|

စာဖတ်ဝါသနာပါသူများအတွက် ကမ္ဘာ့ရောင်းအားအကောင်းဆုံး eBook Reader

စာဖတ်ဝါသနာပါသူများအတွက် ကမ္ဘာ့ရောင်းအားအကောင်းဆုံး eBook Reader


Amazon Kindle
အင်တာနက်မှတဆင့် eBook များရယူပြီး ကွန်ပြူတာ ရှေ့မှာထိုင်ဖတ်နေရတာ ငြီးငွေ့နေသူတွေများ ပါတယ်။ Laptop နဲ့ ဖတ်ပြန်တော့လည်း အိပ်ယာ ပေါ်မှာဖြစ်ဖြစ် ထိုင်ခုံပေါ်မှာပဲဖြစ်ဖြစ် စာအုပ်ကိုင် ဖတ်နေရတာလောက် အရသာမတွေ့ပြန်ပါဘူး။ iPad ဝယ်ပြီး eBook ဖတ်ရမှာကျတော့လည်း ဈေးကြီး လွန်းတယ် ဈေးနှုန်းချိုသာပြီး စွမ်းဆောင် ရည်မြင့် မားတဲ့ ကမ္ဘာ့ရောင်းအား အကောင်းဆုံး Amazon ကုမ္ပဏီထုတ် Kindle 3 ဟာ စာပေချစ်မြတ်နိုးသူ၊ စာဖတ်ဝါသနာပါသူတွေအတွက် အသုံးတည့်မှာပါ။

Keyboard လက်ကွက် အသေးစားလေးပါရှိပြီး Wi-Fi ဆက်သွယ်မှုမှတဆင့် အင်တာနက်စာမျက်နှာပေါ်ထိ ဝင်ရောက်နိုင်ပါသေးတယ်။ ဒါပေမဲ့ ရောင်စုံကာလာမပါတဲ့ အဖြူအမဲ E-ink မြင်ကွင်းနဲ့ပါ။ ရောင်စုံ ကာလာနဲ့ eBook Reader တွေကျပြန်တော့လည်း ဈေးမြင့်ပါတယ်။ ကဲ Kindle 3 ရဲ့ အရည်အသွေးနဲ့ အချက်အလက်တွေကို လေ့လာကြည့်ရအောင်။

Kindle 3

ဈေးနှုန်း - US ဒေါ်လာ ၁၃၉.၀၀
ဆက်သွယ်မှု - Wi-Fi ကွန်ယက် (3G တိုးမြှင့်ထားလျှင် US ဒေါ်လာ ၁၈၉.၀၀)
အလေးချိန် - ၈.၇ အောင်စ (၁၆ အောင်စ = ၁ ပေါင်)
အတိုင်းအထွာ - အနံ ၇.၅ လက်မ၊ အလျား ၄.၈ လက်မ
ထုထည် - ၀.၃၃၅ လက်မ အထူသာရှိပါတယ်။
မြင်ကွင်း - E-ink & Resolution 600x800

ထိန်းချုပ်မှု - Touch Screen မဟုတ်ပေမယ့် စာမျက်နှာများကို ကောင်းမွန်စွာထိန်းချုပ် ဖတ်ရှုနိုင် စွမ်းရှိ တယ်။

မှတ်နိုင်စွမ်း - 4GB နဂိုပါရှိပြီး ထပ်မံတိုးချဲ့ဖို့ (Memory Card Slot) မပါရှိပါဘူး။ ဘာပဲဖြစ်ဖြစ် eBook ပေါင်း ၃၅၀၀ ဝန်းကျင်ကို သင့်နဲ့အတူသယ်ဆောင်သွားနိုင်ပြီလေ။ ebook

ဘက်ထရီစွမ်းအင် - Wi-Fi ကွန်ယက်ပိတ်ထားမယ်ဆိုရင် တစ်လကျော် အသုံးပြုနိုင်ပြီး Wi-Fi ကွန်ယက် ဖွင့်ထားခဲ့မယ်ဆိုရင် အနည်းဆုံး ၃ပါတ် အသုံးပြုနိုင်မှာဖြစ်တဲ့အတွက် အခြား eBook Reader များထက် အသုံးပြုနိုင်ချိန် အကြာမြင့်ဆုံးဖြစ်နေပါတယ်။ USB Cable အသုံးပြုပြီး ဘက်ထရီပြန်ဖြည့်မယ်ဆိုရင်တော့ ဘက်ထရီအပြည့်ရရှိဖို့ အချိန် ၄နာရီခွဲ ကြာမြင့်ပါတယ်။

