မြန်မာနိုင်ငံ၏ ရေနံလုပ်ကွက်များတွင် ဥရောပကုမ္ပဏီများ ပါဝင်လျှောက်ထားမည်
အမေရိကန်က မြန်မာနိုင်ငံပေါ်ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုများ ဖြေလျော့ပေးပြီး ကတည်း က မြန်မာနိုင်ငံ သည် ပထမဆုံးအကြိမ်အဖြစ် ရေနံရှာဖွေရေးအတွက် လိုင်စင်ချထားပေးရန် စီစဉ် လျက် ရှိသည်။ ပြည်တွင်း ရေနံ ကုမ္ပဏီတစ်ခုဖြစ်သော Parami Energy မှ အကြီးအကဲ ဦးကံထွန်း၏ အဆိုအရ ဥရောပကုမ္ပဏီများ သည် သေချာပေါက် စိတ်ဝင်စားမည်ဖြစ်ပြီး ပါဝင်ကြလိမ့် မည်ဖြစ်ကြောင်း သိရသည်။ သို့သော် အမေရိကန် ကုမ္ပဏီများသည် စိတ်ဝင်စားသော်လည်း ဥရောပကုမ္ပဏီ များနည်းတူ ပါဝင်လိမ့်မည် ဟုမဆိုနိုင် ဘဲ နောက် ထပ်ပြုပြင်ပြောင်း လဲမှုများ စောင့်ကြည့်ဖွယ် ရှိနေသည်။
ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံ၏တင်ဒါခေါ်ယူမှုတွင် အနောက်နိုင်ငံမှ ကုမ္ပဏီတစ်ခုသာပါဝင်ခဲ့ရာ ဂျာမနီမှ Geopetrol ပါဝင်ခဲ့သည်။ ၎င်းသည် လုပ်ကွက်တစ်ခုကို လုပ်ကိုင်ခွင့်ရခဲ့ပြီး ကျန်လုပ်ကွက်များကို အာရှ ကုမ္ပဏီများမှ ရရှိခဲ့သည်။
ယခု ၂၀၁၂ တွင်မူ လုပ်ကွက်သစ် ၆ ခုနှင့် ယခင်နှစ်မှပြန်လာသော အကြမ်းဖျင်း(၁၀)ခု ပြန်လည် ပါဝင် မည်ဟု မျှော်လင့်ရသည်။
မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များသည် အာမခံရှိသော လက္ခဏာဖြစ်သော်လည်း၊ အချို့ အဖွဲ့အစည်းများတွင် အဂတိလိုက်စားမှု(Corruption)မှာ ကျယ်ကျယ်ပြန့်ပြန့် နေရာ ယူနေသောကြောင့်
မြန်မာနိုင်ငံသည် အဂတိလိုက်စားမှု အများဆုံး နိုင်ငံများစာရင်းတွင် ရှိနေသည်။ မြန်မာနိုင်ငံ၏ နာမည်ကြီးနိုင်ငံရေးသမား ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားကုမ္ပဏီများသည် အစိုးရပိုင်မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)အနေဖြင့် ၎င်း၏ စီးပွားရေးလုပ်ထုံး လုပ်နည်းများ တိုးတက်မှုမရှိမချင်း MOGE နှင့် ဖက်စပ်မလုပ်ကိုင်ရန် ပြောဆိုခဲ့သည်။ MOGE သည် ၎င်းတို့နှင့် အတူ ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ကွက်တိုင်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအား ပူးတွဲလုပ်ကိုင်ရမည်ဟု သတ်မှတ်ထားသည်။
အကယ်၍ အမေရိကန်အခြေစိုက်ကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် ဒေါ်လာ(၅)သိန်းနှင့်အထက် ရင်းနှီးမြှုပ်နှံမည်ဆိုပါက နှစ်စဉ်လူ့အခွင့်အရေး၊ လုပ်သားများ အခွင့်အရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စများပါဝင်သော နှစ်စဉ်အစီရင်ခံစာတင်ရန် လိုအပ်မည် ဖြစ်သည်။
(25 July 2012ရက်စွဲပါ Burma Campaign in Myanmar block auction ဆောင်းပါးကို ဘာသာပြန် ဆိုသည်)
Posted by Unknown
on 6:27 PM. Filed under
ဘာသာပြန်သတင်းများ
.
You can follow any responses to this entry through the RSS 2.0.
Feel free to leave a response