|

ဂျပန် ကား များ နေရာတွင် တရုတ်-မြန်မာ ဖက်စပ် ကားများ ဖြင့် အစားထိုးမည်

ဂျပန် ကား များ နေရာတွင် တရုတ်-မြန်မာ ဖက်စပ် ကားများ ဖြင့် အစားထိုးမည်

နေမျိုးဦး ၊ ၊ဆယ်စု နှစ် သုံးစု ကျော်ကြာ ဂျပန်လုပ် တစ်ပတ်ရစ် မော်တော် ကားများ ဖြင့် လွှမ်းမိုး ထားသည့် မြန်မာ့မော်တော်ကား ဈေးကွက် ကို တရုတ် လုပ် မော်တော်ကားများ က အစားထိုး ၀င်ရောက် လာသည်။ ပြီးခဲ့သည့် နှစ် အတွင်းက ပြုလုပ်ခဲ့သည့် ရန်ကုန် နှင့် နယ်မြို့ များ ရှိ ကားပြပွဲများ တွင် တရုတ်လုပ် မော်တော်ကားများ နှင့် တရုတ် – မြန်မာ ဖက်စပ် ကားများ ကို ပြသခဲ့ပြီး နောက် ပိုင်းတွင် SSS နှင့် Ramma မော်တော်ကားကုမဏီ များ က တရုတ် လုပ် မော်တော်ကားများ ကိုတင်သွင်း ရောင်းချလာကြာခြင်း ဖြစ်သည်။

တရုတ်မော် တော်ကားများ အနက် Chariot Wagon မော်တော်ကားများ မှာကျပ် သိန်း ၅၈၀ မှ ၆၃၀ ထိ
ဈေးပေါက်သည် ဟု သိရသည်။

မြန်မာ နိုင်ငံတွင် နိုင်ငံခြား မှာ မော်တော်ကား တင်သွင်းခွင့် ပါမစ် ကို စစ်အစိုးရမှ ချုပ်ကိုင်ပြီး တင်းကျပ် ထား
သောကြောင့် ၁၉၉၈ ခုနှစ် နောက် ပိုင်း တွင် မော်တော်ကား ဈေးများ မှာ အဆမတန် တက်သွား ခဲ့ရသည်။

၂၀၀၇ ခုနှစ် နောက်ပိုင်း တွင်မူ ထိုင်းနိုင်ငံဘက်ခြမ်းမှ ဂျပန် လုပ် ကားများ ကို နယ်စပ် မြ၀တီ မြို့ နှင့် အခြား
မြို့ များ မှ တစ်ဆင့် တင်သွင်းမှု ကြောင့် ၀စ်သောက် ကားဈေးကွက် ပေါ်ထွန်းလာခဲ့သည်။

ဂျပန် နိုင်ငံ လုပ်မော်တော်ကားများ တင်သွင်း ခွင့် ပါမစ် ကို စစ်တပ် ဦးပိုင် ကုမဏီ နှင့် ထိပ်တန်း စစ်အရာ
ရှိများ သာ ချုပ်ကိုင် ထား၍ မော်တော်ကား ဈေးနှုန်းများမှာ ၁၉၈၈ ခုနှစ် ထုတ် တိုယိုတာ စပရင်တာ မော်
တော်ကား တစ်စီး ကို ကို ပင် ကျပ် သန်း ၄၀ ကျော် ပေါက်ရာ အမေရိကန် နိုင်ငံတွင် ကားအကောင်းစား
အသစ် တစ်စီး၏ ဈေးနှုန်း ဖြစ်သည့် ဒေါ်လာ လေးသောင်း ကျော် နှင့် ညီမျှ သည်။

တရုတ် လုပ်မော်တော်ကားများ ယခု နှစ် ၂၀၁၁ ခုနှစ် မှ စပြီး မြန်မာ နိုင်ငံတွင် တွင်တွင် ကျယ်ကျယ်ရောင်း ချနိုင်ရန် ဂျပန် လုပ်မော်တော်ကားများ ကို ဆာကူရာ မှ တစ်ဆင့် တင်သွင်းရောင်းချ ခွင့်သာ ပြုတော့ မည် ဖြစ်ကြောင်း သိရသည်။

၂၀၀၀ ပြည့်နှစ် နောက်ပိုင်း တွင် စက်မှု ဇုန်များ မှ ထုတ်လုပ်သည့် ရှမ်းစတား၊ထီလာဂျစ်၊ ဒဂုံ ဂျစ် စသည်
တို့ ကို ထုတ်လုပ်ခဲ့သော်လည်း နောက်ပိုင်း တွင် ပြင်ဆင်ရမှု နှင့် ၀ယ်ယူသူ စိတ်တိုင်းမကျမှု များ ရှိလာသည်။

တရုတ် လုပ်မော်တော်ကား များ မှာ လက်ငင်း စနစ် ဖြင့် သာမကလပေး စနစ် ဖြင့် ပါဝယ်ယူရရှိနိုင် သည် ဟု ဈေးကွက် အတွင်းမှ သိရသည်။ မြန်မာ နိုင်ငံတွင် တရုတ် လုပ်မော်တော်ကားများ ကို တပ် ဆင် ထုတ်လုပ် နေပြီး ဈေးကွက် အတွင်း တွင် မူ ဂျပန် လုပ် လူးစီးကားများ လောက် လူကြိုက်များ ခြင်းမရှိ သေး ဟု သိရသည်။

ရန်ကုန် မြို့ မှာ မော်တော်ကား ၀ယ်၊ရောင်း သမား တစ်ဦးကဂျပန် ကားတွေ ကို သူတို့ ဆာကူရာ ကပဲကိုင် ပြီး တရုတ်လုပ်တွေ အစား ထိုးမယ် ပုံပဲ အရင်က တရုတ် လုပ် Faw တို့  Dongfang တို့ ကို ဘယ်သူမှာ မကြိုက်တာ နဲ့  Showroom ပါပိတ်ပြီး ပြန်သွားတယ်လေ “ဟုပြောသည်။

မြန်မာ နိုင်ငံ က တရုတ် လုပ် ကားများ ကို ၀ယ်ယူတင်သွင်း သော် လည်း တရုတ် နိုင်ငံရှိ ကား စီးနိုင်သူ ထက်ဝက် ကျော်က အမေရိကန် လုပ် ကားများ နှင့် ဥရောပ လုပ် Volvo၊ Mercedes နှင့် Audiတို့ ကို သာ စိတ်ဝင်စား သည်။

တရုတ်မော်တော်ကား ရောင်းချမည့် ကုမ္ပဏီများ မှာလည်း စစ်တပ် ခေါင်းဆောင် များ ၏ မိသားစု များ ပိုင် များ သာဖြစ်သည်။
(Freedom News Group မှ ကူးယူဖေါ်ပြထားခြင်း)

Posted by Unknown on 2:02 PM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response