ရိုဟင်ဂျာဆိုသူက ဖုန်းဆက်ခြိမ်းခြောက်
ဦးသိန်းညွန့်၏ ရခိုင်ကိစ္စ လွှတ်တော်တွင်းဆွေးနွေးချက် ရိုဟင်ဂျာဆိုသူက ဖုန်းဆက်ခြိမ်းခြောက်
သင်္ဃန်းကျွန်းမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးသိန်းညွန့်၏ ရခိုင်ပဋိပက္ခလွှတ်တော် တွင်းဆွေးနွေး ပြောကြားမှု အပေါ် ၄င်း၏ပါတီရုံးသို့ ၄င်းကိုယ်ကိုယ် ရိုဟင်ဂျာဟုရည်ညွန်းသုံးစွဲခဲ့သူက သုံးကြိမ် တိုင်တိုင်ဖုန်းဆက်ခြိမ်းခြောက် မှုပြုလုပ် ခဲ့ ကြောင်း ပါတီတာဂန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါခြိမ်းခြောက်ပြောကြားသူသည် သင်္ဃန်းကျွန်း အခြေစိုက် ဦးသိန်းညွ့န်၏ အမျိုးသားဒီမိုကရေစီ ပါတီ သစ်ရုံးသို့ ဇူလိုင်လ ၁၇ရက်နေ့ ညနေ ငါးနာရီခွဲအချိန်ခန့်က တစ်ကြိမ်၊ ဇူလိုင်လ ၁၉ရက်နေ့ တွင် နှစ်ကြိမ် ဖုန်းဆက်ခြိမ်းခြောက်ခဲ့ခြင်းဖြစ်ကြောင်း ၄င်းက ပြောသည်။" ဦးသိန်းညွန့်ရခိုင်ကိစ္စ တင်တာကို လုံးဝ ကန့်ကွက် တယ်။ ခင်ဗျားတို့ပါတီက ရိုဟင်ဂျာမဲနဲ့ အနိုင်ရတာ။ အနိုင်ရထားတာဆိုပြီး ပြောတယ်။
အပြန်အလှန်ပြောပြီး ဖုန်းချသွားတယ်။ " ဟု ၄င်းကပြောသည်။
အဆိုပါဖုန်းဆက်ခြိမ်းခြောက်သူသည် ပထမအကြိမ်တွင် ရန်ကုန်ကုတ် ၀၁ ဖုန်းဖြင့် ဆက်ပြီး ဒုတိယနှစ်ကြိမ် တွင် လက်ကိုင်ဟန်းဖုန်းဖြင့် ဆက်သွယ်ခြင်းဖြစ်ကြောင်း ၄င်း၏ ပြောပြချက်အရသိရသည်။
ထို့်အပြင် ပါတီတာဝန်ရှိသူက ဦးသိန်းညွန့်လွှတ်တော်တွင်းဆွေးနွေးချက်သည် ပါတီ၏ မူဝါဒဖြစ်ပြီး သင်္ဃန်း ကျွန်းတွင် မည်သည့်ရိုဟင်ဂျာမှမရှိကြောင်းပြောကြားသည်။
Popular Myanmar News
