|

Android ပေါ်က virus များ ( သို့ ) Protect your android from virus

ကျွန်တော်တို့ရဲ့စက်ရုပ်ကြီး android ကတော့ smart 

phone လောကမှာမြန်မြန်ဆန်ဆန်နဲ့ပဲ အောင်မြင်
ကျော်ကြား လို့လာပါပြီ။ သူ့ရဲ့အောင်မြင်လာမှု နဲ့အတူ android phoneမှာ malwares ကူးစက် ခံရတယ်ဆိုတဲ့ ပုံပြင်တွေလဲများလို့ လာပါရော လားဗျာ။

Malware ဆိုတာvirus ,worm,trojan နဲ့ bot တွေ လိုအန္တရာယ်ရှိတဲ့ programs တွေပေါ့။

Viruses တွေနဲ့ Worms တွေကြောင့် ကိုယ့်ရဲ့ computer နဲ့ phones တွေမှာရှိတဲ့ softwares တွေကြောင် သွားသလို ပုံတွေနဲ့ ကိုယ့်ရဲ့ ဖိုင်တွေလည်း ဖျက်ဆီးခံကြရပါတယ်။

Trojans တွေက ကိုယ့် computer နဲ့ phones တွေရဲ့ system ပိုင်းအထိဝင်ရောက်ပြီး system settings တွေကို သူတို့စိတ်ကြိုက်ပြောင်းလဲပစ်ကြတယ်။ ကိုယ့် phone မှာ ကိုယ်မလုပ်ရပါဘဲ GPS.ပွင့် ပွင့်သွားတယ် ringtones တွေ auto ပြောင်းသွားတယ် ဆိုတာက ဒီ malwares တွေရဲ့လက်ချက်ပေါ့။ အခန့်မသင့်ရင် Malware တစ်ကောင်က ကိုယ့် phone ကိုသုံးပြီး phone call တွေခေါ် massage တွေ auto ပို့လို့ phone ထဲထည့်ထားတဲ့ ပိုက်ဆံလေးတွေ မြန်မြန် ကုန်သွားအောင်တောင် လုပ်လိုက် လို့ ရသေးတယ်။နောက်ဆုံးအဆင့် malware တွေက ကိုယ့်ဖုန်းကိုထိန်းချုပ်ပြီး sim lock ချလိုက်တာ နဲ့ သူ့ စိတ်ကြိုက် password ပေးပြီး phone ကိုဖွင့်လို့မရတော့တဲ့အထိ လုပ်လို့ရပါတယ်။ဒါပေမယ့် အခုအချိန် ထိ ဒီလို ထိန်းချုပ်လိုက်တယ်ဆိုတဲ့ ဖြစ်ရပ်မျိုး မပေါ်ပေါက်သေးပါဘူး ဒီလိုထိန်းချုပ်ဖို့ဆို တာလဲလွယ်မှ မလွယ်ပဲကိုး။


အဲ သတိထားရမယ့်အကောင်က spyware ပဲ။ဒီကောင်လည်း malware အုပ်စုထဲမှာပါတယ်။သူတို့က ကိုယ့်ဖုန်း မှာရှိတဲ့ ဖုန်းနံပါတ်တွေ call logs တွေ နဲ့ ဘဏ်အကောင့်တွေလို ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကိုခိုးယူပြီး အဲ့ဒီ့ spyware ရေးလိုက်တဲ့သူဆီကို အင်တာနက်ကနေ တစ်ဆင့် ပြန်ပို့ပေး နိုင်ကြတယ်။

အခုချိန်ထိကြားရတဲ့သတင်းတွေအရတော့ တစ်လောက malware ပါတဲ့ app တစ်ခုဟာ ဖုန်းခေါ် ဆိုမှုတွေကို တိတ်တဆိတ် recording မှတ်ထားပြီး အဲ့ဒီ့ app ရေးတဲ့သူဆီ ပြန်ပို့ပေးတယ်ဆိုပဲ။ တရုတ် မှာဖြစ်ပွားခဲ့တာပါ။ပညာရှင်တွေကတော့ အဲ့ဒီ့ malware ဟာတရုတ်နက်ဝက် အတွင်းမှာ သာဖြစ် ပွားပြီး android ဖုန်းအများစုပေါ်မှာလည်း အလုပ်မလုပ်နိုင်ပါဘူးလို့ဆိုပါတယ်။Android ပေါ်က malware တွေနဲ့ ပတ်သတ်ရင် သိပ်လည်းမစိုးရိမ်ဖို့ပြောသွားပါသေးတယ်။


