|

လူထုအုံကြွမှုကို လန့်ပြီး ဂျီမေးလ်အီးမေးလ်စနစ် တိုက်ခိုက်ပိတ်ပင်သော တရုတ် ကို ဂူးဂဲလ်ပြစ်တင်ဝေဖန်

လူထုအုံကြွမှုကို လန့်ပြီး ဂျီမေးလ်အီးမေးလ်စနစ် တိုက်ခိုက်ပိတ်ပင်သော တရုတ် ကို ဂူးဂဲလ်ပြစ်တင်ဝေဖန်


အောင်မြင်၊            ၊အရှေ့အလယ်အပိုင်းလူထုတော်လှန်ရေးအုံကြွမှုများကိုစံနမူနာယူကာ တရုပ်လူငယ်တက်ကြွသူများရဲ့အင်တာနက်လူမှုကွန်ယက်မှလှုံဆော်ခဲ့သောစပယ်ဖြူတော်
လှန်ရေးကိုတရုပ်အာဏာပိုင်တို့ဖြိုခွင်းခဲ့ပြီးတရုပ်အစိုးရသည်ထိတ်လှန့်စွာဖြင့်ဂျီမေးလ်အီးမေးလ်
စနစ်ကိုမဆီမဆိုင်တားမြစ်ပိတ်ပင်မှုကိုဂူးဂဲလ် တာဝန်ရှိသူကပြစ်တင်ဝေဖန်ကြောင်းသတင်းများ
တွင်ဖေါ်ပြထားသည်။

ပြီးခဲ့တဲ့လကတည်းကဂူဂဲလ်ဖောက်သည်များအတွက် မိမိတို့ဝန်ဆောင်မှုပေးထားသော ကြော်ငြာ
ကဏ္ဍများနှင့်ဂျီမေးလ်စာပို့စနစ်များသည် အဆင်ပြေမှုမရှိကြောင်းပစ်တင်တိုင်ကြားမှုများ တဖြည်းဖြည်း
များပြားလာခဲ့သည်။ မိမိတို့ဖောက်သည်များသည်သူတို့ရဲ့လုပ်ငန်းဆောင်တာများကို အီမေးလ်မှပို့ဆောင်
ရာတွင် လက္ခံရရှိသူတို့ဖတ်ရှုရမရခြင်းဈကြော်ငြာများကို ဖွင့်ကြည့်လို့မရကြောင်း မကျေမနပ် တိုင်ကြားမှုများရှိခဲ့သည်။

မကြာခင်ကရုတ်တရက်ဖြစ်ပွားခဲ့သောဂျပန်ဆူနာမီငလျင်အရေးတွင် ပျောက်ဆုံးနေသော ဆွေမျိုးသားချင်း၊
မိတ်ဆွေတို့ကိုရှာဖွေနိုင်ရန်အတွက် ဂူဂဲလ်ရေးဆွဲထားသော အင်တာနက်ရှာဖွေရေးပုံစံကို အပေးအယူဖြင့်သဘောတူခဲ့သည်။

တရုပ်အစိုးရရဲ့ ဂူးဂဲလ်ဝန်ဆောင်မှုလုပ်ငန်းကို အကျိုးအကြောင်းခိုင်လှုံမှုမရှိဘဲပိတ်ပင်ထားမှုကို မိမိတို့ပညာရှင်များလေ့လာစ်ဆေးပြီးဖြစ်သော်လည်းပြင်ပသို့သတင်းထုတ်ပြန်မှုမပြုလုပ်ခဲ့

ကြောင်း ဂူဂဲလ်ရဲ့ပြောဆိုရေးဆိုခွင့်ရှိသူက မနေ့ကထုတ်ဖေါ်ပြောဆိုလိုက်မှုအပေါ် ဝါရှင်တန်ရှိတရုပ်သံတမန်အသိုင်အဝိုင်းက တစုံတရာမှတ်ချက်ပြုပြောဆိုခြင်းမရှိခဲ့ပေ။

