ထိုင်ဝမ်အမျိုးသမီးနှစ်ဦး လိင်တူချင်း လက်ထပ်ထိမ်းမြား
ထိုင်ဝမ်တွင် အမျိုးသမီးနှစ်ဦး ပထမဆုံး အကြိမ် အဖြစ် လိင်တူချင်း လက်ထပ်ခဲ့ကြသည်။ Fish Huang နှင့် You Ya-ting အမည်ရှိ အမျိုးသမီးနှစ်ဦး သည် ထိုင်ဝမ်မြောက်ပိုင်းရှိ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွင် သြဂုတ် ၁၁ ရက်က လက်ထပ် ခဲ့ခြင်းဖြစ်ပြီးဧည့်
ပရိသတ် ၃၀၀ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထိုင်ဝမ်သည် အာရှဒေသတွင် လိင်တူချင်း လက်ထပ် မှုကို တရားဝင်ခွင့်ပြုသော နိုင်ငံဖြစ်လာစေရန် လူ့အခွင့်အရေးအုပ်စုများက မျှော်လင့်ထားကြောင်း Daily Mail သတင်းတွင် ဖော်ပြသည်။
![](http://lh5.googleusercontent.com/_rVtSxdSzBGA/TZK5gu4QTeI/AAAAAAAAAI8/9f5LJHl3QVI/13352642.gif)