ဟုတ်တော့လည်းဟုတ်ပါတယ်။စိုးရိမ်စရာတော့သိပ်မရှိလှပါဘူး။ကြိုတင်ကာကွယ်ထားလို့လည်းရပါတယ်။ Malware ကူးစက်ခံရတယ်ဆိုတာက အဓိက ၂ချက်တည်းကြောင့်ပါ။ 
၁။ Email နဲ့ websites တွေမှာပါတဲ့ ကိုယ်သေချာမသိတဲ့ link တွေကိုနှိပ်မိတယ်။ 
၂။ မယုံကြည်ရတဲ့ sites တွေက Apk ဖိုင်တွေ download ဆွဲပြီး ကိုယ့်ဖုန်းထဲမှာသွင်းမိတယ်။ အဲ့ဒါကြောင့်ပါ။ ကာကွယ်ဖို့ဆို ကိုယ်မသိတဲ့ linkတွေကို မနှိပ်နဲ့ပေါ့။ဒါမှမဟုတ်လည်း link scanner ပါတဲ့ mobile security တစ်ခုခုသုံးပါ။ နောက်တစ်ခုက မယုံကြည်ရတဲ့ website တွေက game နဲ့ application apk ဖိုင်တွေ download ဆွဲသွင်းမယ်ဆိုသတိထားပေါ့။ apk ဖိုင်တွေကို install လုပ်ခါနီးမှာ အဲ့ဒီ့ app ရဲ့လိုအပ်တဲ့ permissionsတွေကိုပြပါတယ်။ မသွင်းခင် သေချာကြည့်ကြည့်လိုက်ပါ။ game တစ်ခုက ဖုန်းရဲ့ sms နဲ့ contact permission တွေတောင်းစရာအကြောင်းကို မရှိပါဘူး။ဒီလိုတောင်းတဲ့ game မျိုးဟာ malware ပါ။ ဆက်မသွင်းနဲ့တော့ပေါ့။ Permissionတွေဘာတွေအာရုံနောက်တယ်ဆိုရင်လည်း ဟဲဟဲ ကြော်ငြာတာမဟုတ်ဘူးနော် mobile antivirus /security software တစ်ခုခုသုံးပေါ့။သွင်းသမျှ apps တွေအားလုံးကို virus အော်တိုစစ်ဆေးပြီး သတ်ပေးပါလိမ့်မယ်။

ဒီ mobile security software တွေက ကိုယ့်ဖုန်း လုံခြုံရေးအတွက် virus စစ်ဆေးပေး တာအပြင် အများကြီးပိုလုပ်ပေးနိုင်ပါတယ်။ကိုယ်မပြောချင်တဲ့ဖုန်းတွေကကိုယ့်ကို ခေါ်မရအောင် massage ပို့မ ရအောင်လုပ်ထားလိုရတဲ့ blacklist function ။ဖုန်းမတော်တဆပျောက်သွားခဲ့ရင် တွေတဲ့သူက ကိုယ်ဖုန်းကို ကလိလို့မရအောင်နဲ့ ကိုယ့်ဖုန်းထဲ SIM ကဒ်အသစ်ထည့်သုံးနေရင် အဲ့ဒီ့ SIMကဒ်ရဲ့ဖုန်းနံပါတ်ကို ကိုယ်ပေး ထားတဲ့ ဖုန်းနံပါတ် သို့မဟုတ် email ထဲကို စာပို့အကြောင်းကြားပေးမယ့် anti-theif function တွေ လည်းပါပါတယ်။ဒီလို mobile security softwares များအကြောင်းကိုတော့ နောက်လာမယ့် ကျွန်တော့်ရဲ့ Android အတွက်အကောင်းဆုံး mobile security softwares များမှာဝင်ရောက်ဖတ်ရှုပြီး download ဆွဲယူနိုင်မှာပါ။သူငယ်ချင်းများအားလုံး virus ရန်ဘေးကင်းဝေးကြပါစေ။

Posted by Unknown on 5:05 PM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response