မတ်လ၁၁ရက်တွင် ဂူဂဲလ်တိုက်ခိုက်ခံရမှုမှာ နိုင်ငံရေးဆန့်ကျင်လှုပ်ရှားသူများသည် ဂူးဂဲလ်စနစ်အသုံးပြုနေသူများဟုယူဆမှုကြောင့်တိုက်ခံခဲရကြောင်းဂူဂဲလ်ဘလော့တွင်ဖေါ်ပြထားသည်။

ဂူးဂဲလ်တာဝန်ရှိသူများရဲ့လေ့လာတွေ့ရှိချက်များအရမိုက္ကခရိုဆော့အင်တာနက်ဝက်ဆိုက်ရဲ့အားနည်းတဲ့ ၂နေရာကနေဝင်ရောက်တိုက်ခိုက်ပြီး ပိတ်ဆို့ထားကြောင်းထုတ်ဖေါ်ခဲ့သည်။

ပြီးခဲ့သည့်ဇန္ဒာဝါရီလတွင်အဆင်မြင့်ရှုတ်ထွေးဆန်းပြားသောတိုက်ခိုက်မှုကိုတရုပ်ပြည်တွင်းမှတိုက်ခိုက်

ခဲ့သေးကြောင်းဂူဂဲလ်ကပြောဆိုသည်။အင်တာနက်ဝန်ဆောင်မှု၊စီးပွားရေးလုပ်ငန်း၊စက်မှုလုပ်ငန်း၊ မီဒီယာလုပ်ငန်းနှင့်၊ဓါတုဗေဒထုတ်လုပ်ရေးလုပ်ငန်းကုမ္မဏီပေါင်း ၂၀ကျော်ကို ဂူးဂဲလ်ကုမ္မဏီမှလေ့လာဆန်းစစ်ချက်အရသိမ့်မွေ့စွာတိုက်ခိုက်ခံခဲ့ရကြောင်းသိရသည်။ အဓိကတိုက်ခိုက်မှုမှာ လူအခွင့်ရေးတက်ကြွလှုပ်ရှာမှုများကိုပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အရှေ့အလယ်ပိုင်းအာဏာရှင်ဖြုတ်ချဆန့်ကျင်စတင်သောအချိန်ကာလမှစပြီး တရုပ်အစိုးရသည် အင်တာနက်များကိုတင်းတင်းကျပ်ကျက်ချုပ်ကိုင်လာခဲ့သည်။ ဂူးဂဲလ်စနစ်ကိုလည်း အဆင့်မြင့်ကျွမ်းကျင်ပညာရှင်များသုံးပြီး တိုက်ခိုက်ခဲ့သည်။ အင်တာနက်မှတဆင့် လူထုအုံကြွမှု ဖြစ်ပေါ်မလာစေရန်အတွက်ဖြစ်သည်။

ဖေဖေါ်လရီအတွင်းတွင် အမည်မသိသူတဦးမှစတင်ကာ စပယ်ဖြူတော်လှန်ရေးကို အင်တာနက် စာမျက်နှာပေါ်တဆင့် စတင်လှုံဆောင်ခဲ့ရာတွင် နိုင်ငံရေးလှုပ်ရှားသူများကို တရုပ်အာဏာပိုင်တို့ ဖမ်းဆီးနှိမ်နှင်းခဲ့သည်။ တရုပ်သမ္မတ ဟူကျင်တောင်မှ အင်တာနက်ကိုတင်းတင်းကျပ်ကျပ် ထိန်းချုပ်ကာ လူမှုကွန်ယက်အသုံးမပြုနိုင်ရန် ဆောင်ရွက်ခဲ့သည်။ အရှေ့အလယ်ပိုင်းလူထုအုံကြွ မှုတရုပ်ပြည်သို့ကူးစက်မလာစေရန် လူမှုဆက်သွယ်ရေးကွန်ယက်ဖေ့ဘွတ်ခ်၊ ယူကျူ့ဝက်ဆိုဒ်များကိုတားမြစ်ပိတ်ပင်ခဲ့သည်။