ထူးခြားချက်များ - စာမျက်နှာအဖြူအမဲထင်ရှားမှုကို ၁၆ မျိုးရွေးချယ်နိုင်အောင် ထည့်သွင်းထားပြီး Kindle Store အင်တာနက်စာမျက်နှာမှ တဆင့် စာအုပ်ပေါင်း ၇ သိန်းကျော်ကို

ebook ရွေးချယ်ဝယ်ယူဖတ်ရှုနိုင်ပါတယ်။ မဝယ်သေးပဲ မြည်းစမ်းဖတ်ကြည့်ချင်တယ်ဆိုရင်လည်း စာမျက်နှာတချို့ တဝက်ကို ဖတ်ရှုခွင့်ပြုထားပါတယ်။ Amazon ကလည်း eBook ပေါင်း တစ်သန်းကျော်ကို အခမဲ့ဖတ်ရှု ခွင့်ပြုထားပါတယ်။

စာအုပ်တွေ အကြိုက်များနေပြီး မဆန့်မှာလည်း မပူရပါဘူး။ ကိုယ်ပိုင်အကောင့်တစ်ခုဖွင့်ထားပြီး အင်တာ နက်ပေါ်မှာ သိမ်းဆည်းထားနိုင်ပါတယ်။ သင်ဝယ်ယူထားတဲ့ စာအုပ်ကို ခြေချော်လက်ချော်ဖျက်ခဲ့ မိတယ်ဆိုရင်လည်း မပူပါနဲ့ အခမဲ့ Download ပြန်လည်ရယူနိုင်ပါတယ်။

သင့်ရဲ့ Wi-Fi အင်တာနက်ကွန်ယက်ဆက်သွယ်မှုနှုန်းက အလွန်နှေးကွေးနေမယ်၊ မြန်နှုန်းကန့်သတ်မှု တွေရှိမယ်ဆိုလျှင်လည်း Kindle 3 မှတဆင့် US Wi-Fi ဆိုချိတ်ဆက်မှုကို စီစဉ်ပေးထားပါတယ်။ AT&T ဆက်သွယ်မှုဧရိယာမှတဆင့် ဖြတ်သန်းသွားမှာဖြစ်ပါတယ်။ Wi-Fi ဆက်သွယ်မှု မရှိတဲ့နေရာမှာဆိုရင်တော့ ဘယ်လိုမှကူညီပေးနိုင်မှာမဟုတ်ပါဘူး။

Mp3 အမျိုးအစား သီချင်းများကိုလည်း နားဆင်နိုင်ပါတယ်။ (အင်္ဂလိပ်) စာများကိုလည်း eBook Reader လေးမှ အသံထွက်ဖတ်ပေးနိုင်ဖို့ Amazon မှ စီစဉ်ပေးထားတဲ့အတွက် အလွန်အသုံးဝင်လှပါတယ်။ Amazon ကုမ္ပဏီမှ အသုံးပြုသူများရဲ့ လိုအပ်မှုတွေကို လေ့လာဖြည့်ဆည်းပေးလျှက်ရှိပါတယ်။

Kindle 3 ဟာ ဈေးနှုန်းချိုသာမှု၊ စွမ်းဆောင်ရည်မြင့်မားမှုနဲ့ ဝန်ဆောင်မှုကောင်းမွန်မှုများကြောင့် ရောင်း အားအကောင်းဆုံးအဖြစ် ရပ်တည်နေနိုင်တာပါ။

မှာယူချင်တယ်ဆိုရင်တော့ Amazon မှတဆင့်မှာယူနိုင်ပါတယ်။ မြန်မာနိုင်ငံအထိ မှာယူနိုင်ပါတယ်။ မလေးရှားနဲ့ စင်ကာပူနိုင်ငံကိုတော့ မှာယူလို့မရနိုင်ပါဘူး။

Posted by Unknown on 5:26 PM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response
.

Recently Commented

Recently Added