လူငယ်များ၏အနာဂတ် မြှင့်တင်ရေး ယူနက်စကိုနှင့် ပက်(ပ)စီအသက်မွေးသင်တန်း ဖွင့်မည်
မြန်မာလူငယ်များအတွက် အသက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်ရန် ယူနက်စကိုနှင့် Pepsi ကုမ္ပဏီတို့ ပူးပေါင်း လုပ်ဆောင် သွားမည်ဟု သိရသည်။
မြန်မာနိုင်ငံ၏ ပွင့်လင်းလာ သော ဈေးကွက်အနေ အထားနှင့် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အပြောင်းအလဲများတွင် အဓိကပါ ဝင်ရမည့် လူငယ်များ အတွက် ရည် ရွယ်၍ အသက်မွေးဝမ်းကျောင်း သင်တန်း များ စတင်ဖွင့်လှစ်ရန် ပက်(ပ)စီကုမ္ပဏီနှင့်ယူနက်စကို တို့ နားလည်မှုစာချွန်လွှာကိုရေးထိုးထား ကြောင်း ယူနက်စကိုညွှန် ကြားရေး မှူးချုပ် Irina Bokova ကပြော သည်။”လူငယ်တွေ လုပ်ငန်းခွင်မှာ လိုအပ်နေတဲ့ စွမ်းရည်တွေကို ဖြည့် ဆည်းပေးတာဟာ သူတို့ရဲ့ ဘဝရပ် တည်မှုနဲ့ အနာ ဂတ်ကို မြင့်တက်စေ မှာဖြစ်လို့ နိုင်ငံပြုပြင်ပြောင်းလဲရေး ရဲ့ အဓိကအချက်တစ်ခုပါပဲ”ဟုMs Bokova ၏ ထုတ်ပြန်ချက်တွင် ပါရှိ သည်။ပက်(ပ)စီကုမ္ပဏီနှင့် ယူနက် စကိုတို့ပူးပေါင်းဆောင်ရွက်မည့် အသက်မွေးဝမ်းကျောင်း အစီအစဉ် မှာ Sale, Marketing, Finance နှင့် Communication လုပ်ငန်းခွင် များ တွင် လုပ်ကိုင်လျက် ရှိသော မန် နေဂျာအဆင့်များကို အဓိက ဦး တည်ရည်ရွယ်သွားမည်ဟု သိရ သည်။ ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက် ရာတွင် ပက်(ပ)စီကုမ္ပဏီမှာ အဓိ ကအရေးပါပြီး မြန်မာလူငယ်များ၏ အကျိုးအတွက် ပူးပေါင်းလုပ်ဆောင် သွားမည်ဟု ဆိုသည်။ထို့အတူ ပက်(ပ)စီကုမ္ပဏီ၏ ဥက္ကဋ္ဌနှင့်အမှုဆောင် အရာရှိချုပ်ဖြစ် သူIndra Nooyi က သြဂုတ်လ ၉ ရက်တွင် ရန်ကုန်မြို့၌ ယူနက် စကိုညွှန်ကြားရေးမှူး ချုပ်နှင့် တွေ့ဆုံ ရာ၌ ”မြန်မာနိုင်ငံမှာ အသက်မွေး ဝမ်းကျောင်း သင်တန်းတွေစဖို့ ယူနက်စကိုနဲ့ ပူးပေါင်းဆောင် ရွက် ရတာ အရမ်းဂုဏ်ယူဖို့ကောင်းပါ တယ်”ဟု ပြောကြားခဲ့ သည်။
ကျော်ရဲလင်း
