ATM ငွေထုတ်ကတ် စနစ် အသုံးပြု နိုင်ရန် ပုဂ္ဂလိက ဘဏ်များ ကြိုတင် ပြင်ဆင် ထားသင့်
ATM ငွေထုတ်ကတ် စနစ် အသုံးပြု နိုင်ရန် ပုဂ္ဂလိက ဘဏ်များ ကြိုတင် ပြင်ဆင် ထားသင့်

ပြည်တွင်း ရှိ ပုဂ္ဂလိက ဘဏ် များအား ဗဟိုဘဏ် မှ ATM Auto Teller Machine စက်များ အသုံးပြု ရန် ခွင့်ပြုချိန် တွင် အသုံးပြု နိုင်ရန် ပုဂ္ဂလိက ဘဏ်များ အနေဖြင့် လုပ် ငန်း ဆောင်တာ အဆင့် များကို ကြို တင် ပြင်ဆင် ထားရန် လိုအပ်ကြောင်း ဘဏ်လုပ်ငန်း ကျွမ်းကျင်သူ တစ်ဦး က ပြောကြားသည်။
ဗဟိုဘဏ် ကနေ ATM စက် တွေကို အသုံးပြု ခွင့် ပေးလိုက်ပြီ ဆို ရင် ဒီစနစ် ကို အသုံးပြု နိုင်ဖို့ ပုဂ္ဂလိ က ဘဏ်တွေ ကြိုတင်ပြင်ဆင် ထားသင့် တယ်။ စမ်းသက်တဲ့ ပထမ အဆင့် အနေနဲ့ Starealone လို့ခေါ်တဲ့ ဘဏ်မှာ ရှိတဲ့ Account ကို Acount Holder သုံးနိုင်ဖို့ အရင် ထုပ် ရမယ်။ ဥပမာ ဒီ ATM စက်ကို ကမ္ဘောဇ ဘဏ်ခွဲ အောက်မှာ ထား တယ် ဆိုရင် အဲဒီ ဘဏ်ခွဲမှာ စာရင်း ရှိတဲ့ သူပဲ ထုတ်နိုင် မယ်။ ဒုတိယ အဆင့် အနေနဲ့ ဆိုရင် ဒီ ATM ကတ် ကို ကိုင်ထားတဲ့ သူက ဘဏ်ခွဲ တိုင်း မှာ သုံးနိုင်အောင် လုပ်ရမယ်” ဟုဆိုသည်။
