|

တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်အချို့ အပြောင်းအလဲပြုလုပ်

မြန်မာ့တပ်မတော်တွင် အရေးပါသည့် ထိပ်ပိုင်း ရာထူး အချို့ကို စက်တင်ဘာ ၈ ရက်က အပြောင်း အလဲ ပြုလုပ်လိုက် ကြောင်း သတင်းရရှိသည်။

ဒုတိယဗိုလ်ချုပ်ကြီးနှင့် ဗိုလ် ချုပ်အဆင့် ထိပ်ပိုင်း ရာထူးအချို့ ကို အပြောင်းအလဲ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း မြန်မာ့တပ်မတော် အသိုင်းအဝိုင်းနှင့် နီးစပ်သူများက ပြောသည်။

စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦးအားစစ်ဘက်ရေးရာလုံခြုံရေးအရာရှိ ချုပ် တာဝန် အပြင် စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထမှူး)အ ဖြစ် ပြောင်းလဲတာဝန်ပေးအပ်ခဲ့ ခြင်းဖြစ်သည်။ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ် ကြီး ကျော်ဆွေကို စစ်ဦးစီးအရာ ရှိချုပ် (ကြည်း)နှင့် စစ်ဆင်ရေး အထူးအဖွဲ့မှူးအဖြစ် ပြောင်းလဲ တာဝန်ပေးအပ်ခဲ့သည်။

စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ် ကြီး ခင်ဇော်ဦးအား စစ်ဆင်ရေး အထူးအဖွဲ့မှူးအဖြစ် ပြောင်းလဲ တာဝန်ပေး အပ်ခဲ့သည်။ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဆန်းဦးအား ဒုတိယဗိုလ်ချုပ်ကြီး ရာထူးတိုးမြှင့်၍ စစ်ရေးချုပ်အဖြစ် ပြောင်းရွှေ့တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်အသိုင်းအဝိုင်းနှင့် နီးစပ်သူများ က ဆိုသည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တိုင်းမှူး ဗိုလ်ချုပ်ထွန်း ထွန်းနောင်အား ရန်ကုန်တိုင်းစစ် ဌာနချုပ် တိုင်းမှူးအဖြစ် ပြောင်း ရွှေ့တာဝန်ပေးအပ်လိုက်ကြောင်း သတင်းရရှိသည်။

စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ်အဖြစ် ပြောင်းလဲတာ ဝန်ပေးအပ်ခြင်းခံရသူ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး သည် တပ် မတော် ကာကွယ်ရေးဦးစီးချုပ် ရာထူး အရိုက်အရာဆက်ဆံရန် အလားအလာကောင်း သည်ဟု သတင်းများထွက်ပေါ်နေသူဖြစ် ပြီး စစ်တက္ကသိုလ်အပတ်စဉ်(၂၅) ဆင်း ဖြစ်သည်။

မပခတိုင်းမှူးတာဝန်ကို တပ်မ (၆၆) တပ်မမှူးအား ရာထူးတိုး မြှင့်ခန့်ထားလိုက်ကြောင်း သတင်း ရရှိသည်။ အဆိုပါ တပ်မတော် ထိပ်ပိုင်းရာထူးများအပြင် နည်း ဗျူဟာမှူး ရာထူးများကိုပါ အ ပြောင်းအလဲ ပြုလုပ် ခဲ့ကြောင်း မြန်မာ့တပ်မတော် အသိုင်းအဝိုင်း မှ သတင်းရရှိသည်။

Posted by Creator Myanmar on 10:58 AM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response
.

Recently Commented

Recently Added