မက္ကစီကိုတွင် မြို့တော်ဝန်အဖြစ် ရွေးချယ်ခံထားရသူ သတ်ဖြတ်ခံရ
မက္ကစီကိုနိုင်ငံတွင် မြို့တော်ဝန်အဖြစ် ရွေးကောက်ခံထားရသူ တစ်ဦးအား သေနတ်သမားများက ပစ်သတ် သွားခဲ့ကြောင်း သိရှိရသည်။ ရွေးကောက်ပွဲတွင် အောင်မြင်မှု လောလောလတ်လတ် ရရှိပြီး အိမ်အပြန် တွင်ပင် ပြုပြင်ပြောင်းလဲရေး ဖွဲ့စည်းမှုပါတီမှ နိုင်ငံရေးသမားဖြစ်သူ အဂ္ဂါမိုရာလက်စ်မှာ လုပ်ကြံသတ်ဖြတ် ခံခဲ့ရခြင်း ဖြစ်သည်။ ပူပူနွေးနွေး မြို့တော်ဝန်၏ ရုပ်အလောင်းကို လမ်းပေါ်တွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အမျိုးသမီး တစ်ဦးက အတည်ပြုခဲ့သည်။
၎င်းသည် ဆန်လူးဝစ် ပိုတိုဆီ ပြည်နယ်ရှိ မက်တာ ဟာလာ မြို့အတွက် မြို့တော်ဝန် ရာထူးတွင် ပါဝင် အရွေးချယ် ခံခဲ့သူလည်းဖြစ်သည်။
အလောင်းနှစ်လောင်း ကို တွေ့ရှိရသည့်နောက် ဒုတိယတစ်ဦးသည် မြို့တော်ဝန်၏ မဲဆွယ်ရေး အရာရှိ ဂျူအန်ဖရန်ဆစ္စကို ဟာနန်ဒက်ဇ်ဖြစ်
ကြောင်း လည်း ရဲများက ဆိုသည်။ ယခုဖြစ်ရပ် တွင် အသက်မသေဘဲ လွတ်မြောက်ခဲ့သူ တစ်ဦး လည်း ရှိခဲ့ မိမိတို့ (၃)ဦးအား ရွေးကောက် ပွဲ အောင်နိုင်မှုပါတီမှ အပြန်တွင် အမည်မသိသေနတ်သမားများက ပိတ်ဆို့ပြီး ပစ်ခတ် ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဆန်လူးဝစ် ပိုတိုဆီ ပြည်နယ်သည် အကြမ်းဖက်မှုများ မကြာသေးမီ အတောအတွင်း ဆက်တိုက် လိုလို ဖြစ် ပွားခဲ့ပြီး ယခုကိစ္စကမူ အဆိုးဆုံး၊ ရုပ်အပျက်ဆုံး အခြေအနေမျိုးသို့ ဦးတည်လာသည်။ မူးယစ်ဆေး ဝါး မှောင်ခို ဂိုဏ်းအချင်းချင်း သတ်ဖြတ်မှုများအပြင် ပြဿနာ အမျိုးစုံ တက်နေသော ပြည်နယ်တွင် ကြာသပတေးနေ့က ဗင်ကားတစ်စင်းအတွင်း အလောင်း(၁၄)ခုကို ရှာဖွေ တွေ့ရှိခဲ့သေးကြောင်းလည်း သိရှိရသည်။
Ref:Planet
![](http://lh5.googleusercontent.com/_rVtSxdSzBGA/TZK5gu4QTeI/AAAAAAAAAI8/9f5LJHl3QVI/13352642.gif)