ငါ့စကား ... ကင်တားနား...ရ
သုရှင်ကင်တားနား ဟာမြန်မာနိုင်ငံကို လာပြီးလေ့ လာမှု တွေပြုလုပ်မယ်.. .ပြီးရင်ကြေငြာချက် ထုတ် မယ်ဆိုလို့ လူတိုင်းက မျှော်လင့်တကြီးနဲ့.. စောင့်စား နေ ခဲ့ကြပါတယ်။သို့ပေမယ့် ..သိပ်ပြီးတော့ ..ရလာဒ် ကောင်းထွက် လိမ့်မယ်လို့တော့ မထင်မိခဲ့ရိုး အမှန် ပါ။...ကင်တားနားဟာ လူ့အခွင့်အရေးကို တင်ပြ ဆွေးနွေးတာထက်..ရိုဟင်ဂျာတွေကို လာကြည့် တာ ဆိုရင်မမှားပါဘူး။
( ဒါကြောင့်ရခိုင်အမျိုးသားခေါင်းဆောင်လို့ခေါ်ဆိုရမယ့် ဦးအေးသာအောင်က ကင်တားနား ကြေငြာချက် မထုတ် ခင်ကတည်းက သူလာခြင်းဟာ ရခိုင်တို့ အတွက် မဟုတ်နိုင်ဘူးလို့ ကြိုတင်ဟောကိန်း ထုတ်ထားခဲ့ ပါတယ်) ကင်တားနားအဖြစ်ကိုတွေးမိတိုင်း ဟိုးတုန်းက ( မဆလ ခေတ် ) က တစ်ဆင့်စကား တစ်ဆင့် နားပြောခဲ့တဲ့ ပါးစပ်ပုံပြင်လေးနဲ့ သွားဆင်တူနေတာ ကို တွေ့ရပါတယ်။
ဒီလိုခင်ဗျ...
ဟိုးတုန်းက မဆလ ခေတ်မှာ မြို့နယ်တရားသူကြီးတစ်ဦးရှိတယ်တဲ့။ ဦးကြီးပုပေါ့ဗျာ။
ဦးကြီးပု ကလည်း တရားရေးရာမှာ တော်လို့တတ်လို့ ဥပဒေ ကိုနားလည် လို့..တရားသူကြီးတတ် လုပ်တာမှ မဟုတ်ဘဲကိုးဗျ.။ဒီလိုဘဲ ရပ်ရွာက ဒီလူကြီး သမာသမတ်ကျ တယ်ဆိုပြီး ခန့်ထားတာ။ တစ်ရက်ရောက်တော့ ..မုဒိန်းမှု ကဖြစ်ရောဗျို့။ ဒါနဲ့တရားရင်ဆိုင်ကြမယ်ဆိုပြီး ရှေ့နေတွေ နှစ်ဖက်စလုံးက ..ငှားပြီး တရားရင် ဆိုင်ကြတာ ပေါ့ခင်ဗျာ။
တရားသူကြီးက တရားခံရှေ့နေ ဦးမှတ်ဘာမှ မပြောခင်ကတည်းက ကြိုပြောထားတယ်တဲ့။
ဘာတုန်းဆိုတော့ ဒီအမှုက ရပ်ကျော်ရွာကျော် ၊ ဘယ်သူမှားမှန်း ဘယ်သူမှန်မှန်း အားလုံးသိ နေကြလေ တော့ ' မောင်မှတ်...မင်းဘာတွေပြောပြော ငါကတော့ တရားခံကို ထောင် ၇ နှစ်ချမယ်ကွ "လို့ ကြိုပြော ထားတာပေါ့ဗျာ။
ရှေ့နေခင်ဗျာ သူတတ်သလောက်မှတ်သလောက် တရားဥပဒေ စာအုပ်တွေလှန်လော ပြီး တရားခံ ဖက်က နေ ထုချေ လွှာတင်တာပေါ့ဗျာ။ တရားသူကြီးက ရှေ့နေ ဘာပြောပြော ခေါင်းသာ အသာငြိမ့်နေပြီး ဘာမှ တော့ ၀င်မပြောဘူးတဲ့ဗျ။
နှစ်ဖက် စလုံးအပြန်အလှန်ပြောဆိုချေပ ငြင်းခုန် လို့လည်းပြီးသွားရော...
အမိန့်ချမယ်..ဆိုပြီး တရားသူကြီး ဦးပုကဘာအမိန့်ချလိုက်သလဲဆိုတော့...ထောင်၇ နှစ်ကျခံစေ။ တဲ့ဗျာ။ဟဲဟဲ အဲဒါတကယ့်အဖြစ်အပျက်တဲ့ဗျ။ ရေဦး၊ခင်ဦးဖက်က ရာဇ၀င်ပေါ့ဗျာ။
အဲလိုပါပဲ။ အခုကင်တားနားက ဘယ်လိုစကားမျိုးပြောမယ်။ ဘယ်လို ကြေငြာချက်ထုတ်မယ်ဆိုတာ ..မြန်မာ နိုင်ငံသားတွေ အစိုးရအဖွဲ့ အစည်းတွေအားလုံးက ကြိုတင်ခန့်မှန်းမိကြပေမယ့် ...ဟိုလိုက်ပြ။။ ဒီလိုက်ပြနဲ့ တတ်နိုင်သလောက်တော့ လုပ်ကြရှာပါတယ်။ ဒါပေမယ့်..နောက်ဆုံးကင်တားနားကတော့ ...မြန်မာ တွေမျှော်လင့် ထားသလိုပါပဲဗျာ။ ထောင် ၇ နှစ်ကျခံစေ။ပေါ့။
by Myanmar Express Group
