Post By Gmail News Post
FACEBOOK ချစ်သူများအတွက် FACEBOOK ဖုန်းလာတော့မည်
By IT weekly
တရုတ်တိုင်ပေ အခြေစိုက် Smart ဖုန်းထုတ်လုပ်သူ HTC နှင့် ဗြိတိန် ခြေစိုက် ဖုန်းထုတ်လုပ်သူ INQ ကုမ္ပဏီတို့သည် ကမ္ဘာ အကျော်ကြားဆုံးလူမှုကွန်ရက် Facebook နှင့် ပူးပေါင်း၍ Facebook ဖုန်းကို ထုတ်လုပ် ရောင်းချ တော့မည် ဖြစ်သည်။ လာမည့် ရက်သတ္တပတ်၌ စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့တွင် ကျင်းပမည့် မိုဘိုင်းဖုန်း အသစ်များ ပြပွဲတွင် ၎င်း Facebook ဖုန်းအား တွေ့မြင်ရဖွယ် ရှိနိုင်သည်ဟုလေ့လာ သူ တချို့က ခန့်မှန်းထားသည်။ ၎င်း Facebook ဖုန်းများဖြစ်သည့် HTC နှင့် INQ ဖုန်းများတွင် Android OS ကို အသုံးပြုထားပြီး Facebook အား တိုက်ရိုက် အသုံးပြုနိုင်မည့် button တစ်ခု ပါရှိကာ ဖုန်းအသုံးပြုသူများအား Facebook ကို အဆင်ပြေစွာ အသုံးပြုနိုင်အောင် ဖန်တီးထားခြင်း ဖြစ်သည်။ ထိုသို့
Facebookနှင့် ပူးပေါင်းခဲ့သော HTC ၊ INQ ဖုန်းကုမ္ပဏီများသည် ဈေးကွက်အတွင်း အကျိုးကျေးဇူးများစွာ ရရှိလာနိုင်သည်ဟု သုံးသပ် ထားကြသည်။ အဆိုပါ HTC နှင့် INQ တို့၏ Facebook ဖုန်းသည် Facebook ၏ Function အစုံကို အပြည့်အဝ အသုံးချနိုင်မည့် Android ဖုန်း တစ်လုံးပင်ဖြစ်ကြောင်း မိုဘိုင်းဖုန်း လေ့လာသူတို့က ဆိုသည်။
