|

CDMA 800 MHz ဖုန်းပေါ်မှ ဟန်းဆက်ပေါ်မှ တိုက်ရိုက် အင်တာနက်သုံးပါက Virus ဝင်နိုင်

CDMA 800 MHz ဖုန်းပေါ်မှ ဟန်းဆက်ပေါ်မှ တိုက်ရိုက် အင်တာနက်သုံးပါက Virus ဝင်နိုင်

CDMA 800 MHz ဖုန်းပေါ်မှ ဟန်းဆက်ပေါ်မှ တိုက်ရိုက်အင်တာနက် သုံးပါက ဗိုင်းရပ်စ် ၀င်နိုင်သော်လည်း ဖုန်း၏ OS စနစ်အား ထိခိုက်နိုင်လောက်သော် ဗိုင်းရပ်စ် အမျိုးအစားကို လတ်တလော မတွေ့ ရသေးဟု သိရသည်။

ဟန်းဆက်ပေါ်မှ တိုက်ရိုက်အင်တာနက် သုံးနိုင်သော ဖုန်းများမှာ Huawei C5900, C5800, C8600 Android OS သုံး ဟန်းဆက်များဖြစ်ပြီး ယင်းဖုန်းများအတွင်းသို့  အွန်လိုင်းမှ တဆင့် ဗိုင်းရပ်စ် ၀င်ရောက် ပါက ဖုန်း၏ မှတ်ဥာဏ်ကတ် (memory card)များထဲသို့ သာ ၀င်ရောက်လေ့ ရှိသည်ဟု သိရသည်။

လောလောဆယိမှာတော့ ဖုန်းရဲ့ OS ကို တိုက်ခိုက်နိုင်သော ဗိုင်းရပ်စ်မျိုး မရှိသေးပဲ သာမာန် ကွန်ပျူတာ ဗိုင်းရပ်စ်မျိုးလောက်သာ အွန်လိုင်းသုံးရင်း ဖုန်းရဲ့ memory card ကို ကွန်ပျူတာထဲ ထည့်ရင်းကပဲ ဗိုင်းရပ်စ် ကူးနိုင်ပါသေးတယ်။ အင်တာနက်ကနေ Download ဆွဲရင်း memory card ထဲ ဗိုင်းရပ်စ် ၀င်ရင်တော့ ဓာတ်ပုံတွေ၊ E-book တွေ သီချင်းဖိုင်တွေ ဗွီဒီယိုဖိုင်တွေကိုပဲ အဓိက ဖျက်တတ်ပါတယ်။

ဗိုင်းရပ်စ် အကိုက်ခံရလျှင်လည်း ကွန်ပျူတာထဲ ထည့်ပြီး Antivirus တွေနဲ့  စစ်လိုက်ရင် ရပါတယ်။ ဖုန်းထဲ ဗိုင်းရပ်စ် အ၀င်မခံရအောင်တော့ Android OS တွေနဲ့  တွဲသုံးနိုင်တဲ့ လိုင်စင်နဲ့  Antivirusတွေ ထည့်ထား သင့်ပါတယ်တဲ့။

Posted by Unknown on 5:21 PM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response