|

တီဗီတွင် Browser အသုံးပြုနိုင်စေမည့် Webbox ကီးဘုတ်

တီဗီတွင် Browser အသုံးပြုနိုင်စေမည့် Webbox ကီးဘုတ်

ကီးဘုတ်ဖြင့် ချိတ်ဆက်ရုံဖြင့် တီဗီ၌ web browser အသုံးပြုနိုင်ရန်အတွက် Vodafone မှ Webbox အမည်ရှိ ကီးဘုတ်တစ်မျိုးကို မိတ်ဆက်ပေးခဲ့သည်။

၎င်း Webbox ကီးဘုတ်ကို RCA connector များမှ တစ်ဆင့် တီဗီဖြင့် ချိတ်ဆက်နိုင်မည် ဖြစ်ကာ ကီးဘုတ်အတွင်း၌လည်း Voda-fone SIM ကတ် ထည့်သွင်းရန်အတွက် နေရာ လွတ်တစ်ခု ပါရှိသည်။ Vodafone အနေဖြင့် ဖွံ့ဖြိုးဆဲ တိုင်းပြည်များရှိ ပြည်သူလူထု အတွက် အွန်လိုင်းစနစ်ကို မည်သည့် နေရာမဆို အသုံးပြုနိုင်မည့် အခွင့်အရေး ရရှိနိုင် စေရန် မျှော်လင့်ထားသည်။

ယခုကီးဘုတ်အသုံးပြု၍ Op-era Mini 5.1 browser မှတစ်ဆင့် World Wide Web ကို အသုံးပြု နိုင်မည်ဖြစ်ပြီး SMS နှင့် e-mail message များလည်း ပေးပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။ FM radio, photo gallery tool နှင့် music player ကဲ့သို့သော media service အချို့လည်း အသုံးပြု နိုင် မည်ဖြစ်သည်။

Ref : Internet

Posted by Unknown on 7:55 PM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response
.

Recently Commented

Recently Added