ပြင်းအား ၈.၈ သည် ဂျပန်နိုင်ငံ၏ မှတ်တမ်းဝင် ငလျင်ကြီးများတွင် အင်အား အပြင်ထန်ဆုံးဖြစ်
ပြင်းအား ၈.၈ သည် ဂျပန်နိုင်ငံ၏ မှတ်တမ်းဝင် ငလျင်ကြီးများတွင် အင်အား အပြင်ထန်ဆုံးဖြစ်
ပြင်းအား ၈.၈ ရှိသော အင်အား အလွန်ပြင်းထန်သည့် ငလျင်ကြီး ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းကို ၂၀၁၁ မတ်လ ၁၁ ရက်နေ့ နေ့လည်ပိုင်းက လှုပ်ခတ်သွားရာ မှတ်တမ်းတင် တွေ့ရှိရသမျှ ငလျင်များတွင် အင်အား အပြင်ထန်ဆုံး ဖြစ်ကြောင်း ဂျပန်မိုးလေဝသ အေဂျင်စီက ပြောကြားကြောင်း ကျိုဒို သတင်းဌာနက ဖေါ်ပြခဲ့ သည်။
မတ်လ ၁၁ ရက်နေ့ နေလည် ဂျပန်စံတော်ချိန် ၂နာရီ ၄၆ မိနစ်တွင် လှုပ်ခတ်သော အဆိုပါ ငလျင်သည် ယခင်က စံချိန်တင် ငလျင်ကြီးများ အဖြစ် မှတ်တမ်းဝင်ခဲ့သော ပြင်းအား ၇.၉ ရှိသည့် ၁၉၂၃ ခုနှစ်က တိုကျို မြို့တော်ရှိ ကန်တိုကို ဗဟိုပြု လှုပ်ခတ်ခဲ့သော ကန်တို ငလျင်ကြီး (Great Kanto Earthquake) နှင့် ပြင်း အား ၇.၃ ရှိသော ၁၉၉၅ ခုနှစ်က ကိုဘေးမြို့ကို အလုံးစုံ ပျက်စီးစေခဲ့သော ဟန်ရှင် ငလျင်ကြီး (Great Hanshin Earthquake) တို့၏ စံချိန်အား ကျော်ဖြတ်သွားပြီး ဖြစ်ကြောင်း အစိုးရဌာနက ပြောကြားခဲ့သည်။














၁၉၉၅ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ကိုဘေးငလျင်ကြီးကြောင့် လူပေါင်း ၆၄၃၄ ဦး သေဆုံးစေခဲ့ပြီး ၄၄၀၀၀ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ အိမ်ခြေပေါင်း ၁၀၅၀၀၀ကျော် ပျက်စီးပြီး အခြား အရာဝထ္ထုများ ၅၃၅၀၀၀ ကျော် ပျက်စီးခဲ့သည်။
၁၉၂၃ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့က တိုကျိုမြို့တော်ရှိ ကန်တိုကို ဗဟိုပြုလှုတ်ခတ်သော ကန်တို ငလျင်ကြီးကြောင့် လူပေါင်း ၉၁၀၀၀ ကျော်သေဆုံးပြီး ၁၃၀၀၀ ကျော်ပျောက်ဆုံးခဲ့ကြောင့် ကျိုဒို သတင်း ဌာနက ဖော်ပြခဲ့သည်။
သို့သော် ယခုလှုပ်ခတ်ခဲ့သော ပြင်းအား ၈.၈ ရှိသည့် အင်အားအပြင်းထန်ဆုံး ငလျင်ကြီးအတွက် ပျက်စီး ဆုံးရှုံးမှုများအား အတိအကျ မသိရှိရသေးကြောင်း သိရသည်။
