|

Android ဖုန်းများတွင် 3G Internet Setting ထည့်နည်း

Android ဖုန်းများတွင် အင်တာနက် setting ထည့်နည်းလေးတွေ ကို မိမိနဲ့ အဆင်ပြေမယ့် နည်းလေးတွေ ကို သိရှိစေဖို့ ဖော်ညွန်းပေးလိုက်တာပါ။ အင်တာနက်ပေါ်က တခြားဆိုဒ်များကနေ သင့်တော်မဲ့ အကြောင်းအရာလေးတွေကို ဖော်ပြပေးထားတာပါ။ အဆင်ပြေသလို အသုံးပြုနိုင်ပါတယ်။ 

GSM အမျိုးအစားများအတွက်

GSM ဖုန်းများ အင်တာနက်သုံးရန် Setting ချိန်နည်း ( Android )
  1. ပထမဦးစွာ Setting ထဲကိုဝင်ပါ
  2. Wireless & networks ထဲဝင်ပါ
  3. Mobile networks ထဲကိုဝင်ပါ
  4. Access Point Names ကိုဝင်ပါ
  5. Menu Key ( မျဉ်းကြေင်းသုံးကြောင်းထပ်) ကိုနှိပ်ပြီး New APN ကိုနှိပ်ပါ
  6. အောက်ပါအတိုင်းလိုက်ဖြည့်ပါ

  • Name – မိမိနှစ်သက်ရာ ( ကြိုက်တဲ့နာမည်ပေးလို့ရတယ် )
  • APN – mptnet
  • Proxy – ဘာမှမထည့်ပါ
  • Port – ဘာမှမထည့်ပါ
  • username – mptnet
  • Password – 0000
  • Server – ဘာမှမထည့်ပါ
  • MMSC – ဘာမှမထည့်ပါ
  • MMS Proxy – ဘာမှမထည့်ပါ
  • MMS Port -ဘာမှမထည့်ပါ
  • MMC – 414 လို့ပေါ်နေရပါမယ်
  • MNC – 01 လို့ပေါ်နေရပါမယ်
  • Authentication Type – PAP or CHAP
  • APN type – * ( * ဒါလေးပဲရေးလိုက်ပါ )
  • APN Protocol = IPv4 ကိုရွေးပါ
ဒါတွေအားလုံးပြီးသွားရင် menu key ကိုနှိပ်ပြီး Save (or) Done ကိုနှိပ်ပါ
နောက်တစ်ဆင့်က
၁ – setting ကိုဝင်
၂ – Wireless & Networks ထဲကိုဝင်
၃ – Mobile Network ထဲကိုဝင်
၎ – Data Enable ကို အမှန်ချက်လိုက်ပါ

ဒါဆိုရင် သင့်ဖုန်းရဲ့ Notification Bar ( အပေါ်ဘက် လိုင်းအားပြသောနေရာ နံဘေး) တွင် အပေါ်တက်
 အောက် ဆင်း မြှားလေးတစ်ခုပေါ်လာပါ့မယ် အင်တာနက်စသုံးလို့ရပါပြီ။
မပေါ်လာပါက ဖုန်းကို ပါဝါ ပိတ်ပြီးပြန်ဖွင့်ပါ ….
အဆင်ပြေကြပါစေ

Posted by Unknown on 5:11 PM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response