T1, E1 Connection
T1, E1 Connection
ကျွန်တော်တို့တစ်တွေဟာ စီးပွားရေးလုပ်ငန်းတွေမှာ Internet Access ကို မဖြစ်မနေအသုံးပြုလာကြပါပြီ။
ဘာဖြစ်လို့လဲဆိုတော့ အချို့လုပ်ငန်းတွေမှာ Internet က မရှိမဖြစ် လိုအပ်လာပြီလေ။ တစ်ချို့လုပ်ငန်း
တွေမှာတော့ Internet Access မလိုအပ်ဘဲနဲ့ အသုံးပြုလို့ရတာတွေလည်း ရှိတယ်။
ကဲ .......ထားပါတော့ ဒါကတော့ မိမိလုပ်ငန်းရဲ့ လိုအပ်ချက်ပေါ်မှာပဲ မူတည်ပါတယ်။ နေ့စဉ်နှင့်အမျှ
အရေးကြီးတဲ့ စီးပွားရေးလုပ်ငန်းတွေကို Internet ကို အသုံးပြုပြီး ဆောင်ရွက်တဲ့အခါမှာ Internet Access
ကို ကောင်းမွန်စွာရရှိဖို့က အရေးကြီးလာပါပြီ။ ဟုတ်တယ်လေ။ မိမိကလုပ်ငန်းတွေကို စွမ်းဆောင်ရည်မြင့်မား
စွာနဲ့ လုပ်ချင်လှပြီ။ ဒီဘက်က Internet Connnection က မကောင်း၊ ဒီလိုတာဆိုရင် ဘယ်မှာသွားပြီး
လုပ်ငန်းက တွင်ကျယ်တော့မလဲဗျာ။ မဟုတ်ဘူးလား။ ဒါကြောင့် Internet နဲ့ အလုပ်လုပ်တဲ့ လုပ်ငန်းမှာ
Internet Connection က အရေးမကြီးလို့ ဘာကအရေးကြီးရအုံးမှာလဲ။ အဲဒီလို Internet Access
Connection ကို ရွေးချယ်တဲ့အခါမှာ Company အများစုဟာ Broadband Connection ကို ရွေးချယ်
ကြတာ များပါတယ်။ ဤကဲ့သို့ Broadband Connection ကို ရွေးချယ်တဲ့အခါမှာ T1 Line တွေဟာ
Popular အဖြစ်ဆုံးထဲက တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ T1 Internet Access တွေဟာ မိမိရဲ့ Employees
တွေ၊ Co-workers တွေ၊ Customer တွေ၊ Vendor တွေနဲ့ ညီညွတ်စွာ ချိတ်ဆက်တဲ့အခါ ၊ Data တွေကို
အပြန်အလှန်ဖလှယ်ကြတဲ့အခါမှာ Dial-Up Internet Access တွေထက် ပိုပြီးတော့ မြန်ပါတယ်။ T1
Connection ဟာ Symmetrical Connection ဖြစ်ပြီး သူ့ရဲ့ Download Speed နဲ့ Upload Speed ဟာ
1.544 Mbps ရှိပါတယ်။ တစ်နည်းအားဖြင့်ပြောရမယ်ဆိုရင် 56 kbps dial-up တွေထက် အဆ (၃၀)
လောက် ပိုမြန်ပါတယ်။ T1 Connection တစ်ခုဟာ User တွေကို ဒါဇင်ကနေ ရာဂဏန်းအထိ Support
လုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် လူတွေအများကြီးက တစ်ပြိုင်တည်း အသုံးပြုကြမယ်ဆိုရင် Speed နဲ့
Efficiency ကတော့ ကျသွားတတ်ပါတယ်။
T1 ဟာ ကျွန်တော်တို့ အသုံးပြုနေတဲ့ High Speed Digital Line ဖြစ်ပါတယ်။ DDS နည်းပညာဟာ
ဝါယာကြိုးနှစ်ခုကိုအသုံးပြုပြီး Data တွေကို Full Duplex Transmit လုပ်ရာ ၎င်းရဲ့ Data ပို့တဲ့ အမြင့်ဆုံး Rate
ဟာ 1.544 Mbps အထိ အများဆုံးပို့နိုင်ပါတယ်။ ၀ါယာနှစ်ခုမှာ တစ်စုံက Transmits လုပ်ပြီး နောက်တစ်စုံက
Receives ပေါ့ဗျာ။ လက်ခံရယူတယ်ပေါ့။ T1 ဟာ Data ဖြစ်စေ၊ Voice ဖြစ်စေ နောက်ပြီး Narrow Band
