|

သင့်ရဲ့ USB, Memory, Thumb, MP3 / MP4 Player ထဲမှ File များကိုမဆိုင်သူမကြည့် စေချင်ရင်

အခု ကျွန်တော် ပြောပြမဲ့ ပရိုဂရမ်လေးက Portable Toucan လို့ ခေါ်ပါတယ်။
မိတ်ဆွေတို့ရဲ့ ဖိုင်တွေကို ဝှက်စာ အဖြစ် ပြောင်းပေးနိုင်တ-့  အသုံးဝင် ပရိုဂရမ်တခုပါ။ မိတ်ဆွေတို့ရဲ့ USB drive, Memory stick, Thumb drive, MP3/MP4 player ထဲမှာ ဒီပရိုဂရမ်လေးကို ထည့်ထား လို့ရပြီး ဘယ် အင်တာနက်ကဖေးမှာ ဖြစ်ဖြစ် သုံးလို့ရပါတယ်။

ကိုယ့်ရဲ့ USB drive, Memory stick, Thumb drive, MP3/MP4 player ထဲမှာ နိုင်ငံရေးနဲ့ ပတ်သက်တာ၊ ကိုယ်ရေးကိုယ်တာ ကိစ္စ၊ နှလုံးသားရေးရာ၊ ငွေကြေးကိစ္စ၊ တခြားလူ အသိမခံနိုင်တဲ့ ဘာမဆို သိမ်းထား ချင်တယ်ဆိုရင် ဒီပရိုဂရမ်လေးကို သုံးစွဲခြင်းဖြင်- လုံခြုံစိတ်ချစွာ လျှို့ဝှက်ထားနိုင်တဲ့ စွမ်းရည်ရှိပါတယ်-

ကဲ အသုံးပြုပုံလေး နဲနဲ ပြောကြရအောင်။

ဒီပရိုဂရမ်လေးကို သုံးဖို့ အခု ဒီ post ရဲ့အောက်မှာပါတဲ့ Attachment ကို Download ဆွဲလိုက်ပါ..။
ဒါမှမဟုတ် ဒီဆိုဒ် ကို သွားပြီး ကိုယ့်ဘာသာကိုယ် download လုပ်ရင်လဲရပါတယ်။

Toucan

toucan.pngsync, backup and secure, all in one place

Toucan is a custom built portable app for advanced users to synchronise, backup and encrypt their data, wherever they are.

connection အပေါ်မူတည် ပြီး သင့်တော်တဲ့ နေရာ ကနေ download လုပ်ပါ။
download လုပ်ပြီးရင် သင့်ရဲ့ USB drive, Memory stick, Thumb drive, MP3/MP4 player ထဲမှာ install လုပ်ရပါမယ်။

install လုပ်ပြီးရင် ဘယ်ကွန်ပျူတာမှာမဆိုတပ်ပြီးသုံးလို့ ရပါပြီ။
USB drive, Memory stick, Thumb drive, MP3/MP4 player ကို My Computer နေ ဖွင့်ပါ။

Toucan ပရိုဂရမ်ကို ရှာပြီး ဖွင့်ပါ။
ပြီးရင် အပေါ်က Tools Bar မှာ ၃ ခုမြောက် Scure ကိုရွေးပါ..။
ဘယ်ဘက် ဘောက်စ်ထဲမှာ အခုကွန်ပျူတာ မှာရှိတဲ့ disk drive တွေကိုပြ နေပါလိမ့်မယ်။

ကိုယ်လိုချင်တဲ့ ဖိုင်ရှိရာကို ရောက်တဲ့အထိ double click ပြီးဖွင့်ပါ။
တွေ့ပြီဆိုရင် ဘောက်စ် နှစ်ခုကြားမှာရှိတဲ့ + သင်္ကေတကို နှိပ်လိုက်တာနဲ့ အဲဒီဖိုင်ဟာ ညာဘက်မှာရှိတဲ့ ဘောက်စ်ထဲကိုရောက- သွားမှာပါ။

တဖိုင်ချင်းသာမက ဖိုဒါတခုလုံးကိုပ- ဝှက်စာ လုပ်လို့ရပါတယ်၊ ဝှက်စာကနေ ပြန်ဖော်လို့ရပါတယ်
ဖိုင်တွေကိုရွေးပြီးရင် function ဆိုတဲ့ဘောက်စ်ထဲမှာ ဝှက်စာ အဖြစ်ပြောင်းမယ်ဆို Encrypt ရွေးပြီး ဝှက်စာ ကနေပြန်ဖော်မယ်ဆိ- Decrypt ကိုရွေးပါ။

ပြီးရင် အိုကေ ကိုနှိပ်လိုက်ရင် Please enter your password ဆိုပြီး ဘောက်စ်တခုပေါ်လာပါလိမ့်မယ်။
password ကို ရှည်နိုင်သမျှရှည်- ရှည် ပေးတာပိုကောင်းပါတယ်။
ကိုယ့် password ကိုလည်း ကိုယ်ပြန်မှတ်မိပ- စေ။

ပြီးတာနဲ့ အိုကေ ကို နှိပ်လိုက်ရင် မူရင်းဖိုင်ပျောက်- သွားပြီး ဝှက်စာ ဖြစ်သွားတဲ့ ဖိုင်ကိုရပါလိမ့် (ပြောင်းပြန် အနေနဲ့ ဆိုရင် ဝှက်စာဖိုင် ပျောက်သွားပြီး မူရင်းဖိုင် ပြန်ရမှာပါ)။

ဝှက်စာဖိုင်ဖြစ်သွားပြီးနောက် ဘယ်အင်တာနက် ကဖေးမဆို USB drive, Memory stick, Thumb drive, MP3/MP4 player ကို သယ်သွားလို့ရပါပြ- ။

တဖက်သူဆီကို ပို့ရင်လဲ စိတ်ချလက်ချ ပို့လို့ရပါပြီ။
ကိုယ့်ရဲ့ဝှက်စာ လုပ်တဲ့ password ကိုလက်ခံရရှိသူကသာ ဖွင့်ဖတ်လို့ရမှာပါ။

Posted by Unknown on 12:44 PM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response