|

Android ဖုန်းမှာ အင်တာနက်ကို Desktop Computer ဖြင့် ချိတ်ဆက်ခြင်း

ပထမဆုံး အသုံးပြုမဲ့ User ရဲ့ Phone အမျိုး အစားကာ Android v.2.2 အထက်ဖြစ်ရ ပါမယ်။ နောက် အင်တာနက် လိုင်းဖွင့်ထားတဲ့ ဖုန်းလဲ ဖြစ်ရ ပါမယ်။







အောက်မှာပေးထားတဲ့ ပုံအတိုင်း ပြုလုပ်လိုက်ပါ။

(1) ဖုန်းရဲ့ Setting ထဲကိုဝင်လိုက်ပါ။
(2) ပြီးရင် Wireless & Network ကိုနှိပ်လိုက်ပါ။
(3) ထိုမှ တဆင့် Tethering and portable hotspot ရှာပြီးထပ်မံ နှိပ်လိုက်ပါ။ ပုံပါအတိုင်းတွေ့ရပါမည်။
(4) ဖုန်းရဲ့အားသွင်းတဲ့ USB ကြိုးဖြင့် ကွန်ပျူတာကို ချိတ်ဆက်ရန် USB tethering ကို အမှန်ခြစ်လုပ်ပေး ရပါမည်။
(မှတ်ချက်။ usb cable ကြိုးဖြင့်မချိတ်ဆက်ခင် usb tethering တွင် အမှန်ခြစ်လုပ်လို့မရပါ။ ထိုကြောင့် phone usb cable ကြိုးကို ကွန်ပျူတာ၏ usb ပေါက်တွင်ထည့်ပြီး လုပ်ကြည့်ရန်)


ဖုန်းရဲ့ Setting ထဲကိုဝင်လိုက်ပါ။ ပြီးရင် Wireless & Network ကိုရှာပြီးနှိပ်လိုက်ပါ။

ထိုမှ တဆင့် Tethering and portable hotspot ရှာပြီးထပ်မံ နှိပ်လိုက်ပါ။

USB Cable ကြိုးနှင့် ကွန်ပျူတာ မချိတ်ဆက်မီ တွေ့မြင်ရပုံ


(မှတ်ချက်။ usb cable ကြိုးဖြင့်မချိတ်ဆက်ခင် usb tethering တွင် အမှန်ခြစ်လုပ်လို့မရပါ။ ထိုကြောင့် phone usb cable ကြိုးကို ကွန်ပျူတာ၏ usb ပေါက်တွင်ထည့်ပြီး လုပ်ကြည်ရန်)

USB Cable ကြိုးနှင့် ကွန်ပျူတာ ချိတ်ဆက်ပြီး တွေ့မြင်ရပုံ

USB ကြိုးဖြင့် ကွန်ပျူတာကို ချိတ်ဆက်ရန် USB tethering ကို အမှန်ခြစ်လုပ်ပေးရပါမည်။

အားလုံး ချိတ်ဆက်ပြီးရင် အင်တာနက်လိုင်းဖွင့်ပေးဖို့ Date Service is disabled ကို Enable လုပ်ပေးပါ။


Data Service is Enabled လုပ်ပြီးနောက် 3G Network တက်လာပြီး အင်တာနက်စတင်အသုံးပြုနိုင်ပါပြီ။
အထက်ပါ လုပ်နည်းအတိုင်း Laptop ကွန်ပျူတာဖြင့်လဲ ချိတ်ဆက်နိုင်ပါသည်။ ကြိုးမဲ့ Portable Wi-Fi hotspot ဖြင့် အသုံးပြုပါလို့လဲ ရပါသည်။ udb tethering ကို အမှန်ခြစ်မပေးပဲ Portable Wi-Fi hotspot ကို အမှန်ခြစ်ပေးခြင်းဖြင့် ကြိုးမဲ့ Wi-Fi ကို ဆက်ချိတ်အသုံးပြုနိုင်ပါသည်။

KOHTUN(IT Group)









Posted by Creator Myanmar on 8:23 PM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response
.

Recently Commented

Recently Added