|

နောက်ကျ ချေပဂိုးကြောင့် ပထမ အဆင့် ခြေစစ်ပွဲမှ ထွက်ခွာခဲ့ရသည့် မြန်မာ

နောက်ကျ ချေပဂိုးကြောင့် ပထမ အဆင့် ခြေစစ်ပွဲမှ ထွက်ခွာခဲ့ရသည့် မြန်မာ

ယနေ့ ညနေပိုင်းက သုဝဏ္ဏတွင် ကစားခဲ့သည့် ပွဲစဉ်တွင် မြန်မာနှင့် အိန္ဒိယတို့ တစ်ဂိုးစီ သရေပွဲ အဖြစ် ပြီးဆုံးခဲ့ကာ မြန်မာ အသင်း အိုလံပစ် ခြေစစ်ပွဲ ပထမအဆင့် မှပင် ရှုံးနိမ့် ထွက်ခွာခဲ့ရသည်။

ယခုပွဲတွင် မြန်မာ အသင်းက ကျော်ကိုကို၏ ဒုတိယပိုင်း သွင်းဂိုးဖြင့် ဦးဆောင် နိုင်ခဲ့သော်လည်း အင်္ကျီချွတ် အောင်ပွဲခံခဲ့သည့် ကျော်ကိုကို ထုတ်ပယ် ခံခဲ့ရရာ ၁၀ယောက်တည်းဖြင့် ဆက်လက် ကစားခဲ့ရသည်။ ထို့နောက်တွင် မြန်မာအသင်း အကောင်းဆုံးခြေစွမ်းဖြင့် ကစားနိုင်ခဲ့သော်လည်း ၈၉မိနစ်တွင် ပေးလိုက်ရသည့် ချေပဂိုးကြောင့် တစ်ဂိုးစီ သရေဖြစ်ကာ ပထမအဆင့်မှ ထွက်ခွာခဲ့ရသည်။

Posted by Unknown on 7:54 PM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response