Video စတာတွေကို ကောင်းစွာပေးပို့နိုင်ပါတယ်။ Low Quality ဖြစ်တဲ့လိုင်းတွေကို မသုံးလိုတဲ့ အဖွဲ့အစည်း
တွေအတွက် ဒီ T1 လိုင်းကို ၀ယ်သည်ဖြစ်စေ၊ ငှားသည်ဖြစ်စေ၊ ဈေးကတော့ အသင့်အတင့် ကြီးပါတယ်။
အရမ်းကြီးမကြီးဘူးပေါ့ဗျာ။ T1 လိုင်းမှာ သီးခြား Channel 24 လိုင်းရှိပြီးတော့ Channel တစ်ခုချင်းစီဟာ 64
Kbps Data Rate ရှိပါတယ်။ ဒီတော့ T1 ကြီးတစ်ခုလုံးကို အငှားချထားမယ့်အစား T1 ရဲ့ Channel တစ်ခု
ကိုပဲဖြစ်စေ၊ တစ်ခုမကဖြစ်စေ အငှားချထားနိုင်ပါတယ်။ ဒီလို Services မျိုးကျတော့ Fractional T1 လို့
ခေါ်ပါတယ်။ အချို့သော ဥရောပနိုင်ငံတွေမှာကျတော့ ဒီ Digital နည်းပညာပဲ။ ဒါပေမယ့် သူက T1
မဟုတ်ဘူး။ E1 တဲ့ Signal Rate က 2.048 Mbps ရှိပါတယ်။
ဒီနေရာမှာ T1 နှင့်ပတ်သက်ပြီးတော့ Multiplexing ဆိုတဲ့အကြောင်းကို အနည်းငယ်ရှင်းပြပါဦးမယ်။
Multiplexing ခေါ် Maxing ဟာ Cable Segment တစ်ခုထဲမှာ တစ်ခုမကသော Communication တွေ
စီးဆင်းနိုင်အောင် ပြုလုပ်နိုင်ပါတယ်။ ရှင်းအောင်ပြောရမယ်ဆိုရင် ကြိုးကတစ်ကြိုးတည်းပေါ့ဗျာ။ ဒီကြိုးမှာ
သွားလာနေတဲ့ Communication ကျတော့ တစ်ခုမကဘူး။ ဒီလို Telephone Line တစ်ခုထဲမှာပဲ တစ်ခု
မကတဲ့ Conversation တွေ တစ်ပြိုင်တည်းသွားနိုင်ဖို့ Multiplexing ကို Bell Labs က လွန်ခဲ့သောနှစ်ပေါင်း
များစွာကတည်းက ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီ Multiplexing နည်းပညာကို အသုံးပြုပြီးတော့ Bell Labs
ဟာ T-Carrier Network ကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သူဟာ ၎င်း Multiplexing ထက် ပိုမိုတတ်နိုင်လာ
အောင် နည်းပညာကို တိုးချဲ့ထားပြီးတော့ ဒီ Cable တစ်ခုထဲမှာပဲ ဆက်သွယ်မှုများစွာကို တစ်ပြိုင်တည်း
ချိတ်ဆက်ပေးပါတယ်။ T1 ဟာ Multiplexing ကို အသုံးပြုပြီးတော့ နေရာအသီးသီးကပြောရင် မတူညီတဲ့
Sources တွေဆီက Data တွေကို ပေါင်းစည်းပြီး Cable တစ်ခုတည်းနဲ့ပဲ ပို့ဆောင်ပေးနိုင်ပါတယ်။ အဲဒီလို
ပေါင်းစည်းထားတဲ့ Multiplex Data တွေကို လက်ခံရရှိတဲ့အခါ မူလပုံစံပြန်ရအောင် Decode ပြန်လုပ်
ရပါတယ်။
ခုနကပြောခဲ့တဲ့အတိုင်းပါပဲ။ T1 မှာ Channel 24 ခုရှိပါတယ်။ Channel တစ်ခုချင်းစီဟာ 64 Kbps Data
Transmission ရှိပါတယ်။ Channel တစ်ခုချင်းစီဟာ Data တွေကို တစ်စက္ကန့်မှာ အကြိမ် ၈၀၀၀ Data
Sampling လုပ်နိုင်ပြီး Data Sample တစ်ခုစီမှာ 8 bits ပါရှိပါတယ်။ ဒီတော့ စာဖတ်သူတို့ မြှောက်ကြည့်လေ။
Data Sample တစ်ခုမှာ 8 bits။ ဒါမျိုး တစ်စက္ကန့်မှာ အကြိမ် ၈၀၀၀ လုပ်နိုင်တော့ Channel တစ်ခုစီဟာ
