မကွန်ပျူတာ နဲ့ ကိုကွန်ပျူတာ
မကွန်ပျူတာ နဲ့ ကိုကွန်ပျူတာ
မကွန်ပျူတာ
ကွန်ပျူတာများကို ကျား၊မ ခွဲခြားကြည့်ပါက ၎င်းတို့သည် အမျိုသမီးများနှင့် ဆင်တူသည့် အချက် ၅ ချက်ကို သုတေသီများ ရှာဖွေတွေ့ရှိကြသည်ဟုဆိုပါသည်။
- ကွန်ပျူတာကို ဖန်တီးထားသူမှလွဲ၍ ၎င်းတို့၏ အလုပ်လုပ်ပုံ အယူအဆကို မည်သူမျှနားမလည်နိုင်ခြင်း။
- တခြားကွန်ပျူတာများနှင့် ဆက်သွယ်ပြောဆိုသည့် ဘာသာစကားကို ၎င်းတို့အချင်းချင်း နားလည်ရုံအပြင် တခြားမည်သူမျှ နားမလည်နိုင်ခြင်း။
- "ဆိုးဝါးသော အမိန့်ပေးခိုင်းမှု" ဟူသော ပြန်ကြားချက်သည် "ကျွန်မဘာလို့စိတ်ဆိုးနေတာလဲ၊ ရှင်မသိရင် ရှင့်ကိုမပြောတော့ဘူး" ဟူသော ပြောဆိုချက်ကဲ့သို့ပင် အမြင်ရှင်းစေခြင်း။
- အသေးငယ်ဆုံးသော အမှားပြုလုပ်ချက်ကို နောက်နောင်ပြန်လည်ခေါ်ယူနိုင်ရန် အချိန်အကြာကြီး သိမ်းဆည်းထားနိုင်စွမ်းရည်ရှိခြင်း။
- စိတ်ရောကိုယ်ပါနှစ်၍ စိတ်ဝင်တစားရှိပါက ၎င်းအတွက် ဗာရီယပစ္စည်းပစ္စယ သုံးစွဲစရိတ်မှာ သင့်လခတစ်ဝက်သုံးစွဲရန်လိုခြင်း ဟူသော အချက် ၅ ချက်ပင်တည်း...
ကိုကွန်ပျူတာ
ကွန်ပျူတာတွေကို ကျား၊မ ခွဲကြည့်တဲ့အခါ ယောက်ျားဖြစ်နိုင်တဲ့ အချက်တွေကိုလည်း သုတေသီများက တွေ့ရှိခဲ့ကြပါတယ်။
သူတို့ရဲ့အကြောင်းပြချက်တွေကတော့...
- ကွန်ပျူတာတွေဟာ အချက်အလက်အများကြီး ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့် သူတို့က အဖြေမထုတ်တတ်ပါ။
- ပြဿနာတွေကို ဖြေရှင်းပေးလိမ့်မယ်လို့ မျှော်လင့်ထားပေမယ့် အချိန်တစ်ဝက်လောက်မှာ သူတို့ကိုယ်တိုင်က ပြဿနာဖြစ်နေပါတယ်။
- ကိုယ့်အတွက် အသင့်တော်ဆုံးလို့ဆုံးဖြတ်ပြီး ရွေးချယ်ပြီးတဲ့နောက်မှာ အချိန်နည်းနည်းပေးပြီး စောင့်လိုက်ရင် ဒီထက်ကောင်းတဲ့ မော်ဒယ်ရမှာပဲလို့ မကြာခင်သဘောပေါက်လာပါတယ်။
- သူတို့ရဲ့ အာရုံစိုက်မှုကိုရဖို့ သူတို့ကို အရင်မောင်းနှင်ရပါတယ်။
- ပါဝါတက်တာများသွားရင် တစ်ညလုံး အလုပ် မလုပ်တော့ပါဘူး။
စသည့်အချက်များပင် ဖြစ်ပါကြောင်း...
Posted by Unknown
on 9:59 AM. Filed under
.
You can follow any responses to this entry through the RSS 2.0.
Feel free to leave a response