ဂူးဂဲလ်စီးပွားရေးလုပ်ငန်းစုသည် တရုပ်ပြည်တွင် ၂၀၀၅နှစ်မှစတင်ကာရင်နှီးမြုတ်နှံမှုစတင်ခဲ့သည်။ ထိုသို့ရင်းနှီးမြုတ်နှံလုပ်ကိုင်ခွင့်ရရန် တရုပ်အစိုးရရဲ့တာဝန်ရှိသူတို့နှင့် အကြိမ်ကြိမ်ညှိနိုင်း မှုများပြုလုပ်ခဲရသည်။ တရုပ်အာဏာပိုင်တို့ရဲ့ဆင်ဆာစဉ်းမျဉ်းဥပဒေတို့ကို နားလည်မှုအပေးအယူလုပ်ပြီးမှ လုပ်ကိုင်ခွင့်ရခဲ့ခြင်းဖြစ်သည်။ ထင်ရှားသော ဥပမာများမှာ နိုဘယ်ဆုရှင်တိဘက်ဘုန်းတော်ကြီးဒလိုင်ဒလားမားနှင့်တိဘက်အရေးအခင်း၊ ၁၉၈၉တီအန်ရင်ပြင် အရေးအခင်များရဲ့သမိုင်းမှတ်တမ်းများကို တရုပ်ပြည်တွင်းတွင် ဂူးဂဲလ်မှတ်တမ်းမှပယ်ဖျက်ပေးခဲ့ရသည်။

ဝိကီလိခ်မှတ်တမ်းများအရ တရုပ်အဆင့်မြင့်နိုင်ငံခေါင်းဆောင်များရဲ့အင်တာနက်အပေါ်ထားတဲ့ ခေတ်ရဲ့လိုအပ်
ချက်ကြောင့် မချစ်သော်လည်းအောင့်ကာနမ်းဆိုသည့် သဘောထားမျိုးရှိပြီး မိမိတို့အာဏာအတွက် သတင်းလျင်မြန်စီးဆင်းမှုကိုကန့်သတ်ချုပ်ချယ်ဖို့အမြဲစဉ်းစားတွေးခေါ် နေသည့် တရုပ်ထိပ်တန်းခေါင်းဆောင်များဟု အမေရိကန်သံရုံးပေးစာတွင်ဖေါ်ပြပါရှိသည်။

တရုပ်အာဏာပိုင်များသည် ပြီးခဲ့လအတွင်းတွင် Pangusoအမည်ဖြင့် အင်တာနက် အချက်အလက်ရှာဖွေရေး စနစ်ကို ဆင်ဟွာသတင်းဌာနနှင့် နိုင်ငံပိုင်တရုပ်တယ်လီကွန်းဆက်သွယ်ရေးဌာနတို့ပူးပေါင်းပြီးတည်ထောင်လိုက်သည်။ ယခင် Baidu အမည်ရှိသတင်းရှာဖွေရေးအချက်အလက်ဌာနထက် ပိုမိုပြီးလက်သံပြောင်မည်ဟုသိရှိရသည်။

နိုဘယ်ဆုရှင်လူလျောက်ဘိုရဲ့ကမ္ဘာ့သတင်းဌာန အသီးသီးကထုတ်လွှင့်သောသတင်းများ၊နိုင်ဘယ်
ဆုပေးပွဲအခမ်းအနားတို့ကိုတရုပ်ပြည်တွင်း မှကြည့်ရှုလို့မရနိုင်အောင်ဆင်ဆာဖြတ်တားမြှစ်ခဲ့သည်။
တရုပ်ပြည်တွင်အကြီးဆုံး အင်တာနက်သတင်းအချက်ရှာဖွေရေးတခုဖြစ်လာပြီး ကြီးမားသော ဆင်ဆာဖြတ်များပြုလုပ်လျက်ရှိသည်။


Freedom News Group


Posted by Unknown on 10:36 PM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response
.

Recently Commented

Recently Added