တစ်စက္ကန့်မှာ 64 K ဖြစ်သွားတာပေါ့။ ဒီနှုန်းနဲ့ Data ပို့တာကို DS-O လို့ ခေါ်ပါတယ်။ အကယ်၍ T1 ရဲ့
Channel ၂၄ ခုစလုံးအပြည့်နှုန်းဆိုရင်တော့ ၎င်းကို DS-1 လို့ ခေါ်ပါတယ်။ DS ဆိုတာ DDS ရဲ့ အမျိုးကွဲပါပဲ။
တစ်ဖက်မှာ Data Rate တွေကို ပြထားပါတယ်။
Multiplexing ဟာ DS-1 ရဲ့နှုန်းကို အထိမြှင့်နိုင်ပါတယ်။ ပုံမှန် Copper Wire ကတော့ T1 နှင့် T2 အထိပဲ
Transmission လုပ်နိုင်ပါတယ်။ T3 နှင့် T4 လိုင်းဆိုရင်တော့ Microwave ဒါမှမဟုတ် Fiber Optic ကို
လိုအပ်ပါလိမ့်မယ်။ T1 Internet Connection ဟာ Company တိုင်းအတွက်လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲ
ဆိုရင် T1 Internal Connection ဟာ သူရဲ့ Bandwidth Reliability နဲ့ Efficiency တွေကြောင့် အရမ်း
ကောင်းမွန်လို့ပါ။ T1 ဟာ အခြားသာမန် Internet Connection တွေနဲ့နှိုင်းယှဉ်မယ်ဆိုရင် Interference
တွေမရှိဘဲနဲ့ ချော့မွေ့စွာ Run နိုင်ရန်အတွက် ဆောင်ရွက်နိုင်ပါတယ်။ T1 Internet ဟာ Work Place ကို
ပိုပြီးကောင်းမွန်အောင် ထောက်ပံ့ပေးရုံတင်မက၊ Employee တွေရဲ့ Efficient တွေကိုလည်း ပိုပြီး
ကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်ပါတယ်။ ဒါကြောင့် မိမိရဲ့ Data တွေကို Internet က Interruption
ဖြစ်မှုကြောင့် မဆုံးရှုံးနိုင်ပါဘူး။ T1 တွေကို အချိန်တိုင်း Data Line တွေ လိုအပ်တဲ့ Business တွေအတွက်
ဖြစ်ပြီး Personal Use အတွက် အသုံးမပြုကြပါဘူး။
T1 ကို User တွေ အများကြီး အမြောက်အမြားအတွက် ဒီဇိုင်းပြုလုပ်ထားတာပါ။ T1 Connection ဟာ Faxes
တွေ၊ Web Use တွေ၊ Phone Call Service တွေအတွက်လည်း ကောင်းမွန်ပါတယ်။ T1 Connection ရဲ့
Feature တွေဟာ မိမိရဲ့လုပ်ငန်းကို အမြင့်ဆုံး Speed နဲ့ ဆောင်ရွက်နိုင်အောင် စွမ်းဆောင်ပေးပါတယ်။ T1
Line တွေဟာ Fiber Optic ကိုပဲသုံးသုံး၊ Copper ကိုပဲ သုံးသုံး Set up လုပ်ရတာ လွယ်ကူပါတယ်။ T1
Internet Line တွေကို Fiber Optic နဲ့ အသုံးပြုမယ်ဆိုရင် Service တွေရဲ့ Interruption နဲ့ Delay တွေကို
ကောင်းမွန်စွာလျော့ချနိုင်ပါတယ်။ မိမိရဲ့လုပ်ငန်းမှာ မိမိရဲ့ Website ကို ပုံမှန် Upgrade လုပ်ဖို့လိုအပ်မယ်။
Employee တွေ များမယ်(သို့) Employee တွေက မတူညီတဲ့ Location တွေမှာရှိနေတယ်ဆိုရင် T1
Connection ကို အသုံးပြုဖို့ တိုက်တွန်းချင်ပါတယ်။
Posted by Unknown
on 11:28 PM. Filed under
.
You can follow any responses to this entry through the RSS 2.0.
Feel free to leave a response