|

ATM Card များကို MPU Card များဖြင့် လဲလှယ် ပေးမည်ဟုဆို

မြန်မာနိုင်ငံတွင် MPU စနစ် မပြုလုပ်ခင်က ထုတ်ပေး ထားသော ATM Card များကို MPU Card များဖြင့် Myanmar Payment Union အဖွဲ့ဝင်ဘဏ်များမှ လဲလှယ်ပေးသွားမည် ဖြစ်ကြောင်း ပုဂ္ဂလိကဘဏ်၏ Facebook စာမျက်နှာတွင် ဖော်ပြပါရှိသည်။
မြန်မာနိုင်ငံတွင် ငွေလွှဲခြင်း၊ ငွေထုတ်ခြင်း၊ ငွေသွင်းခြင်း၊ အွန်ုလိုင်းမှ ဈေးဝယ်ခြင်းများ ပြုလုပ်နိုင်သည့် MPU (... Myanmar Payment Union )၏ Debit Card များကို စက်တင်ဘာလ ၁ ရက်နေ့တွင် စတင် အသုံးပြုနိုင် မည် ဖြစ်ကြောင်း ပုဂ္ဂလိက ဘဏ်တစ်ခု၏ Facebook စာမျက်နှာတွင် ဖော်ပြပါရှိသည်။


အဆိုပါ ကတ်များကို ဘဏ် ၁၇ ဘဏ်မှ ပူးပေါင်း၍ တည်ထောင်ထားခြင်း ဖြစ်ကြောင်းနှင့် ယင်းကတ်ဖြင့် MPU အဖွဲ့ဝင် ဘဏ်များ၏ ATM များတွင် ငွေထုတ်ယူ နိုင်မည်ဖြစ်ကြောင်း MPU Card လက်ခံသည့် ဆိုင်များတွင်လည်း ဈေးဝယ်နိုင်မည် ဖြစ်ကြောင်း ၎င်းစာမျက်နှာတွင် ဖော်ပြပါရှိသည်။

အဆိုပါ MPU Card များ ထုတ်ပေးပြီ ကိုးလအကြာတွင် မြန်မာနိုင်ငံတွင် ပထမဦးဆုံး အကြိမ်အဖြစ် VISA Card စနစ်ကို အသုံးပြု၍ ရမည် ဖြစ်ကြောင်း သမဝါယမဘဏ် တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

သို့သော်လည်း ကမ္ဘောဇဘဏ်က စမ်းသပ်ဆဲ ကာလဖြစ်သောကြောင့် မြန်မာနိုင်ငံ ပြည်သူ ပြည်သားများ အားလုံးကို ပေးသုံးနိုင်ဦးမည် မဟုတ်ကြောင်း ကမ္ဘောဇ ဘဏ် တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

နောက်ပိုင်းမှာ MPU Card ထဲကို အင်တာနက်ပေါ်ကနေ ဈေးဝယ်လို့ရတဲ့ စနစ်မျိုး ထည့်သွင်းပေးသွားဖို့ စီစဉ်နေပါတယ် ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၀၀ ပြည့်နှစ် ၀န်းကျင်မှ ၂၀၀၂ခုနှစ် နှစ်ကုန်ပိုင်း အထိ အေတီအမ်ကတ်နှင့် Credit ကတ်များကို အသုံးပြုခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော ဘဏ်လုပ်ငန်းများ ပြိုလဲမှုကြောင့် ပြန်လည် ရုပ်သိမ်းခဲ့ပြီး ၁၁ နှစ် ဝန်းကျင် အကြာ ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် Myanmar Payment Union Debit ကတ်စနစ် စတင်မည် ဖြစ်သည်။
 
The voice weekly  

Posted by Creator Myanmar on 1:56 PM. Filed under , . You can follow any responses to this entry through the RSS 2.0. Feel free to leave a response
.

Recently Commented

Recently Added

Popular Posts