ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲတာဝန်ပေးခြင်း
ပြည်ထောင်စု ၀န်ကြီး (၉) ဦးတာဝန်ပြောင်းလဲ ပေးအပ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ ကြေညာ
ကြေညာချက် အပြည့်အစုံမှာ
ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲတာဝန်ပေးခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊ ၂၂/၂၀၁၂)
၁၃၇၄ ခုနှစ်၊ ဝါခေါင်လဆန်း ၁၀ ရက်
(၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်)
ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲတာဝန်ပေးခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂ နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၂ တို့အရ အောက်ဖော်ပြပါ ပြည်ထောင်စုဝန်ကြီးများအား ယဉ်တွဲပါ ပြည်ထောင်စုဝန်ကြီး ဌာန အသီးသီးတွင် ပြောင်းလဲတာဝန်ပေးလိုက်သည် -
(၁) ဦးစိုးသိန်း သမ္မတရုံးဝန်ကြီးဌာန
(၂) ဦးအောင်မင်း သမ္မတရုံးဝန်ကြီးဌာန
(၃) ဦးလှထွန်း သမ္မတရုံးဝန်ကြီးဌာန
(၄) ဦးတင်နိုင်သိန်း သမ္မတရုံးဝန်ကြီးဌာန
(၅) ဦးအောင်ကြည် ပြန်ကြားရေးဝန်ကြီးဌာန
(၆) ဦးကျော်ဆန်း သမဝါယမ ဝန်ကြီးဌာန
(၇) ဦးအုန်းမြင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန
(၈) ဦးအေးမြင့် စက်မှုဝန်ကြီးဌာန
(၉) ဦးတင့်ဆန်း အားကစားဝန်ကြီးဌာန
(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
