|

Site Google ဆိုတာ

Site Google ဆိုတာ


အယ်ဒီတာမင်းများက အီးမေးလ် စင်္ကြာတို့၊မေတ္တာပို့နေပြိဆိုတော့
အသော့နှင်ပြီးရေးရဦးတော့မည် ခက်ပြီ

ခက်တာက အင်တာနက်၊အင်တာနက်ကလည်း တခါတခါ ဖြူဖြူ သွားတတ်သေး နဂိုကတည်းက
တီအိုတီ ဆိုတဲ့စကားလုံး က နေ့နေ့ ညည စိုးမိုးလွန်းသူဖြစ်နေရတဲ့ကြားထဲ
အခုတလော ချိတ်မိထားတဲ့ တီအိုတီ အင်တာနက်က တစက်တစက်ကျတဲ့ ကျောက်စက်
ရေလိုဖြစ်နေသေး ခက်ပါ့။
ဘာပဲဖြစ်ဖြစ် ရေးပေဦးတော့ Octagon ရေ….အားတင်းလို့သာရေးပါလေပေါ့……။
အရင်ပြောခဲ့သလိုပေါ့ကျနော်တို့ ဘလော့တခုပဲဖြစ်ဖြစ် ၀က်ဘ်ဆိုက်ပဲဖြစ်ဖြစ်
ကိုယ်တင်ချင်တဲ့ ဓါတ်ပုံ၊ဗွီဒီယို ဖိုင်တွေကိုနေရာတခုခု မှာ
အရင်တင်ထားရပါတယ်။ပြီးမှ ကိုယ့်ရဲ့ ၀က်ဘ်ဆိုက်ဒ် စာမျက်နှာပေါ်မှာ
ချိတ်ဆက်ပြီးဖေါ်ပြရတာပါ။
အွန်လိုင်းပေါ်မှာကိုယ့်ကိုယ်ပိုင် နေရာ space မရှိဘူးဆိုယင်တော့
ဖရီးပေးထားတဲ့ နေရာတွေမှာ တင်ရပါတယ်။ဖရီးပေးထာ
Site google

းတယ် ဆိုတော့လည်း နေရာက အကန့်အသတ် ရှိတာပေါ့ ဒါပေမယ်လည်းကိစ္စမရှိပါဘူး
google ကပေးထားတဲ့ ဂျီမေးလ် အကောင့် ရှိထားယင် create new site ဆိုတဲ့
ခလုတ်လေးကိုနှိပ်ပြီး အသစ်ထပ်လုပ်လို့ရနိုင်ပါတယ်။

site.google.com ကိုသွားလိုက်မယ် ဆိုယင် ပုံမှာပြထားသလို google site
တခုဖန်တီးလို့ရနိုင်ပါပြီ အဲဒီမှာ ၀က်ဘ် ဆိုဒ်တခုလို ကိုယ့်ရဲ့
အွန်လိုင်း စာမျက်နှာကိုဖန်တီးနိုင်ပါပြီ နောက်ပြီး တင်ထားတဲ့ဖိုင်တွေကို
link လုပ်ပြီး ကိုယ့်ရဲ့ အခြား wordpress တို့ Joomla တို့ လို webware
နဲ့ပြုလုပ်ထားတဲ့ စာမျက်နှာတွေနဲ့ချိတ်ဆက်နိုင်ပြီပေါ့။
Google ရဲ့နောက်ထပ်ဝန်ဆောင်မှုတွေထဲမှာ PICASA WEB ALBUM တို့လို
ဓါတ်ပုံတွေတင်ထားနိုင်တဲ့ site လည်းရှိသေးပါရဲ့ လိပ်စာကတော့
picasa.google.com ဒါမှမဟုတ် picasaweb.google.com/
ဆိုယင်လည်းရောက်နိုင်ပြီး မိမိ ရဲ့ gmail
အကောင့်ဖွင်လျှက်သားရှိနေယင်တော့ ဘယ်ဖက်အပေါ်ထောင့်မှာရှိတဲ့
လင့်ခ်တွေကနေတဆင့် သွားနိုင်ပါတယ် ကဲ မဟန်ဘူးလား…..။
Picasa Web Album

ဗွီဒီယိုတွေလည်း တင်ချင်သေးယင်၊ဆွဲချချင်သေးယင် youtube.com
ရှိနေသေးသလို၊ www.mediafire.com/ တို့ www.scribd.com/ တို့မှာလည်း
ဖိုင်တွေတင်ထားနိုင်ပြီး ပြန်လည်ချိတ်ဆက်အသုံးပြုနိုင်ပါသေးတယ်။
ကဲ…..google က sitegoogle ဖြစ်ဖြစ် blogspot ဖြစ်ဖြစ် တခုခု အကောင့်
ဖွင့် မဆန့်တဲ့ဖိုင်တွေကို youtube တို့ picasa တို့ mediafire တို့
scribd တို့မှာ တင်ပြီး စိတ်ကြိုက် အွန်လိုင်းစာမျက်နှာလေးတွေ
ဖန်တီးနိုင်ပြီပေါ့နော်။
ဒါပေမယ့် တခုသိထားရမှာက သူများမသိစေချင်တဲ့ အကြောင်းအရာတွေ၊ဓါတ်ပုံတွေ
မတင်မိစေနဲ့နော်….၊တော်တော်ကြာ ဖြတ်ညှပ်ကပ် လုပ်လိုက်မှ…… ကြည့်မကောင်း
ဖြစ်နေဦးမယ်…….…ဟဲဟဲ။

Posted by Unknown on 8:23 PM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response