငြိမ်း ညမထွက်ရ ပုဒ်မ ၁၄၄ ထုတ်ပြန် ထားပါတယ်။အရေးပေါ်ပုဒ်မ ကို ဗုဒ္ဓဟူးနေ့ က စတင်ပြီး ထုတ်ပြန် ခဲ့တာလို့ ကျောက်တော် ဒေသခံတွေ က ပြော ပါတယ်။

လူမျိုးရေး အဓိကရုဏ်းကြောင့် ပြာကျ သွားရတဲ့ အိမ်တွေ
ဇွန်လဆန်းပိုင်း က စတင်ခဲ့တဲ့ မငြိမ်သက်မှု တွေ ကြောင့် ရခိုင်ပြည်နယ် မှာ အရေးပေါ်အခြေ အနေ ကြေညာခဲ့ရပြီး မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ ရသေ့တောင် ၊ ကျောက်ဖြူ စတဲ့ မြို့နယ် တွေ မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထား ပါတယ်။ အခုတော့ လူအုပ်စု လိုက် ဆူပူ အကြမ်းဖက် မှု တွေ ဖြစ်လာ တဲ့ ကျောက်တော်မြို့မှာ လည်း ပုဒ်မ ၁၄၄ ကြေညာ ခဲ့ရ ပါတယ်။

ကျောက်တော် က ရခိုင်လူမျိုးတွေ နဲ့ မွတ်ဆလင် တွေကြား ဖြစ်နေတဲ့ အကြမ်းဖက် တိုက်ခိုက်မှု တွေ အတွင်း လူတွေ အသေအပျောက် ရှိတယ် ဆိုတဲ့ သတင်း တွေ လည်း ထွက်လာသလို အနည်းဆုံး မွတ်ဆ လင် ကျေးရွာ ၅ ရွာ မီးရှို့ခံရပြီး တောင်ပေါက်ရွာ က ရခိုင် လူမျိုးပိုင် ဆန်စက် တလုံး လည်း မီးရှို့ခံရပါတယ်။

ရခိုင်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ ကိုယ်စား ဝင်ရောက်ယှဉ်ပြိုင်ပြီး ကျောက်တော် မြို့နယ် ကနေ ရွေး ချယ် တင်မြှောက်ခံရတဲ့ ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဉီးစောငြိမ်းက မြို့ထဲ မှာတော့ ငြိမ် သက်နေပြီး မြို့ပြင် တောနယ် တွေ မှာတော့ ၂ ဘက် အကြား တင်းမာမှုတွေ ရှိတယ် လို့ ဘီဘီစီ ကို ပြောပါတယ်။

အရင်လပိုင်း က မောင်တော မှာ ဆူပူ အကြမ်းဖက်မှု ဖြစ်ပွားခဲ့ပြီးနောက် ကျောက်တော်မှာ လည်း အကြမ်းဖက်မှု တွေ ဖြစ်ခဲ့ပေမယ့် အခုတခေါက် ဖြစ်တာ ကတော့ အရင်ကထက် ပိုပြင်းထန် နေတယ် လို့ ဒေသခံတွေ က ပြောပါတယ်။

Posted by Unknown on 1:46 PM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response
.

Recently Commented

Recently Added