|

Web အခြေပြု Anroid market ကို စတင် လိုက်တဲ့ Google

Web အခြေပြု Anroid market ကို စတင် လိုက်တဲ့ Google

Google က app တွေကို Android အသုံးပြုတဲ့ မိုဘိုင်းဖုန်း စတဲ့ device တွေက နေသာ ဝင်ပြီး ဝယ်ယူခွင့်၊ အခမဲ့ ဒေါင်းလုပ်လုပ်ပြီး အသုံးပြုခွင့် စတာတွေ ပေးထာတဲ့ Android Market ကို သာမန် ကွန်ပျူတာ ကနေ လည်း ဝင်ရောက် ရှာဖွေ၊ ခွင့် ရအောင်  web အခြေပြု Android Market တစ်ခု အဖြစ် စတင် ပေး လိုက်ပြီ ဖြစ်ပါ တယ်။

Google က ဒီ web အခြေပြု Android Market ကို Motorolla Xoom tablet လို tablet တွေနဲ့ လိုက်ဖက် ညီညီ တွဲဖက် အသုံးပြု နိုင်မဲ့ Android 3.0 – Honeycomb ကို အများပြည်သူကို ချပြခဲ့တဲ့ နေ့မှာ ပဲ ဒီ web based Android market ကိုပါ တပါတည်း ဖွင့်လှစ် ပေးခဲ့တာ ပါ။ ဒါကြောင့် အခုဆိုရင် Android ကိုမှ ကြိုက်တဲ့ ပရိသတ် တွေ အနေနဲ့လည်း Apple လိုပဲ app store တစ်ခုကို ကွန်ပျူတာ ကနေ ကြည့်ရှု နိုင်ပြီ ဖြစ်ပါတယ်။  အသစ်လွင့်တင်လိုက်တဲ့ web based Android market ကတော့ https://market.android.com/ မှာပါ။

ထူးခြား ချက် အနေနဲ့ ဒီ web အခြေပြု Android Market မှာ social network လုပ်ဆောင်ချက်တွေ ထည့်သွင်းပေး ထားတာ ကြောင့် သူငယ်ချင်း အချင်းချင်း ကိုယ် ကြိုက်နှစ်သက်တဲ့ app တွေကို ညွန်ပြပေး နိုင်မှာ ဖြစ်တဲ့ အပြင်၊ app ရဲ့ screenshot တွေ၊ review တွေကို စုံစုံလင်လင် ဖတ်ရှု နိုင်ပြီ ဖြစ်ပါတယ်။


(တူလေး ရေးသားသည်)

Posted by Unknown on 8:26 PM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response