မြန်မာနိုင်ငံအား ဗုံးခွဲတိုက်ခိုက်သွားမည်ဟု ခြိမ်းခြောက်ခဲ့သော
မြန်မာနိုင်ငံအား ဗုံးခွဲတိုက်ခိုက်သွားမည်ဟု ခြိမ်းခြောက်ခဲ့သော တာလီဘန်ခေါင်းဆောင် ဒုံးကျည် ထိမှန်သေဆုံး
ကူနာပြည်နယ် ရှီဂယ်ခရိုင်အတွင်း ပြုလုပ် ခဲ့သော
လေကြောင်းတိုက်ခိုက် မှုကြောင့် အဆိုပါ တာလီဘန်ခေါင်းဆောင်မော်လ၀ီဒါဒူလာရှ် မှာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်းနှင့် အလောင်းအား
ရရှိပြီဖြစ်ကြောင်း နေတိုးတပ်ဖွဲ့ မှအတည်ပြုပြော ကြားသည်။
မောင်းသူမဲ့ လေယာဉ်မှ ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အခြားအရပ် သားများနှင့် အဆောက်အဦးများ ထိခိုက်မှု မရှိကြောင်း ဆက်လက်ပြောကြားခဲ့သည်။
အဆိုပါ တာလီဘန်ခေါင်းဆောင်အား ဂျမယ်လ်ဟုလည်း လူသိများကာ ၄င်းသည် အာဖဂန်တပ်ဖွဲ့ နှင့် ညွန့်ပေါင်းတပ်ဖွဲ့ များအား တိုက်ခိုက်ရေးနှင့် လက်နက်များ စီစဉ်ရာတွင် အဓိက ကျသူဖြစ်သည်။
မသေဆုံးမီ အထိ လှည့်လည်ပုန်းရှောင်နေခဲ့ရပြီး အတွင်းလူ တစ်ဦး၏ သတင်းပေးမှုဖြင့် ချေမှုန်း နိုင်ခဲ့
ခြင်းဖြစ်ကြောင်း သိရှိရသည်။ အစောပိုင်းကမူ အဆိုပါ သတင်းအား တာလီဘန်မျာဖက်မှ ငြင်းဆိုခဲ့သေး သည်။
(၁) မူရင်းဆိုဒ်
(၂) မူရင်းဆိုဒ်
( အက်ရှင်ဘဘ ဒီမို )
