မာစတာကတ် အသုံးပြုမှု မြန်မာနိုင်ငံတွင် ပထမဆုံးမြင် တွေ့ရတော့မည်
အမေရိကန်အခြေစိုက် ငွေပေးချေရေးကတ် ကုမ္ပဏီ မာစတာ ကတ်ကော် ပိုရေးရှင်း သည် မြန်မာနိုင်ငံ အတွင်း၎င်း၏ကတ်များ အသုံးပြု နိုင်ရေးအတွက် မြန်မာနိုင်ငံမှ သမ၀ါယ မဘဏ် (Co-Operative Bank) CB ဘဏ် နှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက်ရ ခဲ့ကြောင်း သိရသည်။
CB ဘဏ်သည် မြန်မာနိုင်ငံ တွင်း၌ အလို အလျောက်ငွေ ထုတ်စက် ATM များကို အကျယ် ပြန့်ဆုံး ထားရှိဆောင်ရွက်နေသော ဘဏ်ဖြစ် ပြီး ယခု သဘောတူညီချက် အရ မာစတာကတ် အမှတ် တံဆိပ် ငွေပေးချေရေး ကတ်များ ကိုလည်း ပြည်တွင်း၌ အသုံးပြုခွင့် ရရှိစေမည်ဖြစ်သည်။
မာစတာကတ်ကုမ္ပဏီ၏ အာရှ-ပစိဖိတ်၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကရေးရာဌာန ဥက္ကဋ္ဌ ဗစ်ကီ ဗန်ဒရာက "သင့်မှာ ဘဏ်သုံးခု သို့မဟုတ် လေးခုလောက်ရှိလာတာနဲ့ အမျှ ရောင်းဝယ်ဖောက်ကား သူတွေအတွက်ရောရော၊ ကြော်ငြာလုပ်ငန်းတွေအတွက်ပါ ပညာပေးဖို့ ပိုထိရောက်အကျိုးရှိ လာမှာပါ။
ကျွန်တော်တို့ဟာ (မြန်မာဈေးကွက်အတွင်း ၀င်ရောက်ဖို့) မြန်နိုင်သမျှ မြန်အောင်ကြိုးစားနေပါတယ်။
တစ်နှစ်လောက်ဆိုရင်ကျွန်တော်တို့အနေနဲ့ပိုကောင်းတဲ့ပုံရိပ်ရလာမယ်လို့ မျှော်လင့်နေပါ တယ်"ဟုပြော သည်။
မာစတာကတ်များကို မကြာမီလများအတွင်း CB ဘဏ်၏ အေတီအမ်စက်များ၊ ယင်းကတ်လက်ခံသော အရောင်းဆိုင်များ၊ နေရာများတွင် စတင်အသုံးပြုနိုင်မည် ဖြစ်သည်။
မာစတာကတ်ကုမ္ပဏီသည် ၎င်း၏ မာစတာကတ်များ အသုံးပြုခြင်း၊ ဖြန့်ဖြူးခြင်း လုပ်ငန်းများ ကို မြန် မာနိုင်ငံတွင် လာမည့်ငါးနှစ်မှ ဆယ်နှစ်အတွင်း အီလက်ထရွန် နစ်ငွေပေးချေ ရေးဈေး ကွက် ဖွံ့ဖြိုးလာပါမှ ပြည်တွင်း၌ အခြေချလုပ်ကိုင်သွားမည် ဖြစ်သည်။
ယင်းမတိုင်မီအထိမူ ဗီယက်နမ်မှ နေ၍ လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် ကန်သမ္မတ အိုဘားမားက ၁၅ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် အမေရိကန်ကုမ္ပဏီများ အားမြန်မာနိုင်ငံတွင်းရင်းနှီးမြုပ်နှံခွင့်ပေးပြီးနောက် အမေရိကန် အကြွေးဝယ်ကတ် ကုမ္ပဏီ `ဗီဇာ´ က မြန်မာ့ဘဏ္ဍာရေး ၀န်ဆောင် မှုဈေးကွက်သို့ စတင်ဝင်ရောက်မည်ဟု သြဂုတ်လ ၁၉ ရက် တွင် ကြေညာခဲ့သည်။
Ref: Reuters/ Businessweek
